Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၁၅)—ပြင်သစ်ပြည်၏ ကြောက်စရာ့ကာလ

    နိုင်ငံများစွာတို့က ဘာသာရေးပြုပြင်ပြောင်းလဲရေးကို ကောင်းကင်နိုင်ငံ၏ စေတမန်အဖြစ် ကြိုဆိုခဲ့ကြသော်လည်း မကြိုဆိုခဲ့ သည့် နိုင်ငံများတွင်မူ သမ္မာတရား၏ အလင်းသည် ကွယ်ပျောက်လု မတတ် ဖြစ်နေပါသည်။ နိုင်ငံတစ်နိုင်ငံတွင်မူ အမှန်နှင့်အမှားသည် ရာစုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြရာ အဆုံးတွင် သမ္မတရားကို ငြင်းပယ်ခဲ့ကြသည်။ ကျေးဇူးတော်၏ ဆုမင်္ဂလာများကို ငြင်းပယ်ခဲ့သော ထိုနိုင်ငံမှ ဝိညာဉ်တော်သည် ရှောင်ဖယ်သွားတော်မူရာ အလင်းတရား ကို ငြင်းပယ်ခြင်း၏ ဆိုးကျိုးများကိုတစ်ကမ္ဘာလုံးက မြင်တွေ့ခဲ့ရသည်။GCBur 277.1

    ပြင်သစ်ပြည်တွင် သမ္မာကျမ်းစာနှင့်စစ်ခင်းခဲ့သည့် စစ်ပွဲသည် နှုတ်ကပါတ်တော်ကို ချိုးနှိမ်ခဲ့သောရောမများအတွက် ယထာဘူတ ကျသော အကျိုးဆက်ဖြစ်သော တော်လှန်ရေးကြီးကိုဖြစ်ပေါ်စေ ခဲ့သည်။ ရောမအသင်းတော် လုပ်ဆောင်မှုများ၏ရလဒ်များကို မျက်မြင် ကိုယ်တွေ့ ဖြစ်သမျှတွင် ထိုတော်လှန်ရေးကြီးသည် အထိမိဆုံးပြ ယုဂ်တစ်ခုဖြစ်ပါသည်။GCBur 277.2

    “ဒုစရိုက်လူ” ၏အုပ်စိုးမှုကြောင့် ပြင်သစ်ပြည်အပေါ်တွင် ကျရောက်လာမည့် ကြောက်စရာ့ဆိုးကျိုးများကို ဆရာယောဟန်က ညွှန်ပြခဲ့သည်။GCBur 277.3

    “သူတို့သည် သန့်ရှင်းသောမြို့တော်ကို လလေးဆယ့်နှစ် လပတ်လုံး နင်းကြလိမ့်မည်။ ငါ၏သက်သေခံနှစ်ပါးကို ငါအခွင့်ပေး မည်။ သူတို့သည် လျော်တေအဝတ်ကိုဝတ်လျက် အရက်တစ်ထောင့် နှစ်ရာ့ခြောက်ဆယ်ပတ်လုံး ပုရောဖက်ပြုကြလိမ့်မည်။ သူတို့သည် သက်သေခံ ပြီးသောအခါ အနက်ဆုံးသောတွင်းထဲက တက်သော သားရဲသည် သူတို့ကို စစ်တိုက်၍ အောင်လိမ့်မည်။ အသက်ကိုသတ် ပြီးမှသူတို့သခင်သည် လက်ဝါးကပ်တိုင်မှ အသေခံတော်မူသော ဒုံဟူ၍လည်းကောင်း၊ အဲဂုတ္တုဟူ၍ လည်းကောင်း အတွင်း အနက်အားဖြင့် ခေါ်ဝေါ်သောမြို့ကြီး၏လမ်း၌ အလောင်းကောင် တို့သည် နေရစ်ကြလိမ့်မည်။----မြေကြီးပေါ်မှာနေသော သူတို့သည် ထိုအလောင်းကောင်တို့ကိုမြင်သောအခါ ဝမ်းမြောက်၍ပျော်မွေ့ ခြင်းကိုပြုကြလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေး ကြလိမ့်မည်။ အကြောင်းမူကား အထက်က ထိုပုရောဖက်နှစ်ပါးတို့ သည်မြေကြီး ပေါ်မှာနေသောသူတို့ကို ပြင်းစွာနှောင့်ယှက်ညှဉ်းဆဲကြ သည်ဟု ငါ့အား ပြောဆိုလေ၏။ ထိုနောက် သုံးရက်ခွဲလွန်ပြီးလျှင် ဘုရားသခင်အထံတော်က အသက်ဝိညဉ်သည် သူတို့၌ဝင်သဖြင့် သူတို့သည် မတ်တတ်ထ၍ မြင်သမျှသော သူတို့သည် အလွန်ကြောက် ရွံ့ကြ၏”။ ဗျာဒိတ်ကျမ်း ၁၁:၂-၁၁။GCBur 277.4

