Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သန့်ရှင်းရာဌာနတော်ရှိနိဂုံးချုပ်အမှုတော်

    ရှင်မဿဲခရစ်ဝင် ၂၂ တွင် ဖေါ်ပြထားသောပုံပမာထဲတွင် တရား စီရင်ခြင်းသည် မင်္ဂလာပွဲထက်အလျင်ကျပါသည်။ မင်္ဂလာပွဲ မတိုင် မီဘုရင်ကြီးသည် သိုးသငယ်၏အသွေးတော်ဖြင့် ဆေးကြောခြင်း ခံရသည့် အနာအဆာကင်းသော စာရိတ္တကို ပုံဆောင်သည့် မင်္ဂ လာဆောင်ဝတ်ရုံများကို မင်္ဂလာဆောင်လာသည့် ပုဂ္ဂိုလ်များ ဝတ်၊ မဝတ် ကြည့်ရန် ခန်းမထဲသို့ ရောက်လာပါသည်။ ဗျာ၊ ၇:၁၄။ GCBur 458.1

    ထိုဝတ်ရုံဝတ်ထားကြောင်းတွေ့ရသူ အပေါင်းတို့သည် နိုင်ငံတော်ကိုဝင်စားကာ ကိုယ်တော်၏ပလ္လင်ထက်မှာ တစ်နေရာရ ရန်ထိုက်တန်သည်ဟု သတ်မှတ်ခြင်းခံရပါမည်။ စာရိတ္တ ဆန်းစစ် သောဤအလုပ်ကို စုံစမ်းစစ်ဆေးရေးဆိုင်ရာတရားစီရင်ခြင်းဟု ခေါ်ပါသည်။ ဤအရာသည် အထက် သန့်ရှင်းရာဌာနတော်၏နိဂုံးချုပ် လုပ်ဆောင်ရမည့် အမှုတော်လည်းဖြစ်သည်။GCBur 458.2

    ခေတ်အဆက်ဆက်အသက်ရှင်နေထိုင်ခဲ့ကြသော ခရစ် ယာန်များ၏ အမှုကိစ္စများကို စုံစမ်းစစ်ဆေးကာ ဆုံးဖြတ်ချက်ချပြီး သောအချိန်တွင် ကရုဏာ တံခါးပိတ်ပါသည်။ “အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်တကွ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား ၏” ဟူသောစာကြောင်းတိုကလေးဖြင့် ကျွန်ုပ်တို့ကို လူသားများ၏ ကယ်တင်ခြင်းဆိုင်ရာအမှုတော် အဆုံးသတ်သည့် အချိန်အထိ ကိုယ် တော်ရှင်ပို့ဆောင်ထားပါသည်။GCBur 458.3

    လောကသန့်ရှင်းရာဌာနတော်တွင် ယဇ်ပုရောဟိတ်မင်းကြီး သည် အပြစ်ဖြေရာနေ့၌ အသန့်ရှင်းဆုံးအခန်းထဲသို့ ဝင်သွားသော အချိန်မှာ ပထမအခန်းရှိ အမှုတော်လုပ်ငန်းများ ရပ်စဲသွားခဲ့သည်။ ထိုနည်းအတူ ခရစ်တော်၏ ကောင်းကင်သန့်ရှင်းရာဌာနတော်တွင် ဆောင်ရွက်နေသောအမှုတော်သည်လည်းဖြစ်၏။ ခရစ်တော်သည် ကြားဖျန်ဖြေသူအဖြစ် မိမိလုပ်ဆောင်ရမည့် အမှုတော်၏ အပိုင်းတစ် ပိုင်း ကိုသာ ပြီးစီးသေးသည်ဖြစ်ရာ ကျန်သေးသည့်ကဏ္ဍများကို ဆက် လက် ဆောင်ရွက်ရပေဦးမည်။ ကိုယ်တော်ရှင်သည် ခမည်းတော်ဘုရား သခင် ရှေ့မှောက်တွင် အပြစ်သားများကိုယ်စား မိမိအသွေးတော်အား ဖြင့် အသနားခံဆဲဖြစ်တော်မူ၏။GCBur 458.4

    နှစ်ပေါင်း ၁၈၀၀ လုံးလုံး ဘုရားသခင်ထံချဉ်းကပ်နိုင်သည့် မြော်လင့်ခြင်းတံခါးနှင့် ကရုဏာတံခါးများသည် ယခုတွင် ပိတ်သွား ခဲ့ပြီဆိုသည်မှာ မှန်သော်လည်း အခြားတံခါးတစ်ခုကိုဖွင့်ထားပေးခဲ့ သည်။ GCBur 459.1

