Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လူးသာ၏အမှုတော်အစ

    လူးသာထံမှ အရေးကြီးသောသတိပေးသံများကို တရားဟော စင်မြင့်ပေါ်မှ ထွက်ပေါ်လာသည်ကို ကြားကြရပေပြီ။ အကျိုးကို ပျက် ပြားစေသော အပြစ်၏သဘာဝကို ထောက်ပြကာ ထိုအပြစ်များကို လျော့ပါးသွားဖို့ အကျင့်အားဖြင့် မဖြစ်နိုင်ကြောင်း၊ ပြစ်ဒဏ်စီရင်ခြင်း မှကင်းလွတ်ရန် အကျင့်အားဖြင့် ရှောင်ထွက်ပြေးဖို့ မဖြစ်နိုင်ကြောင်း လူထုကြီးအား လူးသာသွန်သင်ခဲ့ပါသည်။ ဘုရားသခင်ထံတွင် နောင် တရခြင်းနှင့် ခရစ်တော်အား ယုံကြည်ခြင်းအားဖြင့်သာ အပြစ်သား သည်ကယ်တင်ခြင်း ရနိုင်ကြောင်း၊ ကျေးဇူးတော်သည် အခမဲ့ပေး သောဆုလက်ဆောင်ဖြစ်သဖြင့် ဝယ်ယူလို့မရနိုင်ကြောင်း၊ ထိုကြောင့် အပြစ်မှပစားပေးသည့်လက်မှတ်များကိုမဝယ်ကြဘဲ ကပ်တိုင်အတင်ခံခဲ့ ရသော ခရစ်တော်ကိုသာ ယုံကြည်ခြင်း အားဖြင့် မျှော်ကြည့်ကြဖို့ လိုကြောင်း သူအကြံပြုခဲ့ပါသည်။ GCBur 122.1

    မိမိအနေဖြင့် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ ငြိမ် သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းများ ကိုခံစားခဲ့ရကြောင်း တရားနာပရိ သတ်ကို အာမခံချက်ပေးကာ ရင်နာစရာ အတွေ့အကြုံများကို သူရင် ဖွင့်ခဲ့ပါသည်။GCBur 122.2

    တက်ဇယ်သည် ဘုရားတရားရှိဟန်ပြုသော ဟန်ဆောင်မှုကို ဆက်လက်ကျင့်သုံးနေရာ ပို၍ထိရောက်သော ကန့်ကွက်မှုများကို လုပ်ဆောင်ရန် လူးသာဆုံးဖြတ်ခဲ့ပါသည်။ ဝစ်တင်းဘတ်ရှိ ရဲတိုက် အသင်းတော်တွင် သန့်ရှင်းသောနေ့များ၌ ပရိသတ်များပူဇော်ရန် ထုတ်ပြလေ့ ရှိသည့် အံတော်၊ ဆံတော်ရုပ်ကြွင်းများ ရှိပါသည်။GCBur 122.3

    ထိုရုပ်ကြွင်းများကို ထုတ်ပြသည့်နေ့များတွင် ဘုရားကျောင်း သို့လာ၍ အပြစ်ဝန်ချသူများ၏ အပြစ်များကို ကွင်းလုံးကျွတ်ခွင့် လွှတ်ခြင်း ပေးခဲ့သည်။ အရေးအပါဆုံးထဲတွင် တစ်ခုအပါအဝင်ဖြစ် သော “သူတော်စင်များ၏ပွဲတော်” နေ့သည်လည်း ချဉ်းကပ်လာနေ ပေပြီ။ GCBur 123.1

    လူးသာသည် ထိုဘုရားကျောင်းသို့ လာနေသော လူထုကြီးနှင့် ပူးပေါင်းကာအပြစ်မှပစားခြင်းယုံကြည်ချက်များနှင့် ဆန့်ကျင်နေသည့် (၉၅) ချက်ကို ဝစ်တင်းဘတ်ဘုရားကျောင်း၏ တံခါးမကြီးတွင် ချိတ် ဆွဲဖော်ပြလိုက်ပါသည်။GCBur 123.2

    သူ၏တင်ပြချက်ကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားသွားပါသည်။ မြင်တွေ့သူများက ထို (၉၅) ချက်ကိုဖတ်ကာ ရောက်ရာအရပ်၌ ပြန် လည်ဖေါက်သည်ချကြပါသည်။ တစ်မြို့လုံး၌ လှုပ်လှုပ်ရှားရှား ဖြစ် သွားပါသည်။ အပြစ်မှခွင့်လွှတ်နိုင်သည့်အာဏာနှင့် အပြစ်ဒဏ်ကို ပယ် ရှင်းနိုင်ခွင့်အာဏာကို ရဟန်းမင်းအပါအဝင် မည်သည့်လူသား၌မျှ အပ် နှံထားခြင်း မရှိကြောင်း၊ ထို (၉၅) ချက်အားဖြင့် ထင်ရှားစေခဲ့ပါသည်။ GCBur 123.3