    လပေါင်းလေးဆယ့်နှစ်လနှင့် ရက်ပေါင်းတစ်ထောင့်နှစ်ရာ့ ခြောက်ဆယ်သည် အတူတူပင်ဖြစ်သည်။ ထိုကာလအတွင်း ခရစ်တော်၏ အသင်းတော်သည် ရောမအသင်းတော်၏နှိပ်စက်မှုကို ခံ ခဲ့ကြရသည်။ ရက်ပေါင်းတစ်ထောင့်နှစ်ရာ့ ခြောက်ဆယ်ကို အေဒီ ၅၃၈ တွင်အစပြု၍ ၁၇၉၈ ခုနှစ်တွင် အဆုံးသတ်သည်။ ထိုအဆုံးသတ်ခုနှစ် တွင် ပြင်သစ်စစ်တပ်က ရဟန်းမင်းအား အကျဉ်းသားတစ်ဦးအဖြစ် ဖမ်းဆီးသွားခဲ့ရာ တိုင်းတစ်ပါးတွင်နေထိုင်စဉ်၌ သေဆုံး……………… သွားခဲ့သည်။ ရဟန်းမင်းအဖွဲ့သည် တန်ခိုးအာဏာရခဲ့သည့်အချိန်မှ စ၍ထိုအချိန်လောက် အာဏာတန်ခိုးမှေးမှိန်သောအချိန် မရှိတော့ပြီ။GCBur 278.1

    ရောမအသင်းတော်သည် နှိပ်စက်ညှဉ်းပန်းမှုများကို နှစ်ပေါင်း ၁၂၆၀ လုံးလုံးစဉ်ဆက်မပြတ် လုပ်ဆောင်နိုင်ခဲ့သည်တော့ မဟုတ် ပါချေ။ ဘုရားသခင်သည် မိမိ၏လူတို့အပေါ်ထားရှိသော ကရုဏာ တော်အားဖြင့် ဘာသာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းကို အသုံးပြုကာ နှိပ်စက်ညှဉ်းပန်းမှု ကာလကိုလည်း တိုတောင်းသွားစေခဲ့ပါသည်။GCBur 279.1

    ထိုသက်သေခံနှစ်ပါးမှာ ကယ်တင်ခြင်းစီမံကိန်းနှင့် ပညတ် တော်တို့၏ မူလအစပျိုးရာနေရာဖြစ်သည့်အပြင် တည်တံ့ခိုင်မြဲမှုများ အတွက် အရေးကြီးသော သက်သေများဖြစ်သည့် ဓမ္မသစ်ကျမ်းနှင့် ဓမ္မ ဟောင်းကျမ်းတို့ ဖြစ်ကြသည်။GCBur 279.2

    “သူတို့သည် လျော်တေအဝတ်ကိုဝတ်လျက် အရက်တစ် ထောင့်နှစ်ရာ့ ခြောက်ဆယ်ပတ်လုံး ပုရောဖက်ပြုကြလိမ့်မည်။” သမ္မာ ကျမ်းစာကို ပိတ်ပင်တားမြစ်ထားသောအချိန်တွင် ကျမ်းစာ၏သက် သေခံချက်သည် လမ်းလွဲသွားခဲ့သည်။ ကျမ်းစာမှအမှန်တရားများကို သက်သေခံသူများအား ၎င်းတို့၏ယုံကြည်ခြင်းကြောင့် အပ်နှံခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ အပြုခံရသလို ရှောင်တိမ်းထွက်ပြေး စေခဲ့ကြသည်။ GCBur 279.3

    ထိုအချိန်တွင် ဤသစ္စာရှိ သက်သေခံနှစ်ပါးသည် လျော်တေ အဝတ်ကိုဝတ်လျက် ပုရောဖက်ပြုခဲ့ကြသည်။ အမှောင်တကာ့အ မှောင်ဆုံးကာလတွင် သစ္စာရှိသူများအား နှုတ်ကပတ်တော်ကို ဟစ် ကြွေးဖွင့်ဆိုရန် ဉာဏ်ပညာနှင့် ဩဇာအာဏာကို ပေးသနားတော် မူခဲ့သည်။GCBur 279.4

    “တစ်စုံတစ်ယောက်သောသူသည် သူတို့ကိုညှဉ်းဆဲခြင်းငှာ အလိုရှိလျှင် သူတို့၏ခံတွင်းထဲက မီးထွက်၍ ရန်သူတို့ကိုမျိုတတ်၏။ တစ်စုံတစ်ယောက် သောသူသည် ထိုသူတို့ကိုညှဉ်းဆဲခြင်းငှာအလိုရှိ လျှင် ထိုသို့အသေသတ်ခြင်းကို ခံရမည်။” ဗျာဒိတ်ကျမ်း ၁၁:၅။ လူတို့ သည် ပြစ်ဒဏ်စီရင်ခြင်းကိုမခံရဘဲ နှုတ်ကပတ် တော်ကို နင်းချေခြင်းငှာ မစွမ်းနိုင်ကြပြီ။GCBur 280.1

