Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ယနေ့ ရဲရင့်စွာ နေထိုင်လော့။

    ဘုရားသခင်၏ သမ္မာတရားကို စိတ်နှလုံးထဲ၌ လက်ခံခြင်းသည် သင့်အား ကယ်တင်ခြင်း ရစေခြင်းငှါ ပညာကို ပေးလိမ့်မည်။ ၎င်းကို ယုံကြည်၍ နားထောင်လိုက်နာခြင်းဖြင့် ယနေ့၏ တာဝန်များ နှင့် စုံစမ်းခြင်းများအတွက် ကျေးဇူးတော်ကို သင်သည် လုံလောက်စွာ ရရှိလိမ့်မည်။ နံနက်ဖြန်အတွက် ကျေးဇူးတော်ကို သင်အဖို့ မလိုသေး။ ယနေ့နှင့်သာ သင်သည် သက်ဆိုင်သည်ဟု ထင်မှတ်ရမည်။ ယနေ့အတွက် အောင်မြင်လော့။ ယနေ့အတွက် ကိုယ်ကို ငြင်းပယ်လော့။ ယနေ့အတွက် ဆုတောင်းလျက် စောင့်နေလော့။ ယနေ့အတွက် ဘုရားသခင်၌ အောင်မြင်ခြင်းကို ရယူလော့။ ကျွန်ုပ်တို့၌ ဖြစ်ပျက်နေသော အခြေအနေများ နှင့် ပတ်ဝန်းကျင်၏ အဖြစ်အပျက်များ၊ ကျွန်ုပ်တို့ ပတ်လည်၌ နေ့စဉ် ပြောင်းလဲ ဖြစ်ပျက်နေသော အရာများ နှင့် အရာခပ်သိမ်းတို့ကို ဝေဖန်ပိုင်းခြား၍ စစ်ဆေးကြည့်ရှုသော ဘုရားသခင်၏ ရေးထားသော နှုတ်က ပတ်တော်မှ စ၍ ဤအရာများတို့သည် ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားကို လည်းကောင်း၊ တစ်နေ့ပြီး တစ်နေ့ ကျွန်ုပ်တို့သည် မည်သည့် အမှုကို ပြုရမည်ကို လည်းကောင်း ကျွန်ုပ်တို့အား သွန်သင်ခြင်းငှါ လုံလောက်ကြပေသည်။ သင်၏ စိတ်အား အကျိုး မဖြစ်စေသော အကြံအစည်တို့ကို စဉ်းစားစေမည့် အစား၊ သင်သည် ကျမ်းစာကို နေ့စဉ် စေ့စေ့ ရှာဖွေ ဖတ်ရှုလျက်၊ ယခု သင့်အဖို့ ပင်ပန်းစေသော်လည်း တစ်စုံတစ်ယောက်က ပြုလုပ်ပြီးစီးစေရမည့် တာဝန်များကို နေ့စဉ် အသက်တာ၌ ထမ်းဆောင်နေရမည်။53T 333;CCB1 279.2

    အများသော သူတို့သည် မိမိတို့ ပတ်လည်၌ ဖြစ်နေသော ကြောက်မက်ဖွယ် ဆိုးသွမ်းမှုများ၊ ပတ်ဝန်းကျင်၌ ရှိသော ဖေါက်ပြန်ခြင်း နှင့် အားနည်းခြင်း အဖြစ်များကို အာရုံစူးစိုက်နေကြပြီး၊ သူတို့၏ စိတ်နှလုံးသည် ဝမ်းနည်းခြင်း၊ ယုံမှားခြင်းတို့နှင့် ပြည့်နေသည်တိုင်အောင် ဤအရာများ အကြောင်းကိုသာ ပြောဆိုနေကြသည်။ သူတို့သည် စိတ်ထဲ၌ လှည့်စားသော မာရ်နတ်၏ ကျွမ်းကျင်သော အလုပ်များကိုသာ ထိပ်ဆုံးက ထားလျက် မိမိတို့ တွေ့ကြုံခံစားရသော စိတ်ပျက်ဖွယ်ရာများကို စိတ်စွဲနေကြစဉ်၊ ကောင်းကင် ခမည်းတော်၏ တန်ခိုး နှင့် မနှိုင်းယှဉ်အပ်သော မေတ္တာတော်ကို သူတို့သည် မမြင်ဘဲနေကြသည်ဟု ထင်မြင်ရသည်။ ဤအမှုအရာ အားလုံးသည် စာတန် အလိုရှိသည်အတိုင်း ဖြစ်ပျက်ရလေသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ မေတ္တာတော် နှင့် တန်ခိုးတော်ကို အနည်းငယ်သာ စိတ်စွဲလမ်းကြသောအခါ၊ ဖြောင့်မတ်ခြင်း၏ ရန်သူသည် ထိုမျှလောက် ကြီးသော တန်ခိုးနှင့် ပြည့်စုံလျက် ရှိသည်ဟု ထင်မှတ်ခြင်းသည် အမှား ဖြစ်၏။ ကျွန်ုပ်တို့သည် သခင်ခရစ်တော်၏ ခွန်အားကြီးခြင်း အကြောင်းကို ပြောဆိုနေရကြမည်။ ကျွန်ုပ်တို့ ကိုယ်တိုင် စာတန်၏ ကိုင်ဖမ်းခြင်းမှ လွတ်မြောက်ရန် ကျွန်ုပ်တို့၌ လုံးလုံး ခွန်အား မရှိကြချေ။ သို့သော် ဘုရားသခင်သည် လွတ်မြောက်ရာလမ်းကို စီမံထားတော်မူ၏။ အမြင့်ဆုံးသော ဘုရား၏ သားတော်၌ ကျွန်ုပ်တို့အတွက် တိုက်ခိုက်ရန် ခွန်အား ရှိတော်မူသဖြင့် “ကျွန်ုပ်တို့အား ချစ်တော်မူသော ကိုယ်တော်အားဖြင့်” ကျွန်ုပ်တို့သည် “များစွာ အောင်မြင်သော သူများ” ဖြစ်လာကြလိမ့်မည်။CCB1 280.1

    ကျွန်ုပ်တို့၏ အားနည်းခြင်း၊ ဖေါက်ပြန်ခြင်း အမှုတို့ကို အမြဲ ကြောင့်ကြ စွဲလမ်းနေလျက် စာတန်၏ တန်ခိုးအတွက် ညည်းညူနေရာ၌ ကျွန်ုပ်တို့ အ ဖို့ ဝိညာဉ်ခွန်အားကို မရရှိနိုင်။ ဤကြီးကျယ်သော သမ္မာတရားကြီးသည် ကျွန်ုပ်တို့၏ စိတ် နှင့် နှလုံးထဲတွင် တည်မြဲသော အခြေခံ နည်းဥပဒေသ အဖြစ်နှင့် တည်ရှိနေရမည်။ ဤအရာကား ကျွန်ုပ်တို့အတွက် ဆက်ကပ်ပူဇော်ခြင်း၏ အကျိုးပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် သီးခြား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ညီညွတ်စွာ ဘုရားသခင်ထံ လာကြသော သူအပေါင်းတို့အား အဆုံးတိုင်အောင် ဘုရားသခင်သည် ကယ်တင်နိုင်တော်မူ၍ ကယ်တင်တော်မူခဲ့ပြီ ဖြစ်ကြောင်းတည်း။ ကျွန်ုပ်တို့၏ အလုပ်ကား မိမိတို့၏ အလိုဆန္ဒကို ဘုရားသခင်၏ အလိုတော်သို့ အပ်နှံခြင်း ဖြစ်သည်။ ထိုနောက် အပြစ်ဖြေရာ အသွေးအားဖြင့် ကျွန်ုပ်တို့သည် ဘုရားဇာတိကို ခံယူရရှိသော သူများ ဖြစ်လာကြ၏။ သခင်ခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်လာကြသဖြင့်၊ ဘုရားသခင်သည် မိမိ၏ သားတော်ကို ချစ်တော်မူသကဲ့သို့ ကျွန်ုပ်တို့ကို ချစ်တော်မူ၏ ဟူသော စိတ်ချစရာ ဂတိတော်ကို ကျွန်ုပ်တို့သည် ရရှိကြပြီ။ ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။ သခင်ခရစ်တော် ပြတော်မူသော လမ်းကို ကျွန်ုပ်တို့သည် လျှောက်လိုက်ကြ၏။ ကျွန်ုပ်တို့၏ လမ်းတွင် စာတန်က ချထားသော မှောင်မိုက်ကို ပယ်ရှားနိုင်သော တန်ခိုးသည် ကိုယ်တော်၌ ရှိတော်မူ၏။ ၎င်းပြင် မှောင်မိုက် နှင့် စိတ်ပျက်ခြင်း နေရာ၌ ကိုယ်တော်၏ ဘုန်းတော်နှင့် ဆိုင်သော နေရောင်ခြည် အလင်းသည် ကျွန်ုပ်တို့၏ နှလုံးထဲ၌ ထွန်းတောက်လာလေ၏။CCB1 280.2

    ညီအစ်ကို မောင်နှမများတို့၊ ကြည့်ရှုဆင်ခြင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ပြောင်းလဲလာကြ၏။ ဘုရားသခင် နှင့် ကျွန်ုပ်တို့ ကယ်တင်ရှင်၏ မေတ္တာတော်ကို စိတ်စွဲလမ်းခြင်းအားဖြင့် လည်းကောင်း၊ ဘုရားသခင်၏ ဂုဏ်တော် သဘောတော်တို့၏ စုံလင်ခြင်း အဖြစ်ကို ဆင်ခြင်အောက်မေ့လျက် ယုံကြည်ခြင်းအားဖြင့် သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်း အဖြစ် တောင်းဆိုခြင်းအားဖြင့် လည်းကောင်း ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပုံသဏ္ဍာန်နှင့် တူညီလာအောင် ပြောင်းလဲလာရကြမည်။ ထိုနောက် စာတန်၏ ခွန်အား သတ္တိကို ထင်ရှားစေသော သက်သေများ တည်းဟူသော အပြစ် ဒုစရိုက်များ၊ ပျက်စီးခြင်းများ နှင့် စိတ်ပျက်ခြင်းများမှ စသော မနှစ်သက်ဖွယ်သော ရှုခင်းများ အားလုံးကို ကျွန်ုပ်တို့၏ စိတ်ထဲ၌ စွဲလမ်းနေစေခြင်း၊ ၎င်းတို့ အကြောင်းကို ပြောဆိုနေခြင်း၊ ညည်းညူနေခြင်း မပြုဘဲ နေကြစို့။ ထိုသို့ ပြုနေလျှင် ကျွန်ုပ်တို့သည် စိတ်ပျက်လာသည်တိုင်အောင် အခြေအနေသည် ဆိုးလာလိမ့်မည်။ စိတ်ပျက်နေသော ဝိညာဉ်သည် မှောင်မိုက်သော ကိုယ်ခန္ဓာ ဖြစ်၍ မိမိ ကိုယ်တိုင် ဘုရားသခင် ထံတော်မှ အလင်းတရားကို မရရှိဘဲ နေသည် သာမက၊ အခြားသူတို့ ထံမှလည်း ၎င်းအလင်းတရားကို ပိတ်ပင် တားဆီးထားလေပြီ။ စာတန်သည် မိမိ အောင်မြင်ခြင်း ရှုခင်း၏ အကျိုးကို တွေ့မြင်ခြင်းငှါ နှစ်သက်၍ လူသတ္တဝါတို့အား သစ္စာမဲ့၍ စိတ်အားလျော့စေ၏။65T 741-745;CCB1 281.1