Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ခရစ်တော်ကိုပြညွှန်ခြင်းခံရသည့်အပြစ်သားများ

    ဝေါလ်ဒင်းဆီးများသည် ဝိညာဉ်ရေးအစာငတ်မွတ်နေသူများ ရှေ့တွင် ကတိတော်နှင့်ဆိုင်သည့် ငြိမ်သက်ခြင်းသတင်းစကားကို ဖွင့်ပြကာ ကယ်တင်ခြင်းအတွက် တစ်ခုတည်းသောမျှော်လင့်ချက် ဖြစ်သော ခရစ်တော်ကို ပြညွှန်လိုကြပါသည်။ ကောင်းသောအကျင့် များဖြင့် အပြစ်ဖြေနိုင်သည်ဟူသော လူအများကိုင်စွဲထားသောယုံကြည် ချက်သည် မှားယွင်းမှုအပေါ်တွင် အခြေပြုထားသည်။ အသေခံ၍ ထမြောက်တော်မူခဲ့သည့် ခရစ်တော်၏ ကောင်းမှုကုသိုလ်သည်သာ ခရစ်ယာန်ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ခရစ်တော် ပေါ်အားကိုးမှီခိုနေခြင်းပြုနေသော အသက်ဝိညာဉ်သည် ခန္ဓာကိုယ်မှ အင်္ဂါအစိတ်အပိုင်းတစ်ခုနှင့်လည်းကောင်း၊ စပျစ်ပင်မှ အကိုင်း တစ်ကိုင်းနှင့်လည်းကောင်း တူပါသည်။GCBur 58.1

    ရဟန်းမင်းနှင့် ၎င်းတို့၏ရဟန်းပျိုများ၏ သွန်သင်ချက်များ သည် ဘုရားသခင်နှင့် ခရစ်တော်အား မာကျောခက်ထန်၍ ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်များအဖြစ် အမြင်ရောက်စေပါသည်။ ဘုရားသခင်နှင့် ခရစ်တော်တို့သည် လူသားများအပေါ် အကြင်နာ ကင်းလွန်းသဖြင့် ရဟန်းမင်း၏ တပည့်လက်သားများ၏ တရားအပေါ် တွင် ပတ္ထနာပြုရမည်ဖြစ်ကြောင်း အမြင်ရှိစေပါသည်။ စိတ်နှလုံး၌ တရားတော်နှင့် ထိတွေ့ပြီးသားလူများမှာမူ အပြစ်သားများသည် မိမိ တို့၏ အပြစ်များကို ဝန်ချတောင်းပန်ကာ အပြစ်လွှတ်ခွင့်ရရန် ဘုရား သခင်ထံတော်သို့ တိုက်ရိုက်ချဉ်းကပ်ရမည်ဟူ၍ စာတန် ချထားသော အဟန့်အတားများကို ရှင်းလင်းပစ်ရန် တောင့်တကြပါသည်။GCBur 58.2