Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကလေးများအား နှစ်ခြင်းမင်္ဂလာအတွက ပြင်ဆင်ပေးခြင်း။

    နှစ်ခြင်းခံဖို့ အလိုရှိကြသော သားသမီးတို့၏ မိဘတို့၌ လုပ်ဆောင်ရန် အလုပ် တစ်ခု ရှိသည်။ ၎င်းကား မိမိတို့ကိုယ်ကို စစ်ဆေး ကြည့်ရှုခြင်း နှင့် မိမိတို့၏ သားသမီးတို့အား သစ္စာနှင့် သွန်သင်ပေးခြင်း၌ ပြုလုပ်ရန် လိုသော အမှု ဖြစ်သည်။ နှစ်ခြင်းခံခြင်းသည် အလွန် သန့်ရှင်း၍ အရေးကြီးသော မင်္ဂလာ တစ်ခု ဖြစ်သဖြင့်၊ ၎င်း၏ အနက်အဓိပ္ပါယ်ကို သေချာစွာ သိရှိနားလည်အပ်ပါသည်။ ၎င်းသည် အပြစ်အတွက် နောင်တရ၍ သခင်ယေရှုခရစ်၌ အသစ်သော အသက်တာထဲသို့ ဝင်ရောက်လာခြင်းကို ဆိုလို၏။ နှစ်ခြင်းမင်္ဂလာကို အချိန်မကျဘဲ အလျင်အမြန် ပြုလုပ်ဖို့ မသင့်။ မိဘ နှင့် သားသမီးများအား နှစ်ခြင်းခံစေဖို့ရန် သဘောတူခြင်းအားဖြင့် မိဘတို့သည် မိမိတို့၏ သားသမီးများ၏ အကျင့်စာရိတ္တကို တည်ဆောက်ပေးရာတွင် သူတို့အား လမ်းပြပေးရန် သူတို့အတွက် သစ္စာရှိသော ဘဏ္ဍာစိုးများ ဖြစ်လာစေခြင်းငှါ မိမိတို့ ကိုယ်တိုင် သန့်ရှင်းစွာ ဂတိဝန်ခံချက် ပြုကြသည်။ ဤသိုးသငယ် တစ်စုသည် မိမိတို့ ဝန်ခံသော ယုံကြည်ခြင်းတရားကို မရှုတ်ချဘဲ နေကြမည် အကြောင်း၊ သူတို့ကို အထူး စိတ်ပါဝင်စားစွာ စောင့်ရှောက်ကာကွယ်ကြပါမည်ဟု မိဘတို့က ဂတိဝန်ခံချက် ပြုကြသည်။CCB1 336.1

    အလွန် ငယ်ရွယ်သောအခါကပင် သားသမီးတို့အား ဘာသာတရားကို သွန်သင်ပေးရမည်။ အပြစ်တင်သော သဘောနှင့် မဟုတ်ဘဲ၊ စေတနာထက်သန်၍ အားရရွှင်မြူးသော သဘောနှင့် သွန်သင်ပေးရမည်။ မိခင်တို့ မသိမမြင်နိုင်သော အခြေအနေမျိုး၌ စုံစမ်းသွေးဆောင်ခြင်း အမှုသည် မိမိ၏ သားသမီးတို့ အပေါ်သို့ မရောက်ရမည် အကြောင်း၊ မိခင်တို့သည် အမြဲသဖြင့် စောင့်ကြည့်နေရကြမည်။ မိဘတို့သည် မိမိတို့၏ သားသမီးတို့အား သင့်တော်၍ နှစ်သက်ဖွယ် ဖြစ်သော သွန်သင်ချက်များဖြင့် ကာကွယ် စောင့်ရှောက်ရကြမည်။ အတွေ့အကြုံ မရှိသော ဤ သူတို့၏ အကောင်းဆုံး မိတ်ဆွေ အဖြစ်နှင့် မိဘတို့သည် သူတို့အား အောင်မြင်ခြင်း အလုပ်တွင် မစကူညီရကြမည်။ အကြောင်းကား၊ သူတို့အဖို့ အရာခပ်သိမ်း၌ အောင်မြင်ခြင်း ရှိရမည်ဟု ဆိုလိုပေသည်။ မှန်သော အမှုကို ပြုလုပ်ရန် ကြိုးစားနေသော မိမိတို့ ချစ်ခင်သော သားသမီးတို့သည် ထာဝရဘုရား၏ အိမ်ထောင်တွင် ငယ်ရွယ်သော သူများ ဖြစ်ကြသည်ဟု မိဘတို့က ထင်မှတ်ကြလျက်၊ ကောင်းကင်ရှင်ဘုရင်၏ စကားတော်ကို လိုက်နာခြင်း အမှုတွင် သူတို့အား ဖြောင့်သော လမ်းကို လိုက်လျှောက်စေရန် ကူညီမစရာ၌ အလွန်ပင် စိတ်ပါဝင်စားခြင်း ရှိအပ်ကြသည်။ ဘုရားသခင်၏ သားသမီး ဖြစ်ရခြင်း နှင့် ဘုရားသခင်၏ စကားတော်ကို နားထောင်ရာ၌ အလိုတော်ကို လိုက်နာခြင်းတို့သည် အဘယ်သို့ ဆိုလိုကြောင်းကို သူတို့သည် သားသမီးများအား မေတ္တာ နှင့် စိတ်အားထက်သန်စွာ တစ်နေ့ပြီး တစ်နေ့ သွန်သင်ပေးရကြမည်။ ဘုရားသခင်၏ စကားတော်ကို နားထောင်ခြင်းသည် မိဘ၏ စကားကို နားထောင်ခြင်း ဖြစ်ကြောင်း သူတို့အား သွန်သင်ပါ။ ဤအမှုကို နေ့တိုင်း၊ နာရီတိုင်း ဆောင်ရွက်ရကြမည်။ မိဘတို့၊ စောင့်ကြည့်နေကြပါ၊ ဆုတောင်းလျက် စောင့်ကြည့်နေပါ။ ၎င်းပြင် သင်တို့၏ သားသမီးများကို သင်တို့၏ အပေါင်းအဖော်၊ မိတ်ဆွေများ ဖြစ်ပါစေ။CCB1 336.2

