Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လမ်းမှားမလိုက်သော-ယုံကြည်သူသားသမီးများ

    သို့ရာတွင် ဘုရားသခင်၏သားသမီးများမှာမူ လမ်းမှားသို့ မလိုက်ကြချေ။ ထိုခရစ်တော်အတု၏သွန်သင်ချက်များသည် သမ္မာ ကျမ်းစာနှင့် မကိုက်ညီရုံသာမက ၎င်းပေးသောကောင်းချီးများသည် လည်း သားရဲ၏ရုပ်တုကို ကိုးကွယ်သူများအတွက်သာ ဖြစ်နေပါသည်။ ထိုအဖွဲ့အပေါ် ဘုရားသခင်၏အမျက်တော်ကျရောက်လိမ့်မည်ဟု သမ္မာကျမ်းစာကဖွင့်ဆိုထားပါသည်။GCBur 680.3

    ၎င်းပြင် ခရစ်တော်ကြွလာသည့်ပုံစံကို အတုပြုလုပ်ရန် စာတန်အခွင့် မရခဲ့ပါချေ။ ဤအချက်နှင့်ပတ်သက်သည့် လှည့်ဖြားမှု အကြောင်းကို ခရစ်တော် သတိပေးထားပြီးဖြစ်ပါသည်။ “ခရစ်တော် ၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပုရောဖက်တို့သည်ပေါ်လာ ၍ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက် အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုတို့ကို ပြုကြ လိမ့်မည်။GCBur 681.1

    ထိုကြောင့် သူတို့က ခရစ်တော်သည် တော၌ရှိသည်ဟု ဆို သော်လည်း မထွက်မသွားကြနှင့်။ တိုက်ခန်း၌ ရှိသည်ဟုဆိုသော် လည်းမယုံကြနှင့်။ လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင် အောင်ထွန်းလင်းသကဲ့သို့ လူသားသည် ကြွလာတော်မူလတ္တံ့။” မဿဲ ၂၄:၂၄-၂၇ (မဿဲ ၂၅:၃၁။ ဗျာ၊ ၁:၇။ ၁သက်၊ ၄:၁၆-၁၇ တို့ကို လည်းကြည့်ပါ)။ ကိုယ်တော်၏ကြွလာခြင်းကို အတုလုပ်လို့မရနိုင်ပါ။ ကြွလာသောအခါတွင် ကိုယ်တော်အား တစ်ကမ္ဘာလုံးက မြင်တွေ့ ကြရလိမ့်မည်။GCBur 681.2

    သမ္မာတရား၏နှစ်လိုဖွယ်များကို ရယူထားသည့် ကျမ်းစာ ကိုနှစ်နှစ် ခြိုက်ခြိုက်လေ့လာသူများသာလျှင် ကမ္ဘာကြီးအား စာတန်၏ သုံ့ပန်းဘဝ ရောက်စေမည့် လှည့်ဖြားမှုမှကွယ်ကာခြင်းခံကြရလိမ့် မည်။ထိုသူများသည် သမ္မာကျမ်းစာ၏သက်သေခံချက်များအရ စာတန်၏အယောင်ဆောင်မှုကို ထောက်လှမ်းသိရှိနိုင်ကြလိမ့်မည်။ ယခုတွင် သမ္မာကျမ်းစာအပေါ်တွင် ခိုင်ခိုင်မာမာအခြေပြုထားကြ သည့်ယုံကြည်သူများသည် ထိုဒုက္ခဆင်းရဲ ကာလတွင် မိမိတို့၏ အာရုံငါးပါးအလိုသို့လိုက်ကြလိမ့်ဦးမည်လား။ သမ္မာကျမ်းစာတစ် ခုတည်း ကိုသာ ၎င်းတို့စွဲကိုင်ထားကြမည်လား။GCBur 681.3

