Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကိုယ်ကို ငြင်းပယ်ခြင်း နှင့် ဆက်ကပ်ပူဇော်ခြင်း သဘော။

    ဘုရားသခင် သားတော်၏ အကန့်အသတ် မရှိသော ဆက်ကပ်ပူဇော်ခြင်းအားဖြင့် ကယ်တင်ခြင်း စီမံကိန်းကြီးကို ပြုလုပ်ခဲ့လေပြီ။ သခင်ခရစ်တော်၏ လက်ဝါးကပ်တိုင်မှ ထွန်းတောက်နေသော ဧဝံဂေလိ အလင်းတရားသည် ကိုယ်ကျိုးရှာမှုကို ဆုံးမ ပြစ်တင်၍ ရက်ရောခြင်း၊ စွန့်ကြဲပေးကမ်းခြင်း အမှုတို့ကို အားပေးတိုက်တွန်း၏။ အလှူပေးရန် တိုး၍ ခေါ်ဖိတ်နေသည်မှာ ညည်းညူစရာ အကြောင်း မဟုတ်ပါ။ ဘုရားသခင်သည် မိမိ စီမံတော်မူသော အမှုတွင် မိမိ၏ လူတို့အား အနည်းငယ်သော လုပ်ငန်းမှ ထွက်လျက် ကြီးကျယ်သော လုပ်ငန်းကြီးများကို ဝင်ရောက် လုပ်ကိုင်ရန် ခေါ်ဖိတ်လျက် ရှိတော်မူသည်။ အကျင့်မှောင်မိုက်သည် လောကကို ဖုံးလွမ်းနေသော ဤအချိန်၌ အကန့်အသတ် မရှိသော ကြိုးပမ်းမှုကို ဆောင်ရွက်ဖို့ လိုပါသည်။ လောကီ တပ်မက်ခြင်း နှင့် လောဘလွန်ကျူးခြင်း သဘောများသည် ဘုရားသခင်၏ လူတို့အထဲတွင် စွဲမြဲလျက် ရှိနေလေပြီ။ သူတို့ အလိုရှိသော ဥစ္စာများကို တိုးပွားများပြားစေသော အရာမှာ ဘုရားသခင်၏ ကရုဏာတော် ဖြစ်ကြောင်းကို သူတို့ သိရှိရကြမည်။ ဘုရားသခင်၏ ကောင်းကင်တမန်သည် ပေးကမ်းစွန့်ကြဲခြင်း အမှုကို ဆုတောင်းခြင်းနှင့် အတူ ထား၏။ ကောင်းကင်တမန်က ကော်နေလိအား၊ “သင် ပြုသော ဆုတောင်းပဋ္ဌနာ နှင့် စွန့်ကြဲပေးကမ်းခြင်းတို့သည် ဘုရားသခင် ရှေ့တော်၌ အောက်မေ့စရာဖို့ တက်ကြပြီ” ဟု ပြောဆို၏။ တ၊ ၁၀: ၄။263T 405;CCB1 172.1

    သင်၏ အိမ်တော်၌ ချွေတာခြင်းကို အကျင့်ပြုလုပ်ပါ။ အများသော သူတို့သည် ရုပ်တုကို တည်ထား၍ ကိုးကွယ်နေကြသည်။ သင်၏ ရုပ်တုတို့ကို ပယ်ရှားပါ။ သင်၏ ကိုယ်ကျိုး ရှာတတ်သော အကြံကို စွန့်ပစ်ပါ။ သင်၏ အိမ်ကို လှပအောင် ပြုပြင်မွမ်းမံရာ၌ ငွေကြေး အကုန်အကျ များစွာ မခံပါနှင့်ဟု သင့်ကို ကျွန်ုပ် တောင်းပန်ပါသည်၊ ကြောင်းက ထိုငွေတို့သည် ဘုရားသခင်၏ ငွေများ ဖြစ်၍ သင့်ထံ၌ တစ်ဖန် တောင်းယူလိမ့်မည်။ မိဘများတို့၊ သခင်ခရစ်တော်၏ အကျိုးကျေးဇူးအတွက် သင်၏ သားသမီးများ နှစ်သက်သော အရာ များကို ဝယ်ဖို့ ထာဝရဘုရား၏ ငွေကို အသုံးမပြုပါနှင့်။ လောက၌ ထင်ပေါ်စေခြင်းငှါ ခေတ်လိုက်စားခြင်း အမှုကို သူတို့အား သွန်သင်မပေးပါနှင့်။ ဤအရာသည် သူတို့အား ဝိညာဉ် ကယ်တင်စေဖို့ ဆွဲဆောင်နိုင်မည်လော။ ထိုဝိညာဉ်တို့အတွက် သခင်ခရစ်တော်သည် အသေခံတော်မူပြီ၊ မဖြစ်နိုင်ပါ။ ၎င်းတို့သည် မနာလိုခြင်း၊ ငြူစူခြင်း နှင့် မကောင်း ပြောဆိုခြင်း အကျင့်တို့ကို ပွားစေလိမ့်မည်။ သင်၏ သားသမီးတို့သည် လောက၏ ပြုမူဟန်ပြခြင်း၊ သုံးဖြုန်းခြင်းတို့ကို လိုက်နာပြုကျင့်လျက် ဂုဏ်ပြိုင်လာပြီးလျှင်၊ ကျန်းမာရေး၊ ပျော်ရွှင်ရေးအတွက် အရေးမကြီးသော အရာတို့အတွက် ထာဝရဘုရား၏ ငွေကို ဖြုန်းတီးကြလိမ့်မည်။CCB1 172.2