    နောင်တရခြင်း၊ ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကို ဘုရား သခင်ထံမှ အဖိုးအခ မပေးရဘဲ ရရှိနိုင်ကြောင်း ထိုတင်ပြချက်များက ထင်ရှားစေခဲ့ပါသည်။GCBur 123.4

    လူးသာတင်ပြသည့်အချက် (၉၅) ချက်ပါစာတမ်းသည် ဂျာမနီ တစ်ပြည်လုံးသို့ ပျံ့နှံ့သွားကာ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပင် ဥရောပတစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့ပါသည်။ ရောမအသင်းတော် ကို စွဲလမ်းသောအသင်းသား အများစုသည် ဘုရားသခင်၏………….. အသံတော်သည် ထိုစာတမ်းတွင်ပါဝင်ကြောင်း အသိအမှတ်ပြုကာ ဝမ်းသာအားရ ဖတ်ရှုကြပါသည်။ GCBur 123.5

    ရောမအသင်းတော်မှ ဖန်တီးနေသည့် ဖေါက်ပြန်ပျက်စီးမှု ဒီရေလှိုင်းကို ရပ်တန့်သွားစေရန် လက်တော်ကို ဘုရားသခင် ဆန့်တော် မူပြီဟု သူတို့ခံစားကြရပါသည်။ GCBur 124.1

    အသင်းတော်၏ ဆုံးဖြတ်ချက်များအပေါ် အယူခံဝင်မှုများ ကိုပယ်ချနေသည့် မောက်မာသောအာဏာရတန်ခိုးကို ရပ်တန့်သွားစေမှု အတွက် မင်းညီမင်းသားများနှင့် တရား သူကြီးများကလည်း ကြိတ်၍ ဝမ်းသာနေကြပါသည်။GCBur 124.2

    မိမိတို့၏ အကျိုးစီးပွားကို ထိခိုက်နိုင်ကြောင်း မြင်တွေ့နေသည့် စဉ်းလဲသော အသင်းတော်ခေါင်းဆောင်များသည် ဒေါသထွက်နေကြ ပါသည်။ GCBur 124.3

    လူးသာသည် ခါးသီးသောစွပ်စွဲသူများနှင့် ရင်ဆိုင်ရပေမည်။ “စိတ်လှုပ်ရှားနေသည့် ရန်လိုသူများ၏ စွပ်စွဲမှုများနှင့် ကင်းလွတ်သည့် သဘောတရားအသစ် ဖွင့်ဟနိုင်သူရှားတယ်ဆိုတာကို မည်သူမျှမသိ ကြဘူးလား။ ခရစ်တော်နဲ့တကွ အာဇာနည်များဟာ ဘာကြောင့် အ သတ်ခံခဲ့ကြရသလဲ။ ရှေးဟောင်းအယူအဆများရဲ့ သံတော်ဆင့်များ ထံမှာ ပထမဦးစွာ နှိမ့်ချသောစိတ်ဖြင့် အကြံမယူဘဲ အသစ်အဆန်းတွေ ကိုတင်ပြလို့ အသတ်ခံခဲ့ကြရတယ်” ဟုသူတို့ တုံ့ပြန်ခဲ့သည်။GCBur 124.4

    သူ့ရန်သူများ၏ ပြစ်တင်ရှုတ်ချမှုများ၊ သူ့အကြံအစည်အပေါ် မှားယွင်းစွာအနက်ဖွင့်မှုများ၊ သူ့စာရိတ္တအပေါ် ဝန်တိုမှုအပြည့်ဖြင့် တုံ့ပြန်မှု များသည် လှိုင်းလုံးများအလား လူးသာကိုရိုက်ခတ်ပါတော့ သည်။ ခေါင်းဆောင်များသည် ဘာသာရေးပြုပြင်ပြောင်းလဲရေး လုပ် ငန်းများတွင် ဝမ်းသာအားရ ပူးပေါင်းလာကြမှာပဲဟု သူယုံကြည်လျက် အသင်းတော်အတွက် အရုဏ်ဦးအလင်းရောင်ကို စိတ်အာရုံတွင် လူးသာမြင်တွေ့ထားပါသည်။GCBur 124.5