    အသန့်ရှင်းဆုံးအခန်းတွင်ဆောက်ရွက်နေသော ခရစ်တော်၏ ကြားဖျန်ဖြေရေးဆိုင်ရာ အမှုတော်အားဖြင့် အပြစ်လွှတ်ခြင်းအခွင့်ကို ပေးတော်မူနေပါသည်။ လူသားများကိုယ်စား ခရစ်တော်ဆောင်ရွက် နေသော အထက်သန့်ရှင်းရာဌာနတော်သို့ ကျွန်ုပ်တို့ချဉ်းကပ်နိုင်ရန် တံခါးဖွင့်ထားဆဲ ဖြစ်ပါသည်။GCBur 459.2

    “သန့်ရှင်းသောသူ၊ ဟုတ်မှန်သောသူ၊ ဒါဝိဒ်မင်း၏တံခါး သော့ကိုကိုင်သောသူ၊ အဘယ်သူမျှ မပိတ်နိုင်အောင်ဖွင့်၍ အဘယ်သူ မျှမဖွင့်နိုင်အောင် ပိတ်သောသူ” ဟူ၍ ဗျာ၊ ၃:၇-၈ တွင်ဖွင့်ဆိုထား သည့်ခရစ်တော်စကားများ၏ ဆိုလိုရင်းကို ယခုတွင်တွေ့မြင်ကြရ ပါသည်။ GCBur 459.3

    အပြစ်ဖြေရာမဟာလုပ်ဆောင်မှုတွင် ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏ နောက်တော်သို့လိုက်နေသူများသည် ကြားဖျန်ဖြေမှု၏ အကျိုးကို ခံစားကြရကာ ငြင်းပယ်သူများမှာမူကား၊ ထိုအကျိုးကို မခံစားကြရချေ။ ခရစ်တော်ကိုကယ်တင်ရှင်အဖြစ် လက်မခံသော ယုဒများသည် ကိုယ်တော်အားဖြင့်ရသော အပြစ်လွှတ်ခြင်းအခွင့်ကို မခံစားကြ ရချေ။ ကောင်းကင်နိုင်ငံတော်သို့ တက်ကြွသွားသော ခရစ် တော်သည် တပည့်တော်များအပေါ် ကြားဖျန်ဖြေခြင်းဆိုင်ရာ ကောင်း ချီးများကိုချပေးရန် ကောင်းကင် သန့်ရှင်းရာဌာနတော်ထဲသို့ ဝင် သောအချိန်တွင် ယုဒများမှာ အကျိုးမဲ့ယဇ်ပူဇော်ခြင်းနှင့် ပူဇော် သကာများကို ဆက်လက်လုပ်ဆောင်လျက် အမှောင်ထုထဲတွင် ရှိနေ ကြဆဲဖြစ်ပါသည်။ GCBur 459.4

    ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်ရန် လူသားများကနဦးက တွေ့ထားသည့်တံခါးသည် မဖွင့်တော့သော်လည်း ယုဒများသည် ကိုယ်တော်ရှင်ကိုတွေ့နိုင်မည့် တစ်ခုတည်းသောလမ်းတည်းဟူသော ကောင်းကင်သန့်ရှင်းရာဌာနတော်မှ တစ်ဆင့် ရှာဖွေရန်နည်းလမ်း ကိုငြင်းပယ်ခဲ့ကြသည်။GCBur 460.1

    မယုံကြည်သောယုဒများသည် ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ် မင်းကြီး၏ အမှုတော်ကို မသိကျိုးကျွန်ပြုလိုသော၊ မယုံကြည်၍ ဂရု မထားတတ်သောခရစ်ယာန်များကို ပုံဆောင်ပါသည်။ ပုံဆောင်ကျင်း ပသော ဤအခမ်းအနားတွင် ယဇ်ပုရောဟိတ်မင်းကြီး အသန့်ရှင်း ဆုံးအခန်းထဲသို့ ဝင်သွားသောအချိန်၌ ဣသရေလအမျိုးသားအ ပေါင်းတို့သည် အပြစ်လွှတ်ခွင့် ရရှိစေရန်အလို့ငှာ ဘုရားသခင့်ရှေ့ တော်တွင် မိမိကိုယ်ကိုနှိမ့်ချကာ ဗိမာန်တော်၌ စုဝေးနေကြရပါ သည်။ GCBur 460.2

    ပုံဆောင်ခြင်းခံရသော ဤအပြစ်ဖြေရာ နေ့ကြီးတွင် ထမ်း ဆောင်နေသည့် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းကြီး၏ အမှု တော်အကြောင်းကို နားလည်သဘောပေါက်ကာ မိမိလုပ်ဆောင်ရ မည့်တာဝန်များကို သိရှိရန်မှာ ပို၍အရေးပါလှသည်မဟုတ်ပါလား။GCBur 460.3