    သားသမီးတို့၏ ကြွားဝါခြင်း၊ ဖြုန်းတီးခြင်း၊ အလှအပ ဟန်ပြခြင်းကို နှစ်သက်ခြင်းဖြင့် သင်၏ မေတ္တာကို ထင်ရှားစေပြီဟု သားသမီးများအား ထင်မှတ်စေရန် သွန်သင်မပေးပါနှင့်။ ငွေကို ဖြုန်းဖို့ နည်းလမ်းများကို ရှာဖွေနေဖို့ ယခု အချိန် မရှိတော့ချေ။ ချွေတာ သုံးစွဲဖို့ နည်းလမ်းကို ရှာဖွေရန် သင်၏ အစွမ်းသတ္တိကို အသုံးမပြုပါ။ ဆင်ခြင်တတ်သော အစွမ်းသတ္တိကို ပျက်စီးစေတတ်သော အရာများအတွက် ငွေကို ဖြုန်းတီးလျက် ကိုယ့်အလိုဆန္ဒကို ဖြည့်စွက်ခြင်း အစား၊ အသစ်သော နယ်များတွင် သမ္မာတရား၏ အလံတော်ကို မြှင့်တင်ရေးအတွက် တစ်စုံတစ်ခုကို ပေးလှူနိုင်မည် အကြေင်း ကိုယ်ကို မည်ကဲ့သို့ ငြင်းပယ်ရမည်ကို လေ့လာဆည်းပူးပါ။ ပိုင်းခြား သိတတ်သော ဉာဏ်သည် စွမ်းရည်သတ္တိ တစ်ခု ဖြစ်၏။ ဝိညာဉ်များကို ကယ်ဆယ်ရေးအတွက် သင်၏ ဥစ္စာဘဏ္ဍာကို မည်ကဲ့သို့ အကောင်းဆုံး အသုံးပြုရမည်ကို လေ့လာရာ၌ ၎င်းဉာဏ်ကို အသုံးပြုပါ။276T 450, 451;CCB1 173.1

    အခြားသူတို့၏ ကောင်းကျိုးကို ရှာရန် ကိုယ်ကို ငြင်းပယ်၍ မိမိတို့ ကိုယ်တိုင် နှင့် မိမိတို့၌ ရှိသမျှကို သခင်ခရစ်တော်၏ အမှုတော်အတွက် အသုံးပြုသော သူတို့သည် ကိုယ်ကျိုး ရှာသူတို့ ရှာ၍ မရနိုင်သော ပျော်မွေ့ခြင်းမျိုးကို သိမြင် ရရှိကြလိမ့်မည်။ ကျွန်ုပ်တို့၏ ကယ်တင်ရှင်က၊ “သင်တို့တွင် အကြင်သူသည် မိမိ၌ ရှိသမျှကို မစွန့်ဘဲ နေ၏။ ထိုသူသည် ငါ့ တပည့် မဖြစ်နိုင်ရာ” ဟု မိန့်တော်မူ၏။ လု၊ ၁၄: ၃၃။ မေတ္တာသည် “ကိုယ်အကျိုးကို မရှာတတ်။” ဤအရာကား သခင်ခရစ်တော်၏ အသက်တာ၌ ထူးခြားထင်ရှားသော ကိုယ်ကျိုး မ ရှာသော မေတ္တာ နှင့် ပေးကမ်းစွန့်ကြဲခြင်း သဘော၏ အသီး (အကျိုး) ဖြစ်သည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးတွင် ဘုရားသခင်၏ ပညတ်တော် တည်ရှိနေခြင်းကြောင့် မိမိ၏ အကျိုးကို မစဉ်းစားတော့ဘဲ မြင့်မြတ်၍ ထာဝရကာလနှင့် ဆိုင်သော အရာတို့ကိုသာ ဆင်ခြင်စဉ်းစားလာလိမ့်မည်။283T 397CCB1 173.2