    သို့ရာတွင် အားပေးသံများသည် ပြစ်တင်ရှုတ်ချသံများ အ သွင်သို့ ကူးပြောင်းသွားခဲ့ပါသည်။ ဤသမ္မာတရားများကို လက်ခံခြင်း သည် ရောမ၏ တန်ခိုးအာဏာအား ယုတ်လျော့စေသည်ကို လည်း ကောင်း၊ အသင်းတော် ဘဏ္ဍာတိုက်ထဲသို့ စီးဝင်နေသောငွေဝင်လမ်း ကြောင်း များစွာသည်လည်း ယခုတွင် ရပ်ဆိုင်းကုန်သည်ကိုလည်း ကောင်း၊ ထိုအကြောင်းကြောင့် အသင်း တော် ခေါင်းဆောင်ကြီးများ၏ ခမ်းနားထည်ဝါမှုများ လျော့နည်းသွားပြီကို လည်းကောင်း များစွာသော နိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်ပိုင်းမှ မကြာမီတွင်ပင် မြင်တွေ့ လာခဲ့ပါသည်။ GCBur 125.1

    ကယ်တင်ခြင်းရရန် ခရစ်တော် တစ်ပါးတည်း ကိုသာ အားကိုးရန် သွန်သင်နေခြင်းသည် ရဟန်းမင်း၏ ဦးဆောင်မှုကို ပျက် ပြားစေပြီး အဆုံးတွင် ၎င်းတို့၏အာဏာကို လည်း ထိပါးစေပါသည်။ ထို ကြောင့် သူတို့သည် မိမိတို့အား အလင်းပေးရန် ဘုရားသခင်စေလွှတ် တော်မူသော ထိုလူသားကို ဆန့်ကျင်ဘက်လုပ်ခြင်းအားဖြင့် ခရစ် တော်နှင့် သမ္မာတရားကို တိုက်ပွဲဝင်ရန် ကိုယ့်ကိုကိုယ်ပြင်ဆင်ခဲ့ကြပါ သည်။GCBur 125.2

    ဤကမ္ဘာကြီးရှိ ဩဇာအာဏာနှင့် ပြည့်ဝသောသျများကို ဆန့်ကျင်နေသော သူတစ်ယောက်အဖြစ် မိမိကိုယ်ကိုရှုမြင်မိသောအခါ လူးသာသည် တုန်လှုပ်သွားခဲ့ပါသည်။GCBur 125.3

    “ငါကဘာကောင်မို့တစ်ကမ္ဘာလုံးက ကြောက်ရွံ့တုန်လှုပ်နေရတဲ့ရ ဟန်းမင်းကြီးကို အာခံနေရတာလဲ။ ဒီ (၂) နှစ်အတွင်းမှာ ငါ့စိတ်ထဲမှာ ဘာတွေခံစားရလဲဆိုတာ၊ဘာစိတ်ပျက်စရာ၊အားငယ်စရာတွေကိုခံစား ခဲ့ရတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး” ဟု လူးသာရေးသားခဲ့ပါ သည်။ လူသားများ၏ ထောက်ခံမှုမရှိတော့သော်လည်း သူသည် ဘု ရားသခင်ကို မျှော်ကြည့်ကာ ကိုယ်တော်ကို အနန္တတန်ခိုးတော်နှင့် ပြည့် စုံသောလက်ရုံးတော်၌ လုံခြုံစွာမှီခိုနိုင်ခဲ့ပါသည်။GCBur 125.4

    “မင်းရဲ့ပထမဦးဆုံးလုပ်ရမည့်တာဝန်က ဆုတောင်းခြင်းဖြင် အစပြုဖို့ပဲ။ တို့ရဲ့ကိုယ်ပိုင်လုပ်ဆောင်မှုများနဲ့ နားလည်တတ်ကျွမ်းမှု များကနေ ဘာမှမျှော်လင့်လို့ မရဘူး။ ကိုယ်တော်ရှင်၌ လုံးလုံးကိုးစား ပါ။ သန့်ရှင်းသောဝိညာဉ်တော်၏ အုပ်စိုးမှုကို ကိုးစားပါ” ဟု မိတ်ဆွေ တစ်ဦးထံသို့ လူးသာရေးသားပေးပို့ခဲ့ပါသည်။ ဤအချိန်ကာလတွင် အသက်ရှင်နေထိုင် သူများထံသို့သွား၍ သမ္မာတရားကို ဟောကြားဖို့ ဘုရားသခင်က ကျွန်ုပ်တို့ကို ခေါ်တော်မူသည်ဟု ခံစားချက်ရှိသူများ အတွက် ဤအချက်သည် အရေးပါသော သင်ခန်းစာတစ်ခုဖြစ်သည်။ GCBur 126.1

    မကောင်းဆိုးဝါးများ၏ အာဏာတန်ခိုးနှင့် ယှဉ်ပြိုင် တိုက်လှန် သောအချိန်တွင် လူသားများ၏အသိပညာများထက် ပို၍လိုအပ်နေ သောအသိပညာများထက် ပို၍လိုအပ်နေသော အရာများရှိ နေသေးသည်ဆိုသည်မှာ ဤတွင် ထင်ရှားနေပါသည်။GCBur 126.2