    သူတို့၏ အသက်တာတွင် ပျော်ရွှင်စရာ အကောင်းဆုံးသော အချိန်ရောက်လာ၍ သူတို့သည် စိတ်နှလုံးထဲ၌ သခင်ယေရှုကို ချစ်လျက် နှစ်ခြင်းခံဖို့ အလိုရှိလာသောအခါ၊ သူတို့နှင့် သစ္စာရှိစွာ ပြုမူပါ။ မင်္ဂလာကို မခံယူမီ၊ အသက်တာတွင် ဘုရားသခင်၏ အမှုတော် ဆောင်ရွက်ခြင်း အမှုသည် သူတို့၏ ပထမဦးဆုံး ရည်ရွယ်ချက် ဖြစ်သလောဟု သူတို့ကို မေးကြည့်ပါ။ ထိုနောက် မည်ကဲ့သို့ အစပြု ဆောင်ရွက်ရမည်ကို သူတို့အား ပြောပြပါ။ ဤအရာသည် သူတို့အတွက် များစွာ အဓိပ္ပါယ် သက်ဝင်သော ပဋ္ဌမ သင်ခန်းစာများ ဖြစ်ကြပါသည်။ ဘုရားသခင်အဖို့ ပဋ္ဌမဦးစွာ မည်ကဲ့သို့ အမှုဆောင်ရွက်ပေးရမည်ကို သူတို့အား ရိုးရိုးကလေးနှင့် သွန်သင်ပေးပါ။ အလုပ်ကို တတ်နိုင်သမျှ နားလည်လွယ်အောင် ပြုလုပ် စီမံပေးပါ။ ခရစ်ယာန် မိဘတို့၏ အကြံဉာဏ်ပေးချက်အတိုင်း၊ ထာဝရဘုရားအား ကိုယ်ကို ဆက်ကပ်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်က ညွှန်ပြသည်အတိုင်း ပြုမူ ဆောင်ရွက်ခြင်းတို့သည် အဘယ်သို့ ဆိုလိုကြသည်ကို ရှင်းလင်းပြပါ။CCB1 337.1