    အစိုးရ၏ကွယ်ကာမှုများကိုရုတ်သိမ်းကာ ပညတ်တော် စောင့်သူများ ကို ဖျက်ဆီးသတ်ဖြတ်မည့်သူများလက်ထဲသို့ ထည့်မည့် အမိန့်ဒီဂရီကို ခရစ်ယာန်အစိုးရများက ထုတ်ပြန်လာသောအချိန် တွင်ဘုရားသခင်၏ သားသမီးများသည် မိမိတို့၏အိုးအိမ်၊ မြို့ရွာ များကိုစွန့်ပစ်ကာ လူနေဝေးသည်တောအရပ်သို့ ထွက်ပြေးကြရမည်။ လူအများတို့သည် တောင်များတွင် လုံခြုံသောခိုဝင်အောင်းစရာနေ ရာများကို တွေ့ကြမည် ဖြစ်သော်လည်း နိုင်ငံအသီးသီးရှိ ဆင်းရဲ၊ ချမ်းသာ၊ အဖြူအမည်း၊ ဂုဏ်နိမ့် ဂုဏ်မြင့်အလွှာအသီးသီးမှ ယုံကြည် သူများစွာတို့မှာမူ မတရားချုပ်နှောင် ဖမ်းဆီးခြင်းကို ခံရလိမ့်မည်။ GCBur 682.1

    ကရုဏာတော်အရှင် ဘုရားသခင်သည် မိမိ သားသမီးများ အားအကျဉ်းထောင်များတွင် ထည့်ထားခြင်းအားဖြင့် လည်းကောင်း၊ ကွပ်မျက်ရန် စီရင်ချက်ချခြင်းအားဖြင့်လည်းကောင်း မှောင်မည်း သောအချုပ်ခန်းများတွင် အသေခံရန် ပစ်ထားခြင်းအားဖြင့် လည်းကောင်း၊ ဒုက္ခဆင်းရဲခြင်းနေ့ရက်များကို ကျော်လွှားစေတော် မူပါလိမ့်မည်။GCBur 682.2

    ဘုရားသခင်သည် ထိုကာလတွင် မိမိသားသမီးတို့ကို မေ့လျော့နေလိမ့် မည်လား။ ကိုယ်တော်သည် ဒုက္ခရောက်နေသည့် နောဧ၊ လောတ၊ ယောသပ်၊ ဧလိယ၊ ယေရမိနှင့် ဒံယေလတို့ကို မေ့လျော့တော်မူခဲ့ပါသလား။ ရန်သူများသည် ကိုယ်တော်၏သားသမီး များကို ထောင်ချထားနိုင်သော်လည်း ထောင်တံတိုင်းများသည် ၎င်းတို့နှင့် ဘုရားသခင်အကြားရှိဆက်သွယ်မှုကို မပြတ်တောက်နိုင် ပါချေ။ ကောင်းကင်တမန်များသည် ထိုအထီးကျန်အချုပ်ခန်းကျဉ်း ကျဉ်းကလေးများထဲရှိ ဘုရားသခင့်သားသမီးများထံသို့ ရောက် လာကြလိမ့်မည်။ GCBur 682.3

    ဖိလိပိအချုပ်ခန်းထဲတွင် ညသန်းခေါင်အချိန်၌ ရှင်ပေါလု တို့သီချင်းဆိုစဉ်က ဖြစ်ပျက်ခဲ့သကဲ့သို့ ထိုအကျဉ်းထောင်များသည် နန်းတော်များကဲ့သို့ဖြစ်လာကာ မှောင်မဲနေသောအခန်းများသည်လည်း ထွန်းလင်းလာပါလိမ့်မည်။GCBur 683.1

    ဘုရားသခင်၏စီရင်မှုသည် ကိုယ်တော်၏သားသမီးများကို လိုက်လံ ဖျက်ဆီးနေသူများအပေါ်သို့ ကျရောက်လိမ့်မည်။ အပြစ်ဒဏ် စီရင်ခြင်း အမှုသည် ဘုရားသခင်အတွက် “ထူးခြားသောအမှုတော်” ဖြစ်နေပါသည်။ ဟေရှာ၊ ၂၈:၂၁ (ယေဇကျေလ ၃၃:၁၁)။ “ထာဝ ရဘုရားသည်--- ချစ်သနားခြင်း မေတ္တာကရုဏာတော်နှင့်ပြည့်စုံ၍ စိတ် ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထ သော---- တရားတော်ကို လွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေ လွှတ်သော်လည်း အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူထသော” ဘုရားဖြစ်၏။ ထွက်၊ ၃၄:၆-၇။ ကာလကြာမြင့်စွာ ကိုယ်တော်သည် ခံတော်မူခဲ့သော်လည်း အပြစ်နှင့်ပြည့်ဝလျက်ရှိသော ထိုလူမျိုးတို့ သည်အဆုံးတွင် အမျက်တော် စပျစ်ရည်သန့်သန့်ကို သောက်ကြရ လိမ့်မည်။GCBur 683.2

