Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သိုးသငယ်၏ချိုကလေးရှိသောသားရဲကြီး

    သိုးသငယ်၏ချိုနှင့်တူသော ချိုကလေးနှစ်ချောင်းရှိသော သားရဲသည် ကျားသစ်နှင့်တူသောသားရဲနှင့် ပုံဆောင်ထားသော ရော မအသင်းတော် ဂိုဏ်းချုပ်ကြီးအား မြေကြီးသားအပေါင်းတို့ ကိုးကွယ် စေအောင် လုပ်ဆောင်လိမ့်မည်ဟု ဗျာဒိတ် ၁၃ တွင် ဖော်ပြထား သည့်အနာဂတ္တိစကားတွင် ဖွင့်ဆိုထားပါသည်။ GCBur 629.1

    သိုးချိုကလေးနှင့်ပြီးသော ထိုသားရဲသည် “သားရဲ၏ရုပ်တု” ကိုထုလုပ်ကြရန် ပြောရုံသာမက “ငွေရတတ်သောသူ၊ ဆင်းရဲသော သူ၊ ကျွန်ခံရသောသူ၊ လွတ်သောသူ အကြီးအငယ်” ရှိသမျှတတို့အား သားရဲ၏ တံဆိပ်လက်မှတ်ကိုခံယူကြ ရန်လည်းပြောလိမ့်မည်။ (ဗျာ ၁၃:၁၁-၁၆)။ သိုးချိုကလေးရှိသော ထိုသားရဲသည် အမေရိကန်ပြည် ထောင်စုကို ပုံဆောင်ပါသည်။ GCBur 629.2

    ပထမနေ့ကို ဥပုသ်နေ့အဖြစ် ဥပဒေပြုကာ အတင်းအကျပ် စောင့်ရှောက်စေသည့်အခါတွင် ဤအနာဂတ္တိစကားပြည့်စုံခြင်းသို့ ရောက်လာပါလိမ့်မည်။ ပထမနေ့ဥပုသ်ကို စောင့်ရှောက်ခြင်းသည် ၎င်း တို့၏တန်ခိုးအာဏာကြီးထွားမှုကို အသိအမှတ် ပြုရာရောက်သည် ဟုရောမအသင်းတော်က ဖွင့်ဆိုထားပါသည်။GCBur 629.3

    “သားရဲ၏ခေါင်းတစ်လုံးသည် သေအောင်ကွပ်မျက်ပြီးသ ကဲ့သို့ဖြစ်၍ သေစေသောဒဏ်ချက်သည် ပျောက်လျက်ရှိ၏။ မြေ ကြီးသားအပေါင်းတို့သည် သားရဲနောက်သို့လိုက်၍ အံ့ဩကြ၏။” ဗျာဒိတ် ၁၃:၃။ ထိုသေလောက်သည် ဆိုသောဒဏ်ရာသည် ၁၇၉၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရောမဂိုဏ်းချုပ်ကြီး၏ ကျဆုံးခန်းကို ပြညွှန် ပါသည်။ GCBur 630.1

    ထို့နောက် “သေစေသောဒဏ်ချက်သည် ပျောက်လျက်ရှိ ၏။ မြေကြီးသားအပေါင်းတို့သည် သားရဲနောက်သို့လိုက်၍ အံ့ဩ ကြ၏” ဟု ပုရောဖက်ကဖွင့်ဆိုထားပါသည်။ ထို “ဒုစရိုက်လူ” သည် ကမ္ဘာဆုံးတိုင်အောင် မိမိ၏လှည့်ဖြားခြင်းအမှုကို ဆက်လက်ဆောင် ရွက် သွားလိမ့်မည်ဟု ရှင်ပေါလုက ၂သက်၊ ၂:၃-၈ တွင် ဖော်ပြထား ပါသည်။ သို့ရာတွင် “ကွပ်မျက်သောသိုးသငယ်၏ အသက်စာ စောင်၌ကမ္ဘာဦးကပင် စာရင်းမဝင်သောမြေကြီးသား အပေါင်းတို့ သည်သားရဲကိုကိုးကွယ်ကြ၏။” ဗျာဒိတ် ၁၃:၈။ ရောမဂိုဏ်းချုပ် ကြီးသည် ပထမနေ့ကို ဂုဏ်ပြုသောသူများ၏ ကိုးကွယ်မှုကို ခေတ်အ ဆက်ဆက်တွင်ရရှိလိမ့်မည်။GCBur 630.2

