Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တရားစီရင်ခြင်းအမှုတော်

    ပဋိညာဉ်သစ်အရ နောင်တရသူအပြစ်သားများ၏ အပြစ် များသည် ယုံကြည်ခြင်းအားဖြင့် ခရစ်တော်အပေါ်မှတစ်ဆင့် ကောင်း ကင် သန့်ရှင်းရာဌာနတော်သို့ ပြောင်းရွှေ့တင်ကျံခဲ့ပါသည်။ ညစ် ညမ်းစေသည့် အပြစ်များအား ဖယ်ရှားသုတ်သင်ခြင်းအားဖြင့်----- လောကတဲတော်အား ပုံဆောင်ဆေးကြောမှုပြီးစီးစေခဲ့သကဲ့သို့ မှတ်တမ်းတင် ထားသောအပြစ်များကို ဖယ်ရှားပစ်ခြင်းအားဖြင့် ကောင်း ကင် သန့်ရှင်းရာဌာနတော်ကို အမှန်တကယ်ဆေးကြောမှု ပြီးစီး စေပါသည်။ GCBur 449.3

    သို့ရာတွင် ဤအမှုကိုအပြီးမသတ်မီ မည်သူသည် ခရစ်တော် ကိုယုံကြည် လက်ခံခြင်းအားဖြင့် အပြစ်လွှတ်ခြင်းအခွင့်ကို ခံစား ထိုက်ကြောင်း သိရှိနိုင်ရန် မှတ်တမ်းစာအုပ်များကို ပြန်လည်ဆန်းစစ် ရမည်ဖြစ်သည်။ ထိုကြောင့် သန့်ရှင်းရာဌာနတော်ဆေးကြောခြင်းအ မှုတွင် စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ တရားစီရင်ခြင်းအလုပ်သည် ပါဝင် နေပါသည်။ ထိုအလုပ်ကို ခရစ်တော် ကြွမလာမီကလေးတွင် လုပ် ဆောင်ရပါမည်။ အကြောင်းမှာ ကိုယ်တော်ရှင် ကြွလာသောအခါ လူတိုင်းအား ၎င်းတို့၏အကျင့်အလျှောက် ပေးရမည့် အကျိုးအပြစ် များကို အတူယူဆောင်လာတော့မည်ဖြစ်ပါသည်။ ဗျာ ၂၂:၁၂။GCBur 450.1

    ထိုကြောင့် ခရစ်တော်သည် နှစ်ပေါင်း ၂၃၀၀ ကုန်ဆုံးသည့် ၁၈၄၄ ခုနှစ်တွင် ဤလောကသို့ကြွလာရမည့်အစား ကြွလာခြင်းကို ပြင်ဆင်မှုတစ်ရပ် အနေဖြင့် အပြစ်ဖြေခြင်းအမှုကို အဆုံးသတ် ဆောင်ရွက်ရန် ကောင်းကင် သန့်ရှင်းရာဌာနတော်၏ အသန့်ရှင်းဆုံး အခန်းထဲသို့ဝင်သွားတော်မူကြောင်း အနာဂတ္တိကျမ်းစကား၏ အလင်း တရားများအတိုင်း လိုက်လျှောက်သူများက တွေ့မြင်ခဲ့ကြပါသည်။GCBur 450.2

    ခရစ်တော်သည် မိမိအသွေးတော်အားဖြင့် ကောင်းကင် သန့်ရှင်းရာဌာနတော်တွင် တင်ကျံနေသောမိမိလူတို့၏ အပြစ်များကို အမှုတော်အဆုံးတွင် ဖယ်ရှားပစ်တော်မူသောအခါ နောက်ဆုံးပြစ် ဒဏ်စီရင်မှုကိုခံရမည့် စာတန်အပေါ်သို့ ထိုအပြစ်များကိုရွှေ့၍ တင်ကျံ စေတော်မူမည်။ တောထဲသို့လွှတ်မည့်ဆိတ်သည် ဣသရေလလူများ ထံသို့ ပြန်မလာနိုင်တော့သည့် ဝေးလံသောတောသို့ လွှတ်ခဲ့သည့် နည်းတူ စာတန်သည်လည်း ဘုရားသခင်နှင့်တကွ ကိုယ်တော်၏ လူများရှေ့မှ ထာဝရ နှင်ထုတ်ခြင်းကိုခံရလိမ့်မည်။ အပြစ်သားနှင့် အပြစ်များကို နောက်ဆုံး ချေမှုန်းခြင်းတွင် သူသည် လုံးလုံးပျောက် ကွယ်သွားပါလိမ့်မည်။GCBur 450.3

    *****