    နောဧအချိန်က သတင်းစကားတစ်ခုကို ကောင်းကင်မှ ဤလောကသို့ ပေးပို့ခဲ့သည်။ လူသားများ၏ကယ်တင်ခြင်းသည် ထိုသတင်း စကားအပေါ် ပြုမူဆက်ဆံပုံအပေါ်တွင် မူတည်ခဲ့သည်။ ကမ္ဘာဦး ၆:၆-၉။ ဟေဗြဲ ၁၁:၇။ သောဒုံအချိန်တွင်လည်း လောတ နှင့်သူ၏သမီးနှစ်ယောက်မှ လွဲ၍ ကျန်လူအပေါင်းတို့သည် ကောင်းကင် မှကျလာသောမီးအားဖြင့် လောင်ကျွမ်းကာ သေကြေပျက်စီးခဲ့ကြ၏။ ကမ္ဘာဦး (၁၉) ခရစ်တော်အချိန် ကလည်း ထိုနည်းနှင်နှင်ဖြစ်ခဲ့ပါ သည်။ GCBur 461.1

    ခရစ်တော်က မယုံကြည်သောယုဒ များအား “သင်တို့နေသော အိမ်သည် သင်တို့၌ လူဆိတ်ညံလျက်ကျန်ရစ်ရ၏” ဟု မိန့်ဆိုခဲ့ သည်။ မဿဲ ၂၃:၃၈။ ခရစ်တော်သည် ကပ်ကာလအဆုံးတိုင်အောင် မျှော်ကြည့်ကာ “ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ သမ္မာတရား၌ မွေ့လျော်သောစိတ်ကိုမခံယူ” တတ်သည့် ထိုသူများနှင့်ပတ်သက်၍ မိန့်ဆို သည်မှာ “ထိုကြောင့် သမ္မာတရားကိုမယုံဘဲ မတရားသော အမှု၌မွေ့လျော်သူ အပေါင်းတို့သည်---မုသားစကားကိုယုံ စိမ့်သောငှာမိစ္ဆာဒိဋ္ဌိပြုပြင်အားထုတ် ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်” ဟူ၍ဖြစ်၏။ ၂သက်၊ ၂:၁၀-၁၁။ ထိုသူများ သည်နှုတ်ကပတ်တော်၏သွန်သင်ချက်များကို ငြင်းဆန်သော အ ချိန်တွင် ဘုရားသခင်သည် မိမိ၏ဝိညာဉ်တော်ကို ထိုသူတို့ ထံမှ ရုပ်သိမ်းကာ ၎င်းတို့ကို ၎င်းတို့မြတ်နိုးသောလှည့်ဖြားမှုများတွင် ပစ်ထားတော်မူခဲ့သည်။ သို့ရာတွင် ခရစ်တော်သည် လူသားများ ကိုယ်စား ကြားဖျန်ဖြေခြင်းအမှုကို ထမ်းဆောင်ဆဲဖြစ်ပြီး ရှာနေသော သူများအား အလင်းကိုပေးတော်မူလိမ့်မည်။GCBur 461.2

    ၁၈၄၄ ခုနှစ်၏နောက်ပိုင်းကာလများတွင် မြော်လင့်ခြင်း သတင်းစကားကို ယုံကြည်သူများသည် ကြီးကျယ်သောစုံစမ်းခြင်း များနှင့်ရင်ဆိုင်ခဲ့ကြရပါသည်။ အထက်သန့်ရှင်းရာဌာနတော်သို့ စိတ်နှလုံး ရောက်သွားစေသည့် အလင်းတရားကြောင့်သာ သူတို့စိတ် သက်သာမှု ရရှိခဲ့ ကြသည်။ ဆုတောင်း၍ စောင့်ဆိုင်းနေစဉ်မှာပင် ၎င်းတို့၏ ယဇ်ပုရောဟိတ် မင်းသည် အခြားအမှုတော်တစ်ခုကို ထမ်း ဆောင်နေကြောင်း သူတို့တွေ့မြင် ခဲ့ရပါသည်။ ကိုယ်တော်နောက် သို့ယုံကြည်ခြင်းအားဖြင့် လိုက်လျှောက်သဖြင့် အသင်းတော်၏ နိဂုံးချုပ်အမှုတော်ကိုလည်း သူတို့မြင်တွေ့ခဲ့ကြရပါသည်။ သူတို့ သည်ပထမနှင့် ဒုတိယကောင်းကင်တမန်များ၏ သတင်းစကားများ ကိုကောင်းမွန်စွာနားလည်ကြပြီးဖြစ်ရာ ဗျာ၊ ၁၄ တွင် ဖေါ်ပြသော တတိယ ကောင်းကင်တမန်၏ သတင်းစကားကို လက်ခံရန် အဆင်သင့် ရှိနေကြချေပြီ။GCBur 461.3

    *****