Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နေမိုက်၍လကြတ်ခြင်း

    လစ္စဘွန်းမြေငလျင်လှုပ်ပြီးသည့်နောက် (၂၅) နှစ်အကြာတွင် အနာဂတ္တိစကားကိုပြည့်စုံစေမည့် နေမိုက်ခြင်း၊ လကြတ်ခြင်းတို့ ဖြစ် ပျက်ခဲ့ပါသည်။ ထိုအနာဂတ္တိစကားပြည့်စုံရမည့်အချိန်ကိုလည်း သံလွင်တောင်ပေါ်တွင် တပည့်တော်များနှင့် စကားလက်ဆုံကျနေစဉ် ခရစ်တော်က “ထိုကာလ၏ဒုက္ခဆင်းရဲခြင်းနောက်မှ နေသည် မိုက် လိမ့်မည်။ လသည်အရောင်မပေး” ဟူ၍ အတိအကျမိန့်ဆိုတော် မူခဲ့သည်။ မာကု ၁၃:၂၄။ GCBur 321.1

    နှစ်ပေါင်း ၁၂၆၀ သည် ၁၇၉၈ ခုနှစ်တွင် အဆုံးသတ်ခဲ့ ပါသည်။ ထိုကာလထက် (၂၅) နှစ်လောက်စော၍ နှိပ်စက်ညှဉ်းပန်း ခြင်းသည် လုံးလုံးနီးပါးအဆုံးသတ် ခဲ့ပြီးဖြစ်သည်။ ဤနှိပ်စက်ညှဉ်း ပန်းခြင်းပြီးသည်နောက် ၁၇၈၀ ခုနှစ်၊ မေလ ၁၉ ရက်တွင် နေမိုက် ခဲ့ရာ ဤအနာဂတ္တိစကားသည် ပြည့်စုံခဲ့ပါသည်။GCBur 321.2

    မက်ဆက်ကျူးဆက်မှ မျက်မြင်သက်သေတစ်ဦးက “တိမ် မည်းကြီး တစ်ခုဟာ ကောင်းကင်ပြင်တစ်ခုလုံးကို ဖုံးအုပ်လိုက်တာ မိုးကုပ်စက်ဝိုင်းဆီက အလင်းတန်းသေးသေးလေးပဲ ထွက်နိုင်တော့ တယ်။ မှောင်လိုက်တာကတော့ နွေရာသီ၊ ညကိုးနာရီအချိန်ကျနေ တာပဲ” ဟု ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ ပြောသွားပါသည်။GCBur 321.3

    “လူတွေရဲ့စိတ်ထဲမှာ ကြောက်စိတ်၊ စိုးရိမ်စိတ်၊ ထိတ်လန့် စိတ်တွေနဲ့ ပြည့်နေတယ်။ အမျိုးသမီးတွေက အမှောင်ထုလွှမ်းမိုးနေတဲ့ အိမ်အပြင်ကို လှမ်းကြည့်နေကြတယ်။ အမျိုးသားတွေကလည်း လယ် တောတွေကနေ အလုပ်သိမ်းပြီးပြန်လာကြတယ်။ လယ်သမား တွေက ထွန်ထယ်တွေကိုချန်ထားပြီးပြန်လာကြသလို ပန်းပဲဆရာ တွေကလည်း ပန်းပဲဖိုကိုစွန့်ပစ်ထားခဲ့ကြသည်။ အရောင်းအဝယ် သမားတွေကလည်း ဆင်းပေးလိုက်တော့ ကျောင်းသားတွေဟာ ကြောက်အားလန့်အားနဲ့ မိမိတို့ရဲ့ အိမ်ဘက်ဆီကိုပြေးကြတော့တယ်။ ခရီးသည်တွေဟာလည်း နီးရာအိမ်တွေမှာ ဝင်ပြီးတည်းကြရင်း “ဘယ် လိုဖြစ်ကုန်ပြီလဲ” ဟု စပ်စုကြတယ်။ ထိုအခြေအနေဟာ လေမုန် တိုင်းကြီးတစ်ပြည်လုံးမှာကျတော့မယောင် ဖြစ်နေတယ်။ အရာခပ် သိမ်းဟာ ဆုံးခန်းတိုင်တော့မည့်ပုံမျိုးလည်း ပေါ်နေတယ်။”GCBur 321.4

    “ဖယောင်းတိုင်တွေကိုထွန်းပြီး မီးလင်းဖိုတွေဟာလည်း ဆောင်းဦး ကာလရဲ့ လမိုက်တဲ့ညမှာလိုပဲ လင်းနေတာပဲ။ ကြက်တွေ လည်း အိပ်တန်း တက်ကုန်ကြပြီး နွားများလည်း စားကျက်မှ နွားခြံ သို့ပြန်လာခဲ့ကြသည်။ ဖားကလေးများအော်မြည်ကြသလို ငှက်ကလေး တွေလည်း ညနေချမ်း သီချင်းသီဆိုနေကြတယ်။ လင်းနို့များဟာ ဟို ဟိုဒီဒီပျံဝဲနေကြသော်လည်း လူသားများကတော့ ညအချိန်မရောက် သေးမှန်း သိထားကြပါတယ်။”GCBur 322.1

    “နေရာအတော်များများတွင် လူများစုရုံးနေကြပါတယ်။ ထိုအမှောင်ထုကြီး ကျရောက်ခြင်းဟာ အနာဂတ္တိစကားများနဲ့ ကိုက် ညီကြောင်း ဖေါ်ပြထားတဲ့ ကောက်ကာငင်ကာဟောရတဲ့ တရား ဟောချက်များအတွက် ကျမ်းချက်များကိုဖတ်၍ တရားဟောကြ တယ်။ မနက် (၁၁) နာရီထိုးပြီးခါစ လေးမှာ အမှောင်ဆုံးပဲ။”GCBur 322.2

    “ကျွန်တော်တို့နိုင်ငံရဲ့ နေရာတော်တော်များများမှာ အချိန် နာရီအားဖြင့် နေ့အချိန်ဖြစ်လင့်ကစား ဖယောင်းတိုင်မထွန်းဘဲ ဘာ မှလုပ်လို့မရဘူး” ဟု ထိုသူကဆက်လက်သက်သေခံခဲ့ပါသည်။GCBur 322.3