Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သမ္မာကျမ်းစာတစ်အုပ်လုံးသည်လမ်းပြဖြစ်ခြင်း

    သွန်သင်ထားသည့်အတိုင်း ခံယူမည်ဆိုသောစိတ်ဓါတ်ဖြင့် ဆုတောင်းလျက် သမ္မာကျမ်းစာကိုလေ့လာမှသာလျှင် ကျမ်းချက် များ၏ဆိုလိုရင်းအဓိပ္ပါယ်ကို သိရှိနိုင်ကြလိမ့်မည်။ သမ္မာကျမ်းစာ တစ်အုပ်လုံးကို အရှိအတိုင်း လူတို့အား သွန်သင်သင့်ပါသည်။GCBur 566.3

    ထာဝရဘုရားသည် သေချာပေါက်ပြည့်စုံမည့် အနာဂတ္တိ စကားများကို လူတို့အား ဖွင့်ဆိုတော်မူသကဲ့သို့ ခရစ်တော်ကိုယ် တော်တိုင်နှင့်တကွ ကောင်းကင်တမန်များသည် “ကာလမကြာ မမြင့်မီ ဖြစ်ပျက်မည့်အရာများကို ဒံယေလနှင့် ယောဟန်တို့အား လာရောက်အသိပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းအ တွက်အရေးပါသော အရာများကို ရိုးသားစွာတရားရှာနေသူများအား ဖော်ပြရာတွင် ရှုပ်ထွေးလမ်းလွဲသွားစေမည့် နည်းလမ်းများကို အသုံး ပြုတော်မမူပါ။ GCBur 566.4

    ဘုရားသခင်၏ နှုတ်တော်ထွက်စကားများသည် ဆု တောင်းလျက်လေ့လာသူ များအတွက် ရှင်းလင်းစွာနားလည်နိုင်သည့် အရာများဖြစ်ပါသည်။GCBur 567.1

    လူအပေါင်းတို့သည် “အစွန်းမရောက်ကြပါနှင့်။ သဘော ထားကြီးကြပါ” ဟု ဟစ်ကြွေးကာ စာတန်၏လှည့ကွက်များတွင် စုံ လုံးကန်းနေကြ ပေပြီ။ စာတန်သည် သမ္မာကျမ်းစာနေရာတွင် လူ သားများ၏ထင်မြင်ချက် များဖြင့် အစားထိုးနေချေပြီ။ အသင်းတော် များသည် ဘုရားသခင်၏ ပညတ်တော်ကို ဘေးဖယ်ထားကာ လွတ် လပ်သည်ဟု ဟစ်ကြွေးနေစဉ်မှာပင် အပြစ်၏အနှောင်အဖွဲ့အောက် တွင် အသက်ရှိနေကြရပါသည်။GCBur 567.2

    ထာဝရဘုရားသခင်သည် သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိချင်များ အားဖြင့် ကမ္ဘာသားများအပေါ် အသိတရားများကို သွန်းလောင်းတော် မူခဲ့သည်။GCBur 567.3

    သို့ရာတွင် အတော်ဆုံးသိပ္ပံပညာရှင်သည်ပင် သမ္မာကျမ်း စာ၏လမ်းပြမှုကို မခံယူလျှင် ဗျာဒိတ်စကားနှင့် သိပ္ပံပညာအကြား ဆက်နွှယ်မှုကိုအဖြေရှာရန် ကြိုးစားနိုင်စွမ်းရှိလိမ့်မည် မဟုတ်ချေ။GCBur 567.4

    လူသားများ၏အသိပညာမှာ စုံလင်မှုကင်းပါသည်။ ထို ကြောင့်လူအများသည် သိပ္ပံပညာကို သမ္မာကျမ်းစာနှင့်ညှိနှိုင်းခြင်းများ မစွမ်းနိုင်ကြပါ။ လူအများကမူ သိပ္ပံနည်းကျကျလက်တွေ့ပြနိုင်သော သီအိုရီများကိုသာ လက်ခံ ကြပါသည်။ ဘုရားသခင်၏နှုတ်တော်ထွက် စကားများကို “အလွဲခေါ်ဝေါ်သောသိပ္ပံအတတ်” အားဖြင့် စမ်းသပ် ရမည်ဟု အထင်ရှိနေကြပါသည်။ (၁တိ၊ ၆:၂၀)။ သဘာဝတရား ကိုအခြေခံကာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းရှင်၏လုပ်ဆောင်ချက်များကို ရှင်းလင်းပြရန် မစွမ်း နိုင်ရာ။ GCBur 567.5

