Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အပြစ်တရား၏ပြစ်ဒဏ်စီရင်ခြင်းကိုနားလည်ခြင်း

    ဘုရားသခင်နှင့် သင့်မြတ်စေရန် ပထမလုပ်ဆောင်ရမည့် အရာမှာ အပြစ်တရား၏ပြစ်ဒဏ်စီရင်ခြင်းနားလည်ရန်ဖြစ်သည်။ “ဒုစရိုက်သည်ကား ပညတ်တော်ကိုလွန်ကျူးခြင်း” ဖြစ်၏။ ၁ယော၊ ၃:၄။ “ပညတ်တရားသည် ဒုစရိုက်အပြစ်ကိုထင်ရှားစေသည်။” ရောမ ၃:၂၀။ အပြစ်သားတစ်ဦးသည် မိမိ၏ ဒုစရိုက်မှုများကို မြင် တွေ့နိုင်ရန်အလို့ငှာ မိမိတို့၏ ချို့ယွင်းချက်များကို သိရှိစေသည်ကို စုံလင်ဖြောင့်မတ်သောစာရိတ္တတော်ကို ညွှန်ပြလျက်ရှိသော ပညတ် တော်ကို စံထားကာ မိမိ၏အသက်တာနှင့် နှိုင်းယှဉ်စစ်ဆေးရမည်။GCBur 501.2

    ထိုပညတ်တော်သည် လူတို့အား ၎င်းတို့ကျူးလွန်နေသည့် အပြစ်များကိုသာ ဖေါ်ပြနိုင်ပြီး ထိုအပြစ်မှလွတ်ကင်းသွားအောင် ကုစားနိုင်စွမ်းမရှိပါ။ သေခြင်းသည် ပညတ်တော်လွန်ကျူးသူများ ရ ယူရမည့် ဝေစုဖြစ်ကြောင်း ပညတ်တော်က ဖွင့်ဆိုပါသည်။ ခရစ်တော် ၏ ဝမ်းမြောက်ဖွယ် ဧဝံဂေလိတရားတော်ကသာ အပြစ်၏စီရင်ချက်မှ ထိုအပြစ်သားကို လွတ်မြောက်စေနိုင်ပါသည်။ ထိုသူသည် မိမိချိုး ဖေါက်သည့် ပညတ်တော်ကိုပြဌာန်းသည့် ထာဝရဘုရားထံတွင် နောင် တရရမည်။ GCBur 502.1

    ၎င်းပြင် ခရစ်တော်၏အပြစ်ဖြေရာအသေခံခြင်းကို ယုံ ကြည်လက်ခံရမည်။ သို့မှသာ ထိုသူသည် “လွန်ခဲ့ပြီးသော ဒုစရိုက် အပြစ်များကို မှတ်တော်မူခြင်းမခံရ တော့ဘဲ” ဘုရားသခင်၏ သား သမီးတစ်ဦးဖြစ်လာပါမည်။GCBur 502.2

    သူသည် ယခုတွင် ဘုရား၏ပညတ်တော်ကို ကြိုက်သလို ချိုးဖေါက်နိုင် ပြီလား။ “သို့ဖြစ်လျှင် ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၍သာ တည်စေကြ ၏။” GCBur 502.3

    “အပြစ်တရား၌ စုတေ့သောသူတို့သည် ထိုတရား၌ အဘယ် သို့ရှင်းရဦးမည်နည်း။” ရောမ ၃:၃၁။ ၆:၂။ “ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ် တော်တို့ကို စောင့်ခဲသည်မဟုတ်။” ၁ယော၊ ၅:၃။ ဒုတိယမွေးဖွားခြင်း ကိုခံရပြီးသောသူများသည် ဘုရားသခင်နှင့် အဆင်ပြေရုံ သာမက ပညတ်တော်နှင့် ကိုက်ညီသောအသက်တာတွင် အသက်ရှင်နေထိုင် ကြသည်။ ထိုအပြစ်သား၌ ထိုပြောင်းလဲမှုရှိလာသောအချိန်တွင် ထို သူသည် သေခြင်းမှ အသက်ရှင်ခြင်းသို့လည်းကောင်း၊ ပညတ်တော် လွန်ကျူးကာ ပုန်ကန်သည့် အခြေအနေမှ နားထောင်လိုက်လျှောက်၍ သစ္စာရှိသောအခြေအနေသို့လည်းကောင်း ကူးပြောင်းသွားပါသည်။ အသက်တာဟောင်းသည် အဆုံးသတ်သွားကာ ဘုရားသခင်နှင့် အဆင်ပြေသော အသက်တာ၊ ယုံကြည်ခြင်း၊ ချစ်ချင်းနှင့်ပြည့်ဝသော အသက်တာကို အစပြုပါတော့သည်။ ထိုနောက် “ဇာတိပကတိအ တိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်းကျင့်သောငါတို့သည် တရား၌ ပါသော ပညတ်တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။” ရောမ ၈:၄။ GCBur 502.4

    ထိုအချိန်တွင် ထိုသူက “ကိုယ်တော်၏တရားကို အကျွန်ုပ် သည်အလွန်နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက် နေပါ၏” ဟု ကြွေးကြော်လိမ့်မည်။ ဆာလံ ၁၁၉:၉၇။GCBur 503.1

    လူတို့သည် ပညတ်တော်မရှိဘဲ မည်သည့်အရာသည် အပြစ် ဖြစ်သည်ဟု မသိနိုင်ရုံသာမက နောင်တရဖို့လိုအပ်ကြောင်းကိုလည်း ခံစာနိုင်ကြမည် မဟုတ်ချေ။ GCBur 503.2

    ခရစ်တော်၏အသွေးတော်အားဖြင့် အပြစ်ဖြေခြင်း၏ အရေးပါမှုကိုလည်း နားလည်ကြမည်မဟုတ်ချေ။ စိတ်နှလုံး၏ ပြောင်းလဲခြင်း (သို့မဟုတ်) အသက်တာပြုပြင်ပြောင်းလဲမှုမရှိဘဲ ကယ်တင်ခြင်းဆိုင်ရာ မြော်လင့်ချက်ကို လက်ခံကြပါသည်။ ဤသို့သော နည်းဖြင့် အပေါ်ယံကျော ပြောင်းလဲမှုများကို အများအပြားတွေ့ရပြီး ခရစ်တော်နှင့်တစ်ကြိမ်တစ်ခါမျှ ပူးပေါင်းခြင်းမရှိခဲ့ဖူးသည့်လူအုပ်ကြီး သည် အသင်းတော်ထဲသို့ ဝင်ရောက် လာကြပါသည်။GCBur 503.3