Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၇)—လူးသာ - သူ့ခေတ်အတွက်လူသားတစ်ဦး

    အသင်းတော်အား ရဟန်းမင်း၏အမှောင်ထုမှ စင်ကြယ် သောယုံကြည်ခြင်း၏ အလင်းထဲသို့ ဦးဆောင်ခေါ်ထုတ်ရန် ဘုရားသ ခင်၏ တာဝန်ပေးခြင်းခံရသူများထဲတွင် မာတင်လူးသာသည် ရှေ့ဆုံး မှရပ်တည်နေပါသည်။ ဘုရားသခင်မှလွဲ၍ မည်သည့်အရာကိုမှ မ ကြောက်တတ်သောသူ၊ နှုတ်ကပတ်တော်မှလွဲ၍ မည်သည့်အရာကိုမှ ယုံကြည်ခြင်းအတွက် အုတ်မြစ်ဖြစ်သည်ဟု အသိအမှတ် မပြုတတ် သောသူတည်းဟူသော လူးသာသည် သူ့ခေတ်အတွက် အာဂလူသား တစ်ဦးဖြစ်သည်။GCBur 111.1

    လူးသာသည် ဆင်းရဲသောဂျာမန်လယ်သမားအိမ်ထောင်မှ ပေါက်ဖွား ကြီးပြင်းလာသူဖြစ်၏။ သူ့ဖခင်က သူ့အား ဥပဒေပညာ ရှင်တစ်ဦးဖြစ်စေလို သော်လည်း ဘုရားသခင်ကမူ သူ့အား ရာစုနှစ်များ တစ်လျှောက် တိုးတက်ကြီးပွားလျက်ရှိသည့် အသင်းတော်ကို တည် ထောင်သူတစ်ဦး ဖြစ်စေလိုသည်။ ကြမ်းတမ်းမှု၊ နွမ်းပါးမှုနှင့် ဥပဒေ စည်းမျဉ်းတင်းကျပ်မှု တည်းဟူသော ကျောင်းတွင် သူထမ်းဆောင် ရမည့် အမှုတော်အတွက် ဘုရားသခင်သည် လူးသာကို သင်တန်းပေး ကာ ပြင်ဆင်တော်မူသည်။GCBur 111.2

    လူးသာ၏ဖခင်သည် စိတ်ဆတ်သူတစ်ဦးဖြစ်သည်။ ကြည် လင်သော စိတ်အာရုံရှိသည့်အလျောက် ရဟန်းမင်းကဖွင့်ထားသော ကျောင်းများအပေါ် ယုံကြည်ကိုးစားမှုမရှိသူတစ်ဦးဖြစ်သည်။ သူ သဘောမတူဘဲ ထိုကျောင်းများသို့ လူးသာသွားရောက်သင်ယူ…. သောအခါ သူအတော်မကျေမနပ်ဖြစ်ခဲ့သည်။ နှစ်နှစ်ကြာမှ သား အဖချင်း ပြန်လည်သင့်မြတ်ခဲ့သော်လည်း လူးသာဖခင်၏ စိတ်သဘော ထားမှာ ယခင်ကနှင့် အတူတူပင်ဖြစ်သည်။GCBur 111.3

    လူးသာ၏မိဘများသည် ၎င်းတို့၏သားသမီးများအား ဘုရား သခင်ကို သိကျွမ်းစေရန် ကြိုးစားသွန်သင်ကြသည်။ မိမိတို့၏ ကလေး များကို အသုံးဝင်သော အသက်တာပိုင်ရှင်များဖြစ်အောင် မနားမ နေစိတ်အား ထက်သန်စွာ ကြိုးစားသွန်သင်ခဲ့ကြသည်။ GCBur 112.1

    တစ်ခါတစ်ရံတွင် စည်းကမ်းတင်းကျပ်လွန်းရာ ထိုစည်း ကမ်းများသည် အဖြစ်သဘောထက် အပျက်သဘောကို ဆောင်နေကြောင်း လူးသာမြင်တွေ့ခဲ့သည်။GCBur 112.2

    လူးသာသည် ကျောင်းတက်နေစဉ် ကြမ်းတမ်းပြင်းထန်မှုများ နှင့် ရင်ဆိုင်ခဲ့ရသည်။ ထမင်းငတ်သည့် အကြိမ်လည်းမနည်းခဲ့ချေ။ ထို စဉ်က အောင်ပွဲဆင်နေသော စိတ်ပျက်စရာဘာသာရေးအယူသီးမှု များကြောင့် သူ၌စိုးရိမ်စိတ်များဖြင့် ပြည့်ဝနေသည်။GCBur 112.3