    သမ္မာကျမ်းစာတွင် ဖော်ပြထားသည့်အကြောင်းအရာများကို အားကိုး လောက်သည့်အရာများမဟုတ်ဟု သူတို့မှတ်ယူကြပါသည်။ ဓမ္မဟောင်းကျမ်း နှင့် ဓမ္မသစ်ကျမ်းများအပေါ် သံသယရှိသူများသည် ဘုရားရှိသည်ဆိုသည့် အချက်ကိုပင် သံသယဝင်လာကြပါသည်။ အခြေမခိုင်သောယုံကြည်ခြင်း ကြောင့် မယုံကြည်မှုများတွင် သူတို့တဝဲ လည်လည်ဖြစ်နေကြပါသည်။GCBur 568.1

    ဘုရားသခင်က အသိပေးမထားသောအရာများကို မှန်းဆ ထင်ကြေး ပေးခြင်းတွင် လူသားများနစ်မျောနေအောင် လုပ်ဆောင် ခြင်းသည် စာတန်၏ အပြောင်မြောက်ဆုံးလက်ရာတစ်ခုဖြစ်သည်။ မိမိအားအသိပေးဖော်ပြသော အရာများကိုဂရုမထားဘဲ ဘုရားသခင်က လျှို့ဝှက်ထားသောအရာများကို မိမိအား ယုံကြည်စွာမဖော်ပြသဖြင့် လူစီဖာသည် မကျေမနပ်ဖြစ်လာခဲ့ပါသည်။ ယခုတွင် သူသည် လူသားများ၌ ထိုစိတ်ဓါတ်မျိုးသွတ်သွင်းကာ ဘုရား၏ တိုက်ရိုက်မိန့် မှာချက်များကို ဂရုမထားကြရန် လူသားများအား သွေးဆောင် နေ ပါသည်။GCBur 568.2

    ကိုယ်အလိုကိုငြင်းပယ်ခြင်းနှင့်ပတ်သက်သော ဝိညာဉ်ရေး ဆိုင်ရာ ဩဝါဒများကို တင်ပြမှုနည်းလာသည်နှင့်အမျှ လူသားများ၏ မျက်နှာသာ ပေးမှုသည် ပို၍များများရရှိလာတတ်ပါသည်။ လူသား တို့၏လိုအင်ဆန္ဒကို ဖြည့်ဆည်းရန် စာတန်အဆင်သင့်ရှိနေပါသည်။ ၎င်းပြင် သူသည် သမ္မာတရားအစား လှည့်ဖြားမှုများကို တစ်ပတ်ရိုက် ဖော်ပြတတ်ပါသည်။ ရောမအသင်းကြီးသည် ဤနည်းကိုအသုံးပြုကာ လူသားများ၏စိတ်နှလုံးကို ဖမ်းစားခဲ့ပါသည်။ ကပ်တိုင်နှင့် ပတ် သက်နေသည့် သမ္မာတရားကိုငြင်းပယ်ခြင်းအားဖြင့် ပရိုတက်စတင့် များသည် ထိုလမ်းဟောင်းကိုလိုက်လျှောက်နေကြပါသည်။ GCBur 568.3

    လောကသားများနှင့် ကွဲပြား ခြားနားမသွားစေလိုသောသ ဘောဖြင့် အဆင်ပြေရေးဝါဒကို လေ့လာနေသူ များသည် “ဖျက်ဆီး တတ်သောမိစ္ဆာအယူ” ကိုလက်ခံရန် စွန့်ပစ်ခြင်းကိုခံရလိမ့်မည်။ ၂ပေ၊ ၂:၁။ လှည့်ဖြားခြင်းကို ကြောက်ရွံ့သော စိတ်ဖြင့် ရှုကြည့်သူ များသည် အခြားတစ်ခုကိုလက်ခံရန် အဆင်သင့်ရှိနေ ကြလိမ့်မည်။ “ထိုကြောင့် သမ္မာတရားကိုမယုံဘဲ မတရားသောအမှု၌ မွေ့လျော် သောသူအပေါင်းတို့သည် တရားရှုံးခြင်းသို့ရောက်မည်အကြောင်း မုသားစကားကို ယုံစိမ့်သောငှာ မိစ္ဆာဒိဋ္ဌိပြုပြင်ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။” ၂သက်၊ ၂:၁၁-၁၂။GCBur 569.1