    “သူတို့သည် သက်သေခံပြီးသောအခါ” အနက်ဆုံးတွင်း ထဲကတက်လာသောသားရဲ၏ ရန်ပြုခြင်းကိုခံကြရသည်။ ဤတွင် စာ တန်၏ အသစ်သောတိုက်ကွက်ကို တွေ့မြင်ရပြန်သည်။GCBur 280.2

    သမ္မာကျမ်းစာကို ရိုသေလေးစားထိုက်သည်ဟုဆိုကာ လူအ များမဖတ်နိုင်သော ဘာသာဖြင့်ရိုက်နှိပ်တံဆိပ်ခတ်ထားရန်မှာ ရောမ ၏ဝါဒဖြစ်ပါသည်။ ထိုကြောင့် ရောမအုပ်ချုပ်သောကာလတွင် ဓမ္မ ဟောင်း၊ ဓမ္မသစ်ကျမ်းစာ များသည် လျော်တေအဝတ်ကိုဝတ်လျက် ပုရောဖက်ပြုခဲ့ကြရပါသည်။ သို့ရာတွင် အနက်ဆုံးတွင်းထဲမှတက် လာသောသားရဲမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောင် ပြောင်တင်းတင်း တိုက်ခိုက်ပါတော့သည်။GCBur 280.3

    လမ်းများပေါ်တွင် သက်သေခံများကိုကွပ်မျက်ခဲ့သော ထိုမြို့ တော်ကြီး၊ အသေကောင်များ အတုံအရုံးဖြစ်နေသော ထိုမြို့တော် ကြီးမှာ ဝိညာဉ်ရေး ဆိုင်ရာအီဂျစ်ဖြစ်သည်။ ကျမ်းစာသမိုင်းတွင် အီဂျစ် ပြည်သည် အခြားတိုင်းပြည် များထက် ထာဝရဘုရား၏ တည်ရှိမှုကို ငြင်းဆန်သည်။ ပညတ်တော်များကို အန်တုသည်။ အီဂျစ်ပြည်မှ ဖာ ရောဘုရင်လောက် အခြားမည်သည့်ဘုရင်ကမှ ကောင်းကင်ဘုံရှင် ထာ ဝရဘုရားကို အန်တုဖက်ပြိုင်ရဲခြင်းမရှိခဲ့ချေ။ “ထာဝရဘုရားကိုငါမသိ၊ ဣသရေလအမျိုးသားတို့ကို ငါမလွှတ်” ဟု သူပြောဝံ့ခဲ့သည်။ ဤအရာသည် “ဘုရားမရှိဝါဒ” ပင်ဖြစ်သည်။ အီဂျစ် ပြည်ကို ကိုယ်စားပြုသော ထိုနိုင်ငံသည်လည်း ဘုရားကိုငြင်းဆန်သည့် အလားတူ စကားများကိုပြောကာ အန်တုလိုသော စိတ်ထားမျိုးကို ဖော်ပြလိမ့်မည်။GCBur 280.4

    “ထိုမြို့တော်ကြီးကို ဝိညာဉ်ရေးဆိုင်ရာ သောဒုံမြို့နှင့်လည်း ခိုင်းနှိုင်းထားပါသည်။ သောဒုံမြို့၏ ဖေါက်ပြန်ပျက်စီးမှုများတွင် အပျော်ကျူးခြင်းသည် အထင်ရှားဆုံးဖြစ်သည်။ ကျမ်းစာကို ပြည့်စုံစေသည့် ထိုတိုင်းပြည်၏ ထူးခြားချက်မှာလည်း ဤဒုစရိုက် ပင်ဖြစ်၏။ GCBur 281.1

    ပုရောဖက်၏အနာဂတ်ပြုချက်အရ ၁၇၉၈ ခုနှစ်မတိုင်မီက လေးတွင် စာတန်၏ဇာတိရုပ်မှန်ကို ဖေါ်ပြသည့် တချို့အာဏာတန်ခိုး များသည် သမ္မာကျမ်းစာကိုစစ်ပြုရန် ထွက်ပေါ်လာခဲ့လိမ့်မည်။ ဘုရား ၏ ဤသက်သေခံ နှစ်ပါးကို နှုတ်ဆိတ်စေသည့် ဤနိုင်ငံတွင် ဖာရော ဘုရင်၏ ဘုရားမရှိဝါဒနှင့် သောဒုံမြို့၏ အပျော်ကျူးမှုများသည် ထင်ရှားစွာထွက်ပေါ်လာလိမ့်မည်။GCBur 281.2