Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဒုက္ခရောက်သူကို မည်ကဲ့သို့ မစကူညီရမည်နည်း။

    ဒုက္ခရောက်သော သူတို့ကို မစကူညီသော နည်းလမ်းများကို သေချာစွာနှင့် လည်းကောင်း၊ ဆုတောင်းခြင်းနှင့် လည်းကောင်း ဆင်ခြင် စဉ်းစားရမည်။ ဘုရားသခင် ဖန် ဆင်းထားတော်မူသော သတ္တဝါကို မည်ကဲ့သို့ ကူညီရမည်ကို အမြင် တိုသော သေတတ်သော သူထက် ဘုရားသခင်သည် သာ၍ သိရှိတော်မူသောကြောင့်၊ကျွန်ုပ်တို့သည် ဘုရားသခင် ထံတော်မှ ပညာကို ရှာဖွေရကြမည်။ အကူအညီ တောင်းသော သူတိုင်းအား ဝေဖန် ပိုင်းခြားခြင်း မရှိဘဲ ပေးကမ်းတတ်သော သူ အချို့ ရှိကြသည်။ ဤအချက်၌ သူတို့သည် မှားကြ၏။ ဒုက္ခရောက်သော သူတို့ကို ကူညီရာ၌ မှန်ကန်သော အကူအညီမျိုးကို ပေးဖို့ ကျွန်ုပ်တို့သည် သတိပြုရမည်။ အကူအညီ ရရှိလာသောအခါ၊ မိမိ ကိုယ်ကို အထူး ဒုက္ခရောက်နေသော အခြေအနေ၌ ဆက်လက် တည်ရှိနေစေအောင် ပြုလုပ်နေကြမည့် သူများ ရှိကြသည်။ သူတို့သည် အားကိုးစရာ ရှိသမျှ ကာလ ပတ်လုံး အားကိုးနေကြလိမ့်မည်။ ဤသူတို့အား မသင့်သော အချိန်တွင် မသင့်သော အကူအညီကို ပေးခြင်းဖြင့်၊ သူတို့အား ပျင်းရိစေခြင်း၊ အားကိုးရာမဲ့ခြင်း၊ အသုံးကြီးခြင်း၊ သေအရက် သောက်စားခြင်းတို့ကို ဖြစ်စေရန် ကျွန်ုပ်တို့က အားပေးရာ ရောက်တတ်ပေသည်။CCB1 254.3

    ကျွန်ုပ်တို့သည် ဆင်းရဲသော သူအား ပေးသောအခါ၊ ငါသည် အသုံးအဖြုန်း ကြီးမှုကို အားပေးနေသလား။ ငါသည် သူတို့ကို ကူညီနေသလား သို့မဟုတ် ပျက်စီးနေစေသလားဟု ဆင်ခြင်ရမည်။ မိမိ အသက်မွေးမှုကို ရှာကြံနိုင်သော သူ တစ်ယောက်မျှ အခြားသော သူတစ်ဦး အပေါ်၌ အားကိုး မှီခိုနေဖို့ မသင့်။CCB1 255.1

    ဆင်းရဲဒုက္ခရောက်သော သူများ၊ ရှေးဦးစွာ အသင်းသားတို့၏ အိမ်ထောင်ကို စောင့်ရှောက် ပြုစုဖို့ရန် ဝေဖန် ပိုင်းခြားနိုင်၍ ဉာဏ်နှင့် ပြည့်စုံသော ယောက်ျား မိန်းမတို့ကို ခန့်ထားရမည်။ မည်ကဲ့သို့ ပြုလုပ်ရမည်ကို သိရှိရန် ဤသူတို့သည် အသင်းတော် နှင့် အကြံဉာဏ်ပေးသူများကို အကြောင်းကြားအပ်သည်။86T 277, 278;CCB1 255.2

