Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၁၄။—ဘုရားသခင်၏ အိမ်တော်။

    နှိမ့်ချ၍ ယုံကြည်သော ဝိညာဉ်အဖို့ ဘုရားသခင်၏ အိမ်တော်သည် မြေကြီးပေါ်၌ ကောင်းကင် တံခါးဝ ဖြစ်၏။ ချီးမွမ်းသီချင်း၊ ဆုတောင်းခြင်း၊ သခင်ခရစ်တော်၏ ကိုယ်စားတော်များက ဟောပြောသော စကားများသည် ထက်ရပ်ရှိ အသင်းတော်အတွက်၊ ညစ်ညူးသော အရာ တစ်စုံတစ်ခုမျှ မဝင်နိုင်သော သာ၍ မြင့်မြတ်သော ဝတ်ပြုခြင်း စည်းဝေးအတွက် လူတစ်မျိုးကို ပြင်ဆင်ရာတွင် ဘုရားသခင် စီမံ ခန့်ထားသော အလုပ်များ ဖြစ်သည်။CCB1 228.1

    အိမ်သည် အိမ်တော်အတွက် သန့်ရှင်းရာ ဋ္ဌါန ဖြစ်သည်။ တိတ်ဆိတ်သော အခန်း သို့မဟုတ် သစ်ပင် အရိပ်အောက်သည် တစ်စုံတစ်ယောက် ဝတ်ပြုကိုးကွယ်ရန် အဆိတ်ငြိမ်းဆုံး နေရာ ဖြစ်သည်။ သို့ရာတွင် စည်းဝေး ဇရပ်သည် လူအစုအဝေးအတွက် သန့်ရှင်းရာ ဋ္ဌာန ဖြစ်သည်။ ဝတ်ပြုကိုးကွယ်ခြင်းအတွက် အချိန်၊ နေရာ၊ နည်းလမ်းတို့နှင့် စပ်ဆိုင်၍ စည်းကမ်း ဥပဒေများ ရှိသင့်သည်။ သန့်ရှင်းသော အရာ၊ ဘုရားဝတ်ပြုကိုးကွယ်ရေး နှင့် ဆိုင်သော အရာ တစ်စုံတစ်ခုကိုမျှ ပေါ့ဆ၊ သတိကင်းမဲ့စွာ မပြုအပ်။ ဘုရားသခင်အား ချီးမွမ်းရာ၌ လူတို့သည် အကောင်းဆုံးကို ပြုလုပ်နိုင်မည် အကြောင်း၊ သူတို့၏ စိတ်ကူးများသည် သန့်ရှင်းသော အရာကို ရိုးရိုး အရာမှ အမြဲ ခွဲခြား သိရှိရကြလိမ့်မည်။ ကျယ်ဝန်းသော စိတ်ကူး ရှိ၍ မြင့်မြတ်သော အကြံအစည်၊ အလိုဆန္ဒ ရှိသော သူတို့သည် ဘုရားနှင့် ဆိုင်သော အကြံအစည် အပေါင်းကို တိုးပွားစေသော စိတ်ကူး ရှိသူတို့ ဖြစ်ကြသည်။ မြင့်မြတ် ကြီးကျယ်သည် ဖြစ်စေ၊ သေးငယ် ညံ့ဖျင်းသည် ဖြစ်စေ၊ မြို့ကြီး၌ ဖြစ်စေ၊ ကြမ်းတမ်းသော ဥမင်ထဲ၌ ဖြစ်စေ၊ ညံ့သော တဲကလေး၌ ဖြစ်စေ၊ တောထဲ၌ ဖြစ်စေ၊ မိမိတို့၌ သန့်ရှင်းရာ ဋ္ဌာန ရှိသော သူတို့သည် ပျော်ရွှင်ဖွယ် ကောင်းပေသည်။ သူတို့သည် မိမိတို့ သခင်ဘုရားအတွက် တတ်နိုင်သမျှ အကောင်းဆုံး နေရာကို ရရှိနိုင်လျှင်၊ ကိုယ်တော်သည် မိမိ ကိုယ်တော်တိုင် ကြွလာတော်မူခြင်းဖြင့် ထိုနေရာကို သန့်ရှင်းစေတော်မူသဖြင့်၊ ၎င်းနေရာသည် ကောင်းကင်ဗိုလ်ခြေ ထာဝရဘုရားအဖို့ သန့်ရှင်းလာလိမ့်မည်။CCB1 228.2