Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ထောင်ဒဏ်နှင့်သေဒဏ်အချခံရခြင်း

    ဒေါသမုန်တိုင်းသည် တစ်ဖန်ပြင်းထန်လာရာ ဂျရုမ်းကို အကျဉ်းထောင်တွင် ချုပ်ထားပြန်သည်။ သူ၏ဖွင့်ဟချက် အပေါ်အကြီးအကျယ် ခံစားချက်ရှိသွားသူများ ရှိသကဲ့သို့ သူ့ကိုကယ်ဆယ်ချင်သူ များလည်း ရှိလာခဲ့ပါသည်။ ဂုဏ်အသရေ ရှိပုဂ္ဂိုလ်များသည် သူ့ထံသို့ လာရောက်တွေ့ဆုံကာ ထိုကောင်စီ ကိုအလျော့ပေးလိုက်ရန် တိုက်တွန်းခဲ့ကြပါသည်။ ထိုသို့ အလျော့ပေးလိုက်ပါက ရရှိမည့် အနာဂတ်အလားအလာ ကောင်းများကိုလည်း ပြောပြကြပါသည်။GCBur 103.3

    “ကျွန်တော်မှားကြောင်း သမ္မာကျမ်းစာနဲ့ သက်သေ ပြမယ်ဆိုရင် ကျွန်တော်အလျှော့ပေးလိုက်မယ်” ဟု သူကပြောဆိုရာ-GCBur 103.4

    “သမ္မာကျမ်းစာ” အရာခပ်သိမ်းကို သမ္မာကျမ်းစာအားဖြင့် တရားစီရင်မှာလား၊ အသင်းတော်က အနက်ပြန်မပေးရင် ဘယ်သူဟာ ကျမ်းစာကိုနားလည်နိုင်မှာလဲ” ဟု သူ့ကိုသွေးဆောင်သူထဲမှတစ်ဦးက ထိတ်လန့်တကြားပြောလိုက်ပါသည်။GCBur 104.1

    ထိုအခါ ဂျရုမ်းက “လူတွေရဲ့ဓလေ့ထုံးစံဟာ ကယ်တင်ရှင်ရဲ့ဧဝံဂေလိ တရားထက် ယုံထိုက်တဲ့အရာဖြစ်သလား” ဟု တုံ့ပြန်လိုက်ရာ-GCBur 104.2

    “ဘာသာရေးဖေါက်ပြန်ရေးသမားပါလား၊” မင်းကို အကြာကြီးအချိန်ကုန်ခံပြီးတောင်းပန်မိတာ ငါနောင်တရမိပါတယ်။ တကယ်တော့ မင်းဟာ နတ်ဆိုးရဲ့စေစားမှုအောက်မှာ ရောက်နေပါကလား” ဟု တုံ့ပြန်ကြပြန်သည်။GCBur 104.3

    မကြာမတင်မီ ဟပ်စ်အသက်ဆုံးရှုံးခဲ့သော နေရာသို့သူ့အားခေါ်သွားကြပါသည်။ လိုက်ပါသွားစဉ် သူသည် ဓမ္မတေးကိုကျူးအေးလျက် မျက်နှာပေါ်၌လည်း ငြိမ်သက်ခြင်း နှင့်ဝမ်းမြောက်ခြင်းများ ထင်ရှားလျက်ရှိ၏။ သေမှာကို သူမကြောက်တော့ပြီ။ အာဏာပါးကွက်သားများသည် သူ့နောက်နားသို့ဆုတ်ကာ မီးတိုင်များကို မီးရှို့ရန်အပြုတွင် “ငါ့ရှေ့မှာမီးရှို့ပါ။ ကြောက်မယ်ဆိုရင် ဒီနားကိုငါရောက် မလာသင့်ဘူး”ဟု အာဇာနည်ကြီးက ဖွင့်ဟလိုက်ပါသည်။GCBur 104.4

    သူ၏ နောက်ဆုံးစကားများမှာ “တန်ခိုးတော် နှင့်ပြည့်စုံသောထာဝရဘုရားသခင်၊ ကိုယ်တော်၏သမ္မာတရားကို ကျွန်တော်အမြဲ ချစ်ကြောင်း ကိုယ်တော်သိတော်မူသောကြောင့် ကျွန်ုပ်၏အပြစ်များကို လွှတ်တော်မူပါ။ ကျွန်ုပ်ကိုသနား တော်မူပါ”ဟူသောဆုတောင်းချက်ပင်ဖြစ်၏။ ထိုအာဇာနည်၏ ပြာများကို စုသိမ်းကာ ဟပ်စ်၏ ပြာများကဲ့သို့ပင် ရိုင်းမြစ်ထဲသို့ ပစ်ချခဲ့ကြပါသည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ သစ္စာရှိအလင်းဆောင်သူများသည် သေပွဲဝင်ခဲ့ကြရပါသည်။GCBur 104.5