    ကျွန်ုပ်တို့၏ ညီအစ်ကိုတို့အား ဤသတင်းစကားကို လက်ခံမည့် ဆင်းရဲသော အိမ်ထောင်တိုင်းကို စောင့်ရှောက်ပြုစုစေဖို့ ဘုရားသခင်သည် အလိုရှိတော် မမူပါ။ သူတို့သည် ဤကဲ့သို့ ပြုကြလျှင်၊ ရံပုံငွေကုန်သွားမည် ဖြစ်၍ သင်းအုပ်ဆရာသည် သာသနာနယ် အသစ်သို့ မသွားဘဲ နေရလိမ့်မည်။ အများသူတို့သည် ကြိုးစား အားထုတ်ခြင်း၊ ချွေတာခြင်း မရှိသောကြောင့် ဆင်းရဲရကြ၏။ သူတို့သည် ဥစ္စာပစ္စည်းကို မည်ကဲ့သို့ မှန်ကန်စွာ အသုံးချရမည်ကို မသိကြ။ သူတို့အား အကူအညီပေးလျှင် သူတို့ကို ပျက်စီးစေလိမ့်မည်။ အချို့တို့သည် အမြဲ ဆင်းရဲလျက် ရှိလိမ့်မည်။ သူတို့သည် အကောင်းဆုံးသော အခွင့်အရေးကို ရနိုင်ခဲ့လျှင်၊ သူတို့၏ ကိစ္စမှာ အမှန်ပင် အကူအညီ ရရှိခြင်း ဖြစ်လိမ့်မည် မဟုတ်။ သူတို့သည် ကောင်းစွာ ဆင်ခြင် တွက်ဆနိုင်သော သူများ မဟုတ်သဖြင့်၊ များသည် ဖြစ်စေ၊ နည်းသည် ဖြစ်စေ သူတို့ ရရှိနိုင်သော ဥစ္စာ အားလုံးကို အသုံးပြုပစ်ကြလိမ့်မည်။CCB1 255.3

    ထိုသို့သော သူတို့သည် သမ္မာတရားကို လက်ခံကြသောအခါ၊ သာ၍ ကြွယ်ဝချမ်းသာသော မိမိ ညီအစ်ကိုများထံမှ အကူအညီကို ရရှိခွင့် ရှိကြသည်ဟု ထင်မှတ်ကြသည်။ သူတို့ မျှော်လင့်သည်အတိုင်း မရရှိကြသောအခါ၊ သူတို့သည် အသင်းတော်ကို အပြစ်တင်၍၊ သူတို့သည် ယုံကြည်ခြင်းတရား အတိုင်း အကျင့်ကြဟု စွပ်စွဲကြ၏။ ဤအမှု၌ မည်သူသည် ဒုက္ခခံရသနည်း။ ဘုရားသခင်၏ အမှုတော်သည် အားနည်းသွား၍ နေရာ အမျိုးမျိုးရှိ ဘဏ္ဍာတိုက်သည် ဤမျှ ကြီးကျယ်သော ဆင်းရဲသူ အိမ်ထောင်သားတို့ကို စောင့်ရှောက်ရန်အတွက် ကုန်ခန်းသွားရမည်လော။ ထိုသို့ မဖြစ်ရာ၊ မိဘများသည် ဒုက္ခရောက်သော သူများ ဖြစ်ရလိမ့်မည်။ အများအားဖြင့် ဥပုသ်နေ့ကို ယုံကြည်လက်ခံပြီးနောက် သူတို့သည် ၎င်းကို လက်မခံခင်ကထက် သာ၍ ကြီးစွာ ချို့တဲ့ခြင်း ရှိကြလိမ့်မည် မဟုတ်။9IT 272, 273;CCB1 256.1

    ဘုရားသခင်သည် အသင်းတော်တိုင်းတွင် မိမိ၏ ဆင်းရဲသူများကို တည်ရှိနေစေတော်မူ၏။ သူတို့သည် အမြဲသဖြင့် ကျွန်ုပ်တို့အထဲတွင် ရှိနေကြလိမ့်မည်။ ၎င်းပြင် သခင်ဘုရားသည် အသင်းတော်တိုင်း၏ အသင်းသားတို့ အပေါ်တွင် သူတို့အား ကိုယ်တိုင် စောင့်ရှောက်ရန် တာဝန်ကို ချပေးထားတော်မူ၏။ ကျွန်ုပ်တို့သည် မိမိတို့၏ တာဝန်ကို အခြားသူအား လွှဲပြောင်း မပေးသင့်။ သခင်ခရစ်တော်သည် ကျွန်ုပ်တို့၏ နေရာ၌ ရှိနေတော်မူခဲ့လျှင် ကိုယ်တော်က ထင်ရှားစေမည့် မေတ္တာ နှင့် စာနာခြင်းမျိုးကို ကျွန်ုပ်တို့သည် မိမိတို့၏ အသင်းတော် အတွင်း ရှိနေသော ထိုဆင်းရဲသူတို့၌ ထင်ရှားစေရကြမည်။ ကျွန်ုပ်တို့သည် သခင်ခရစ်တော်၏ နည်းမျိုးနှင့် အမှုဆောင်ရန် ပြင်ဆင်ခြင်း ရှိမည် အကြောင်း ကျွန်ုပ်တို့သည် ထိုသို့ ဆုံးမ သွန်သင်ခြင်း ခံယူရကြမည်။106T 272,CCB1 256.2