    ခရစ်တော်သည် ကောင်းကင်ဗိမာန်တော်တွင် ဆောင်ရွက် နေသည့် ကြားဖျန်ဖြေရေးဆိုင်ရာ အမှုတော်ကို ရပ်ဆိုင်းလိုက်သော အချိန်တွင် သားရဲကို ကိုးကွယ်သူများအပေါ်သို့ ကရုဏာမဖက်သည့် အမျက်တော်ဖလားကို သွန်းလောင်းတော်မူလိမ့်မည်။ အီဂျစ်ပြည်၌ ကျရောက်ခဲ့သည်ကပ်များသည် ယုံကြည်သူများကို မကယ်လွှတ်မီ ဤကမ္ဘာပေါ်သို့ကျရောက်မည့် တရားစီရင်ခြင်းနှင့် ဆင်ဆင်တူနေ ပါသည်။ “သားရဲ၏တံဆိပ်လက်မှတ်ကိုခံ၍ သူ၏ရုပ်တုကို ကိုးကွယ် သောလူတို့၌ အလွန်ဆိုးသောအနာစိမ်းပေါက်လေ၏။” “ပင်လယ် သည်လူသေ၏အသွေး ကဲ့သို့သော အသွေးဖြစ်၏။” “မြစ်နှင့်စမ်း ရေတွင်းတို့သည် အသွေးဖြစ်ကြ၏” ဟု ရှင်ယောဟန်က ဖွင့်ဆို ထားပါသည်။ “ကောင်းကင်တမန်ကလည်း---- ကိုယ်တော်သည် ဤသို့တရားစီရင်တော်မူသည်အမှုမှာ ဖြောင့်မတ်တော်မူ၏။ ထိုသူ တို့သည် သန့်ရှင်းသူတို့၏အသွေး၊ ပုရောဖက်တို့၏အသွေးကို သွန်း လောင်းကြသည်ဖြစ်၍ သူတို့အား အသွေးကိုတိုက်တော်မူပြီ။ သူတို့ လည်း ခံထိုက်ကြပါ၏” ဟု ဆိုလေ၏။ ဗျာဒိတ် ၁၆:၂-၆။ ခရစ် တော်အချိန်က ယုဒများသည် ပုရောဖက်များကို သတ်ခဲ့သည့် ၎င်းတို့ ၏ဘိုးဘေးများ၏ စိတ်ဓါတ်မျိုးရှိနေကြသဖြင့် အာဗေလအချိန်မှစ ၍သန့်ရှင်းသူများ၏အသွေးကို သွန်းခဲ့ကြကြောင်း ကိုယ်တော်ရှင် မိန့်မြွက်ခဲ့ပါသည်။GCBur 683.3