    ဟပ်စ်ကိုသေဒဏ်ပေးသည့်အတွက် ဘူဟီးမီးယား တစ်ပြည်လုံးတွင် ဒေါသအမျက်ခြောင်းခြောင်းထွက်ခဲ့ကြပါသည်။ ဟပ်စ်အား သမ္မာတရား၏ ဆရာသမားကောင်းတစ်ဦးအဖြစ် တစ်နိုင်ငံလုံးက ကြေညာခဲ့ပါသည်။ ထိုကောင်စီကို လူသတ်မှုဖြင့်တရားစွဲသည်။ ဟပ်စ်တင်ပြသော ယုံကြည်ချက်များကို ယခင်ကထက်ပို၍ စိတ်ဝင်စားလာကြကာ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာယုံကြည်ခြင်းကို လက်ခံလာကြသည်။ ထိုလှုပ်ရှား မှုကိုချေမှုန်းရန် ရဟန်းမင်းနှင့် ဧကရာဇ်ဘုရင်တို့ ပူးပေါင်းခဲ့ပြီး ဆီဂျစ်မန်ဘုရင်၏ စစ်တပ်များကို ဘူဟီးမီးယားသို့စေလွှတ်ခဲ့ပါသည်။GCBur 105.1

    သို့ရာတွင် ကယ်ဆယ်မည့်သူတစ်ဦးကို လူထုကြီးက တင်မြှောက်ခဲ့ပါသည်။ သူ၏အမည်မှာ ဇစ်ကာဖြစ်ပြီး ဟပ်စ်နှင့်သက်တူရွယ်တူဖြစ်သည်။ သူသည် အတော်ဆုံး ဗိုလ်ချုပ်ကြီးများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ဘူဟီးမီးယားခေါင်းဆောင်ဖြစ်သည်။ လူထုကြီးသည် ၎င်းတို့အား လာရောက်တိုက်ခိုက်မည့်စစ်တပ်ကြီးကို ဘုရားသခင်၏ မစမှုကိုအားကိုးလျက် ရင်ဆိုင်ခဲ့ကြပါသည်။ ဧကရာဇ်ဘုရင်သည် ဘူဟီးမီးယားသို့ အဖန်ဖန်ကျူးကျော်တိုက်ခိုက်ခဲ့သော်လည်း တွန်းလှန်မှုကိုသာခံခဲ့ရပါသည်။ ဟပ်ဆိုက်များ (ဟပ်စ်၏ နောက်လိုက်များ) သည် သေမှာကို အမှုမထားကြတော့ချေ။ မည်သည့်အရာကမှ ၎င်းတို့အား ဟန့်တားနိုင်စွမ်းမရှိတော့ချေ။ ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော ဇစ်ကာသေဆုံး သွားသောအခါ ၎င်း၏နေရာ တွင် အချို့နေရာများ၌ ဇစ်ကာထက်ပင် ပို၍တတ်စွမ်းနိုင်သည်ဟု ထင်ရသည့် ပရိုကိုပီးဟပ်စ်ဆိုသူနှင့် အစားထိုးခဲ့ကြပါသည်။GCBur 105.2

    ရဟန်းမင်းက ဟပ်ဆိုက်များအပေါ် ဘာသာရေး စစ်ပွဲဆင်နွှဲရန်ကြေညာလိုက်ပါသည်။ မဟာတပ်မကြီးတစ်တပ်သည် ဘူဟီးမီးယားသို့ စစ်ချီလာပါသည်။ သို့ရာတွင် အရှုံးနှင့်သာရင်ဆိုင်ခဲ့ကြရသည်။ နောက်ထပ် ဘာသာရေး စစ်ပွဲဆင်နွှဲရန် ကြေညာပြန်သည်။ သို့နှင့် ရဟန်းမင်း၏ သာသနာထွန်းကားနေသည့် ဥရောပ နိုင်ငံ အားလုံးတွင် လူ၊ငွေနှင့်စက်ပစ္စည်းများကို ပို၍စုဆောင်းလာကြပါသည်။ လူများစွာတို့သည် ရဟန်းမင်း၏ အလံတော်တွင် စုရုံးလာခဲ့ကြပါသည်။GCBur 106.1

    ထိုမဟာတပ်မကြီးသည် ဘူဟီးမီးယားသို့ ဝင်ရောက် လာခဲ့သည်။ ၎င်းတို့အား တွန်းလှန်တိုက်ထုတ်ရန် ဘူဟီးမီးယားပြည်သူများလည်း စုရုံးနေကြပြီး မဟာအင်အားကြီးတပ်မကြီး (၂) ခုအကြားတွင် မြစ်ကလေး တစ်မြစ်သာခြားတော့သည်။ “ရဟန်းမင်း၏ တပ်မသည် ပို၍သာလွန်အင်အားရှိသော်လည်း ထိုမြစ်ကိုဖြတ်၍ တစ်ဟုန်ထိုးချီတက်တိုက်ခိုက် ရမည့်အစား ဟပ်ဆိုက်များနှင့်ဝေးရာသို့ ထွက်ပြေးကြပါသည်။ ဟပ်ဆိုက်များသည် မိမိတို့အားတိုက်ခိုက်ရန် အဝေးကြီးမှလာခဲ့သော ထိုစစ်တပ်၏ လုပ်ပုံကိုမှင်သေမိပြီး ရပ်ကြည့်လိုက်နေကြပါသည်။GCBur 106.2