    ၁၉ ရာစုအလယ်ပိုင်းမှစ၍ အနာဂတ္တိကျမ်းများကို လေ့လာ သူများက ဤသက်သေခံချက်ကို ကမ္ဘာအားဖွင့်ဆိုလာခဲ့ကြပါသည်။ ယခုတွင်မူ ထို အနာဂတ္တိစကားပြည့်စုံရန် အလွန်နီးကပ်နေချေပြီ။ ပထမနေ့ဥပုသ်စောင့် ခြင်းသည် ဘုရားသခင်၏ အမိန့်တော်အရဖြစ် သည်ဟု ပရိုတက်စတင့်ဆရာ များက ဖွင့်ဟနေသလို ထိုအမိန့်တော် နှင့်စပ်လျဉ်းသည့် ကျမ်းစာအထောက် အထားကို ရောမဆရာများ မပြနိုင်ခဲ့သကဲ့သို့ ပရိုတက်စတင့်များလည်း တင်ပြ နိုင်ခြင်းမရှိကြ ချေ။ ပထမနေ့တွင် ဥပုသ်မစောင့်သူများအပေါ်သို့ ပြစ်ဒဏ်စီရင်မှု ကျရောက်လိမ့်မည်ဟူသောဖွင့်ဆိုချက်ကို တစ်ဖန်ဖွင့်ဆိုလိမ့်ဦးမည် ဖြစ်သည်။ အစပြု၍ပင် ဖွင့်ဆိုနေကြပြီလည်းဖြစ်သည်။GCBur 630.3

    ရောမအသင်းတော်သည် အံ့ဩစရာကောင်းလောက်အောင် လိမ္မာပါးနပ်ပါသည်။ ပရိုတက်စတင့်အသင်းတော်သည် မှားယွင်း သောထိုဥပုသ်ကိုစောင့်ခြင်းအားဖြင့် မိမိတို့ကို အရိုအသေပေးလိမ့် မည်ကို လည်းကောင်း၊ ထိုအသင်းတော်သည် အတိတ်အချိန်က မိမိ တို့အသုံးပြုခဲ့သည့် နည်းများကိုအသုံးပြုကာ ပထမနေ့ဥပုသ်စောင့် ခြင်းအတွက် ဖိအားပေးရန် ပြင်ဆင်နေလိမ့်မည်ကိုလည်းကောင်း ရောမအသင်းတော်က သိထားပြီး ဖြစ်သည်။ ရောမအသင်းတော်သည် ထိုလုပ်ငန်းအတွက် ပရိုတက်စတင့်များ အား အကူအညီပေးရန် အ ဆင်သင့်ဖြစ်နေပြီဆိုသည့်အချက်ကို မှန်းဆရန်မှာ အခက်အခဲရှိ လိမ့်မည်မဟုတ်ချေ။GCBur 631.1

    ရောမအသင်းတော်သည် ဂိုဏ်းချုပ်ကြီးနှင့်တကွ အသင်း တော်ကော်မတီ၏ထိန်းချုပ်မှုအောက်တွင် အလွန်ကြီးကျယ်သောအဖွဲ့ အစည်း တစ်ခုကို ဖွဲ့စည်းထားပါသည်။ သန်းပေါင်းများစွာသော ထို အဖွဲ့ဝင်များသည် အစိုးရအသီးသီးအောက်တွင် နေထိုင်သည့် လူမျိုး အသီးသီးဖြစ်သော်လည်း ရောမဂိုဏ်းချုပ်ကြီးကို တညီတညွတ်တည်း သစ္စာစောင့်သိကြပါသည်။ သက်ဆိုင်ရာတိုင်းပြည်အစိုးရများအပေါ် သစ္စာရှိပါမည်ဟု ကတိသစ္စာ ပြုကောင်းပြုကြမည်ဖြစ်သော်လည်း ထိုလိမ်ညာမှုနောက်ကွယ်တွင် ဂိုဏ်းချုပ် ကြီးအား သစ္စာခံရန် ကတိ ပြုထားကြပါသည်။GCBur 631.2