    သစ္စာနှင့် ကြိုးစားဆောင်ရွက်ပြီးနောက်၊ သင်၏ သားသမီးတို့သည် စိတ်နှလုံး ပြောင်းလဲခြင်း နှင့် နှစ်ခြင်းမင်္ဂလာ၏ အနက်အဓိပ္ပါယ်ကို သိရှိနားလည်၍ အမှန်ပင် စိတ်နှလုံး ပြောင်းလဲကြသည်ကို သင်သည် စိတ်ကျေနပ်ဖွယ် သိရှိရလျှင်၊ သူတို့အား နှစ်ခြင်းမင်္ဂလာကို ခံယူပါစေ။ သို့ရာတွင် သူတို့၏ မ ကျွမ်းကျင်သော ခြေကို နားထောင်ခြင်းတည်းဟူသော ကျဉ်းမြောင်းရာ လမ်းတွင် လမ်းပြရာ၌ သိုးထိန်း အဖြစ် ပြုမူရန် ရှေးဦးစွာ သင်တို့ ကိုယ်တိုင် ပြင်ဆင်ထားကြပါဟု ကျွန်ုပ်က ထပ်မံ ပြောဆိုလိုပါသည်။ မိဘတို့သည် မိမိတို့၏ သားသမီးများအား ချစ်ခြင်းမေတ္တာ၊ ယဉ်ကျေးမှု နှင့် ခရစ်ယာန် နှိမ့်ချခြင်းတွင် လည်းကောင်း၊ ကိုယ်ကို သခင်ခရစ်တော်အား လုံးလုံး ဆက်ကပ်ပေးအပ်ခြင်း အမှုတွင် ၎င်းမှန်သော ပုံသက်သေကို ပြနိုင်ကြမည် အကြောင်း၊ ဘုရားသခင်သည် မိဘတို့ကို ပြုပြင်ပေးရမည်။ သင်၏ သားသမီးတို့အား နှစ်ခြင်းခံစေဖို့ သဘောတူညီပြီးနောက်၊ သူတို့ သဘောအတိုင်း ပြုမူစေရန် သူတို့ကို ပစ်ထားလျက် ဖြောင့်သော လမ်း၌ သူတို့၏ ခြေကို စောင့်ရှောက်ပေးဖို့ ထူးခြားသော တာဝန် မရှိဟု ထင်မှတ်ခဲ့လျှင်၊ သူတို့သည် သမ္မာတရား၌ ယုံကြည်ခြင်း၊ ရဲရင့်ခြင်း နှင့င် စိတ်ပါဝင်စားခြင်း ကင်းမဲ့နေကြလျှင်၊ သင်တို့ ကိုယ်တိုင်၌ တာဝန်ခံယူရကြမည်။CCB1 337.2

    နှစ်ခြင်းခံလို၍ ကြီးပြင်းလာကြသော ယောက်ျား၊ မိန်းမတို့သည် ငယ်ရွယ်သော ကလေးသူငယ်တို့ထက် မိမိတို့၏ တာဝန်ကို သာ၍ သိရှိနားလည်အပ်ပါသည်။ သို့ရာတွင် သင်းအုပ်ဆရာ၌ ဤဝိညာဉ်များအတွက် ပြုလုပ်စရာ တာဝန်များ ရှိသည်။ သူတို့နှင့် အထူး တွေ့ဆုံ ဆွေးနွေးရခြင်းသည် သင်းအုပ်ဆရာ၏ တာဝန် ဖြစ်သည်။ သူတို့အား ကျမ်းစာ ဖတ်ပြ၊ ဆွေးနွေး၍ သူတို့နှင့် အတူ ဆုတောင်းပြီးလျှင် သူတို့ အပေါ်၌ ထာဝရဘုရား တောင်းဆိုတော်မူသော အရာတို့ကို ထင်ရှားစွာ ဖော်ပြပါ။ စိတ်နှလုံး ပြောင်းလဲခြင်းနှင့် စပ်ဆိုင်၍ ကျမ်းစာ၏ သြဝါဒများကို သူတို့အား ဖတ်ပြပါ။ ပြောင်းလဲခြင်း၏ အကျိုး၊ ဘုရားသခင်ကို သူတို့က ချစ်ကြောင်း ပြရသော သက်သေသည် အဘယ်အရာ ဖြစ်သည်ကို ပြောပြပါ။ မှန်သော ပြောင်းလဲခြင်းသည် စိတ်နှလုံး၊ အကြံအစည်၊ ရည်ရွယ်ချက်မှ စ၍ ပြောင်းလဲခြင်း ဖြစ်သည်ကို ဖော်ပြပါ။ မကောင်းသော အကျင့် အပြုအမူတို့ကို စွန့်ပစ်ရမည်။ မကောင်း ပြောဆိုခြင်း၊ မနာလို ငြူစူခြင်း၊ နားမထောင်ခြင်း အပြစ်များကို ပယ်ရှားရမည်။ မကောင်းသော အကျင့်စာရိတ္တ အနည်းငယ်တိုင်းကိုပင် တိုက်ခိုက် တွန်းလှန်ပစ်ရမည်။ ထိုနောက် ယုံကြည်သော သူသည် နားလည်ခြင်း နှင့် “တောင်းကြလော့၊ တောင်းလျှင် ရလိမ့်မည်” ဟူသော ဂတိတော်ကို တောင်းခံနိုင်သည်။16T 91-99.CCB1 338.1