    ဘူဟီးမီးယားလူထုကြီးသည် ရုတ်တရက်မဝေခွဲနိုင်တော့ဘဲ ကြောက်စိတ်များပင် ဝင်လာပါသည်။ ထိုမဟာတပ်မကြီးသည် တစ်ချက်မှ မပစ်မခတ်လိုက်ရဘဲနှင့် မျက်မြင်မရသော တန်ခိုးတစ်ခု၏တိုက်ထုတ်မှုကိုခံရသကဲ့သို့ ပြိုပျက်လွင့်စဉ်ကုန်ပါသည်။ ဟပ်ဆိုက် များသည် ထွက်ပြေးသွားသည့်ထိုတပ်မအား လိုက်လံချေမှုန်းကြရာ အများအပြား ကျဆုံးခဲ့ကြပါသည်။ ထိုစစ်ပွဲသည် ဘူဟီးမီးယားများအားဆင်းရဲသွားစေရမည့်အစား ပို၍ပင် ချမ်းသာလာစေခဲ့ပါသည်။GCBur 106.3

    နောက်ပိုင်း နှစ်အနည်းငယ်ကြာသောအခါ ရဟန်းမင်း အသစ်တစ်ပါးသည် ဘာသာရေးစ စ်ပွဲ တစ်ပွဲကို ထပ်မံဆင်နွှဲ ခဲ့ပြန်သည်။ တပ်မကြီးသည် ဘူဟီးမီးယားထဲသို့ ထိုးဖေါက်ဝင်ရောက်လာရာ နိုင်ငံထဲသို့ အတော်ဝေးဝေး ရောက်လာသည့်တိုင်အောင် ဟပ်ဆိုက်များသည် အလျှော့ပေး၍ မျှားခေါ်လာပါသည်။ ရရှိခဲ့ဖူးသော အောင်ပွဲမျိုးထပ်မံရရှိရန် ၎င်းတို့ကို မျှားခေါ်ခဲ့ကြပါသည်။GCBur 107.1

    အဆုံးတွင် ပရိုကိုပီးယပ်စ်၏စစ်တပ်သည် ၎င်းတို့အား တိုက်ခိုက်ရန် စစ်ချီလာပါသည်။ ဟပ်ဆိုက်များ၏စစ်ချီလာခြင်းကို မမြင်ရသေးမီ စစ်ချီသံကိုကြားရုံနှင့် ရဟန်းမင်း၏တပ်သားများသည် ကြောက်စိတ်ဝင်နေ ပေပြီ။ မင်းညီမင်းသားများအပါအဝင် စစ်ဗိုလ်များ၊ စစ်သားများသည် လက်နက်များကို စွန့်ပစ်ကာ ဦးတည်ရာသို့ ထွက်ပြေးကုန်ကြပါသည်။ မတရား တိုက်ခိုက်မှုကြီးမှာ ဤတွင် အဆုံးသတ်ချေပြီ။ ရဟန်းမင်း၏ လူများစွာ တို့သည် အောင်နိုင်သူများ၏လက်ထဲသို့ တစ်ဖန်ကျရောက်ခဲ့ရပြန်ချေပြီ။GCBur 107.2

    သို့ဖြင့် စစ်သင်တန်းများကို ရယူထားသည့် ထိုတပ်မကြီးသည် ပြန်လည်တိုက်ခိုက်ခြင်းမပြုနိုင်ဘဲ အားနည်းသောနိုင်ငံငယ်ကလေးရှိ ကာကွယ်သူများထံမှ တစ်ဖန်ထွက်ပြေးခဲ့ကြရပြန်သည်။ သဘာဝလွန်ကြောက်ရွံ့စိတ်ကြောင့် ထိုကျူးကျော်သူများအား အစိတ်စိတ်ကွဲလွင့်သွားခဲ့ရသည်။ ဂိဒေါင်နှင့်သူ၏စစ်သားသုံးရာရှေ့မှ မိဒျာန်စစ်သား များထွက်ပြေးသွားစေသည့်ကိုယ်တော်သည် ယခုတစ်ဖန် လက်တော်ကိုဆန့်ခဲ့ပြန်ချေပြီ။ (တရားသူကြီး ၇:၁၉-၂၅။ ဆာလံ ၅၃:၅)။GCBur 107.3