    ဘုရားသခင်အား ကြင်နာတတ်သော အဖအနေနှင့် မြင်ရမည့် အစား ရက်စက်သော အာဏာရှင်တစ်ဦးအဖြစ် မြင်တွေ့နေသဖြင့် စိတ်နှလုံးမချမ်းမြေ့စွာဖြင့် ညစဉ်အိပ်စက်ခဲ့ရပါသည်။GCBur 112.4

    အားဖတ်တက္ကသိုလ်သို့ရောက်လာသောအခါ သူ၏အနာဂတ် အ လားအလာများသည် ကလေးဘဝကထက်ပို၍ ကောင်းလာပါသည်။ ချွေတာကြိုးစားမှုဖြင့် စုဆောင်းထားသည့် ဥစ္စာများကို ပိုင်ဆိုင်နေသည့် သူ့မိဘများသည် သူ့အတွက် ကုန်ကျစရိတ်အားလုံးကို ထောက်ပံ့နိုင် ကြပါသည်။ ပညာသတိရှိသော မိတ်ဆွေများကလည်း ယခင်သင်တန်း များမှ သူရရှိထားသည့် ဝမ်းနည်းစရာအကျိုးသက်ရောက်…… မှုများကို အနည်းနှင့်အများလျော့ပါးစေခဲ့ကြပါသည်။ ကောင်းမွန် သည့်ဩဇာသက်ရောက်မှုများကြောင့် သူ့စိတ်နှလုံးသည် အလျင်အ မြန်ဖွံ့ဖြိုးလာခဲ့ပါသည်။ မမောမပန်းတမ်း ဝိုင်းဝန်းကူညီမှုကြောင့် မကြာ မီတွင် သူသည် မိတ်ဆွေသူငယ်ချင်းများထဲတွင် အတော်ဆုံးတစ် ယောက် ဖြစ်လာခဲ့ပါသည်။GCBur 112.5

    လူးသာသည် ဆုတောင်းခြင်းဖြင့် တစ်နေ့တာကို အမြဲတမ်း အ စပြုခဲ့သည်။ လမ်းပြပို့ဆောင်မှုအတွက် သူ၏စိတ်ထဲတွင် ဆုတောင်း ချက် တစ်ခုကို အမြဲတမ်းရေရွတ်နေတတ်သည်။ “ကောင်းကောင်း ဆု တောင်းခြင်းသည် စာတစ်ဝက်ကျက်ပြီးတာနဲ့ အတူတူဖြစ်သည်” ဟု သူမကြာခဏပြောတတ်သည်။GCBur 113.1

    တစ်နေ့တွင် သူတစ်ခါမှမတွေ့ဖူးသည့် လက်တင်ဘာသာနှင့် ရေးသားထားသည့် သမ္မာကျမ်းစာတစ်အုပ်ကို တက္ကသိုလ်စာကြည့် တိုက်တွင် တွေ့၏။ သူကြားဖူးထားသည့် ခရစ်ဝင်ကျမ်းတချို့အပိုင်း များနှင့် ဩဝါဒစာ အပိုင်းအစများကို ကျမ်းစာတစ်အုပ်လုံးဖြစ်သည်ဟု ထင်ထားခဲ့ပါသည်။ ယခုတွင်မူ ပထမဦးဆုံးအကြိမ်အဖြစ် ကျမ်းစာ တစ်အုပ်လုံးကို တွေ့ဖူးချေပြီ။ သူသည်ရိုသေအံ့ဩစွာဖြင့် အသက်စာ စောင်မှစာမျက်နှာများကို တစ်ရွက်ချင်း လှန်၍ဖတ်ကာ “ဒီလိုစာအုပ် မျိုးကို ငါ့ကိုယ်တိုင်ဖတ်ဖို့ ဘုရားသခင်က ပေးတော်မူတာပဲ” ဟုရေ ရွတ်လေ၏။ ကောင်းကင်တမန်များသည် သူ့နံဘေးတွင် ရှိနေကြ သည်။ ဘုရားသခင်ထံမှ အလင်းတော်သည် သူ့နံဘေးတွင် ရှိနေကြ သည်။ ဘုရားသခင်ထံမှ အလင်းတော်သည် သမ္မာတရားရတနာများ ကို သူနားလည်စေရန် ထွန်းလင်းတော်မူသည်။ မိမိသည် အပြစ်သား တစ်ဦး ဖြစ်နေကြောင်းကို ယခုတစ်ခါကဲ့သို့ ယခင်က တစ်ခါမှ သူမခံ စားခဲ့ရဖူးချေ။GCBur 113.2