    ကျရောက်နေသည့်ကပ်များတွင် “လူတို့ကိုမီးလောင်ရသော အခွင့်” ရရန် နေအပေါ်သို့ အမျက်တော်ဖလားကိုသွန်းလောင်း တော်မူ၏။ ဗျာ၊ ၁၆:၈။ ဤကြောက်စရာအချိန်ကာလနှင့်ပတ်သက်၍ ယောလဖွင့်ဆိုထားသည်မှာ “လယ်၌ရိတ်ရသောအသီးအနှံပျက်” လေ၏။ “တောသစ်ပင်ရှိသမျှတို့သည် ညှိုးနွမ်းကြ၏။ အကယ်စင် စစ်လူသားတို့၌ ဝမ်းမြောက်စရာအကြောင်းသည် သွေ့ခြောက်၏။” “တိရစ္ဆာန်တို့သည် အလွန်မြည်တမ်းကြ၏။ နွားစုတို့သည် ကျက် စားရာအရပ်မရှိသောကြောင့် ပင်ပန်းကြ၏။ ---- မြစ်ရေခန်းခြောက် ပါပြီ။ တော၌ကျက်စားရာအရပ်တို့ကိုလည်း မီးလောင်ပါပြီ” ဟူ၍ ဖြစ်၏။ ယောလ ၁:၁၁၊ ၁၂၊ ၁၈-၂၀။ ဤကပ်များသည် စကြဝဠာအတိုင်းအတာဖြင့် ကျရောက်မှာ မဟုတ်သော်လည်း အလွန်မတန်ကြောက်စရာကောင်းလောက် အောင်ပြင်းထန်လိမ့်မည်။ ကရုဏာတံခါးမပိတ်မီ ကျရောက်သောပြစ် ဒဏ်များတွင် ဘုရား၏ကရုဏာတော်ပါရှိနေပါသည်။ ပြည့်ဝသည့် အတိုင်းအတာအထိ မခံစားရစေရန် အပြစ်သားအား ခရစ်တော်၏ အသွေးတော်က ကာကွယ်ပေး ထားပါသည်။ သို့ရာတွင် နောက်ဆုံး သောတရားစီရင်ခြင်းတွင်မူ ပြစ်ဒဏ်စီရင် မှု၌ ကရုဏာတော်မပါ တော့ချေ။ ထိုအချိန်တွင် ၎င်းတို့အလေးမထားခဲ့သည့် ကရုဏာ တော်၏ကာကွယ်မှုကိုရရန် လူထုကြီးက ဆန္ဒပြင်းပြကြလိမ့်မည်။GCBur 684.1

    ဘုရားသခင်၏သားသမီးများမှာမူ နှပ်စက်ညှဉ်းပန်းခြင်းခံ ရစဉ်အစားအစာချို့တဲ့မှုများ၊ စိတ်ဆင်းရဲမှုများနှင့်ရင်ဆိုင်ရစဉ် ပျက်စီးခြင်းသို့ ရောက်ရန် ပစ်ထားခြင်းခံကြရလိမ့်မည်မဟုတ်ပါ။ “ထိုသူအား အစာကိုအစဉ် ပေးရလိမ့်မည်။ သောက်ရေလည်းမပြတ် ရ။” “ငါထာဝရဘုရားသည် သူတို့ စကားကိုနားထောင်မည်။ ဣသရေ လအမျိုး၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကိုမစွန့်။” ယေရှာယ ၃၃:၁၆။ ၄၁:၁၇။GCBur 685.1

    သို့ရာတွင် လူတို့၏အမြင်တွင်မူ ဘုရားသခင်၏သားသမီး များသည် ၎င်းတို့ရှေ့က မာတုရသေခြင်းနှင့်ရင်ဆိုင်သွားခဲ့ရသူများ နည်းတူ ၎င်းတို့၏ သက်သေခံချက်ကို ၎င်းတို့၏အသွေးဖြင့် တံဆိပ် ခတ်တော့မလို ဖြစ်နေလိမ့်မည်။ ထိုအချိန်သည် အလွန့်အလွန်ပြင်း ထန်သည့်ဝေဒနာကို ခံစား ရမည့်အချိန်ဖြစ်ပါသည်။ “အခုတော့ မင်းတို့ယုံကြည်ခြင်းတွေ ဘယ်ရောက်ကုန် ပြီလဲ။ မင်းတို့ဟာ ဘုရား သခင်ရဲ့ သားသမီးများတကယ်ဖြစ်တယ်ဆိုရင် ငါ့တို့လက်ထဲက ဘာကြောင့် ဘုရားကမကယ်နုတ်တော့တာလဲ” ဟူသောစကားများ ကိုပြောကာ ဆိုးယုတ်သူများသည် မြူးထူးနေကြမည်ဖြစ်သော်လည်း ကိုယ်တော်၏ သားသမီးများသည် ကပ်တိုင်ပေါ်တွင် အသေခံတော် မူခဲ့သည့်ခရစ်တော်ကို သတိရအောက်မေ့ကာ ယာကုပ်ကဲ့သို့ ဘုရား သခင်နှင့် နပန်းသတ်ကြလိမ့်မည်။GCBur 685.2