    ထိုအသင်းတော်သည် တိုင်းရေးပြည်ရာကိစ္စများတွင် မိမိ ကိုယ်ကို အယုံသွင်းချဉ်းကပ်နိုင်ရန် နည်းမျိုးစုံဖြင့် မရမနေကြိုးစားကာ ခြေကုတ်ရသောအခါ တိုင်းပြည်လူထုနှင့် မင်းစိုးရာဇာများ ပျက်သုဉ်း သွားသည်အထိ မိမိ၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော်တတ် ကြောင်း သမိုင်းအထောက်အထားများက ဖော်ပြနေပါသည်။GCBur 631.3

    မိမိတို့သည် မည်သည့်အချိန်ကမှ ပြောင်းလဲမှုမရှိခဲ့ကြောင်း ရောမအသင်းတော်က ကြွားဝါနေပါသည်။ ပရိုတက်စတင့်များသည် ပထမနေ့ကိုမြှောက်စားခြင်းအလုပ်တွင် ရောမ၏အကူအညီကို လက် ခံနေသော အချိန်၌ မိမိတို့မည်သည့်အရာလုပ်နေသည်ကိုပင် သူတို့ မသိခဲ့ပါချေ။ GCBur 632.1

    ပရိုတက်စတင့်များက မိမိတို့၏အကြံအစည်ကို အကောင် အထည်ဖော်ရန် သန္နိဋ္ဌာန်ချနေကြစဉ်မှာပင် ရောမအသင်းတော် သည်မိမိတို့လက်လွှတ် ဆုံးရှုံးခဲ့ရသည့်အကြီးအကဲတန်ခိုးအာဏာ များကို ပြန်လည်တည်ဆောက်ရန် ကြံရွယ်နေပါသည်။ နိုင်ငံတော် အာဏာကို အသင်းတော်က ထိန်းချုပ်နိုင်စေမည့် အခြေခံစည်းမျဉ်း တစ်ခုကို တည်ဆောက်ခွင့်သာပေးလိုက်ပါ။ အသင်းတော်သည် အစိုး ရဥပဒေများကိုအသုံးပြုကာ ဘာသာရေးကိစ္စများကို အတင်းအကျပ် ခိုင်းစေကြပေလိမ့်မည်။ အချိန်တိုအတွင်းမှာပင် ဘာသာရေးနှင့် နိုင်ငံရေးပူးတွဲအာဏာသည် လူတို့၏ဩတ္တပ္ပစိတ်ကို ချုပ်ကိုင်ကြ လိမ့်မည်။ ထိုသို့ဖြစ်လာလျှင် ရောမအသင်းတော်သည် သေချာပေါက် အောင်ပွဲခံတော့မည် ဖြစ်သည်။GCBur 632.2

    ၎င်းတို့၏ကျော့ကွင်းမှလွတ်မြောက်ရန် မဖြစ်နိုင်တော့သည့် အချိန်ကျမှ ပရိုတက်စတင့်များသည် ရောမအသင်းတော်၏ အကြံ အစည်များကို လေ့လာသိရှိကြလိမ့်မည်။ ရောမအသင်းတော်သည် မသိမသာ တန်ခိုးအာဏာကြီးထွားလာလိမ့်မည်။ ၎င်း၏ယုံကြည်ချက် များသည် ဥပဒေပြု ရုံးခန်းများတွင်လည်းကောင်း၊ အသင်းတော် များတွင်လည်းကောင်း၊ လူသားများ၏စိတ်နှလုံးများတွင်လည်းကောင်း နေရာယူလွှမ်းမိုးနေကြလိမ့်မည်။ သူမသည် ထိုးနှိပ်ရန် အချိန်ကျလာ သောအခါတွင် မိမိတို့၏ဦးတည်ချက်အတိုင်း ဆက်လက်လုပ်ဆောင် ကြရန် မိမိ၏ အင်အားစုများအား အားပေးလိမ့်မည်။ လက်ဦးမှုကို ရယူရန်မှာ သူမ၏အဓက အလိုဆန္ဒဖြစ်သည်။ ဘုရားသခင်၏ နှုတ် တော်ထွက်စကားများကို ယုံကြည် လိုက်လျှောက်နေသူများသည် နှိပ် စက်ညှဉ်းပန်းခြင်းများနှင့် ရင်ဆိုင်ကြရလိမ့်မည်။GCBur 632.3

    *****