Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မည်သည့်အရာသည် သန့်ရှင်းခြင်းဖြစ်သနည်း။

    သန့်ရှင်းခြင်းဆိုင်ရာမှားယွင်းသောသီအိုရီများသည် ပညတ် တော်ကို ငြင်းပယ်ခြင်း၊ လျစ်လျူရှုခြင်းများကြောင့် ပေါ်ထွန်းလာပါ သည်။ ယုံကြည်ချက်များတွင်မှားယွင်း၍ လက်တွေ့ရလဒ်များတွင် အန္တရာယ် များလှသော ဤသီအိုရီများသည် များသောအားဖြင့်မျက် နှာပန်းပွင့်ကြသည်။GCBur 503.4

    “ဘုရားသခင်၏အလိုတော်မူကား၊ သင်တို့သည်------သန့်ရှင်းခြင်း” ရှိဖို့ဖြစ်ကြောင်း ရှင်ပေါလုကသွန်သင်ပါသည်။ ၁သက်၊ ၄:၃။ သန့်ရှင်းခြင်းသည် မည်သည့်အရာဖြစ်သည်ဆိုသည့် အချက် နှင့်မည်သို့ရယူ ပိုင်ဆိုင်နိုင်ကြောင်းကို သမ္မာကျမ်းစာက ရှင်းလင်းစွာ သွန်သင်ထားပါသည်။ “ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။” ယောဟန် ၁၇:၁၇။ ယုံကြည်သူများသည် “သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန့်ရှင်း စေပါသည်” ဟု ရှင် ပေါလုကလည်းဖွင့်ဆိုထားပါသည်။ ရောမ ၁၅:၁၆။GCBur 504.1

    မည်သည့်အရာသည် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ် ဖြစ်သနည်း။ “သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့သွန် သင်ပြသ လိမ့်မည်” (ယောဟန် ၁၆:၁၃) ဟု ခရစ်တော်ကိုယ်တော် တိုင်လည်း မိန့်ဆို တော်မူခဲ့သည်။ ဆာလံဆရာက “ကိုယ်တော်၏ ပညတ်တော်သည် သမ္မာတရား ဖြစ်၏” ဟု ဖွင့်ဟခဲ့ပါသည်။ GCBur 504.2

    ဘုရားသခင်၏ပညတ်တော်သည် “သန့်ရှင်းခြင်း၊ ဖြောင့် မတ်ခြင်း၊ ကောင်းမြတ်ခြင်း” တို့နှင့်ပြည့်စုံသည် ဖြစ်ရာ ထိုပညတ် တော်ကို စောင့်ရှောက်ခြင်းအားဖြင့် တည်ဆောက်သော စာရိတ္တ သည်လည်း သန့်ရှင်းခြင်းနှင့်ပြည့်စုံပါမည်။ ခရစ်တော်သည် ထိုကဲ့ သိုသော စာရိတ္တအတွက် စုံလင်သောနမူနာတစ်ခုဖြစ်သည်။GCBur 504.3

    “ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကိုစောင့်ရှောက်၏။” “ငါ့ကို စေလွှတ်တော်မူသောသူ---နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ် ငါပြုသည်” ဟု ခရစ်တော်မိန်တော်မူခဲ့သည်။ ယောဟန် ၁၅:၁၀။ ၈:၂၉။ ခရစ်တော်၏နောက်လိုက်များသည် ပညတ်တော်၏အလို နှင့်ကိုက်ညီသည့် စာရိတ္တကို ကျေးဇူးတော်အားဖြင့်ဖွဲ့စည်းကာ ကိုယ် တော်ရှင်နှင့်အတူ လာကြရပါမည်။GCBur 505.1