Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လောကီမှုရေးတို့မှ နားနေရသော နေ့။

    မိမိ၏ မရေရာသော လောကီ အကျိုးစီးပွားကို ရရှိစေရေးအတွက် အနန္တတန်ခိုးရှင်အား မိမိ၏ အလိုသို့ လိုက်စေရန် သဘောတူညီခိုင်းဝံ့သည်မှာ သေတတ်သော လူအဖို့ အလွန် ကြီးကျယ်သော ရောင့်တက်ခြင်း အမှုပင် ဖြစ်သည်။ ဥပုသ်နေ့ကို တစ်ခါတစ်ရံ လောကီမှုရေး ကိစ္စအတွက် အသုံးပြုခြင်း အမှုသည် ၎င်းကို လုံးလုံး ဖျက်ဆီးခြင်း အမှုလောက်ပင် ကြီးကျယ်သော ပြစ်မှု ဖြစ်သည်။ အကြောင်းကား၊ ၎င်းသည် ထာဝရဘုရား၏ ပညတ်တော်များကို ပေါ့ဆစွာ ထင်မှတ်ခြင်း ဖြစ်သတည်း။ “သင်၏ ဘုရားသခင် ငါထာဝရဘုရားသည် သင်၌ အပြစ် ရှိသည်ဟု ယုံလွယ်သော ဘုရား ဖြစ်သည်” ဟု သိနာတောင်ပေါ်မှ မိုးခြိမ်းသံကဲ့သို့ မိန့်တော်မူပြီ။ ထာဝရဘုရားကို မုန်းသော သူတို့၏ အမျိုး အစဉ်အဆက် တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင် အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေး စီရင်သော ဘုရား၊ ငါ့ကို ချစ်၍ ငါ့ ပညတ်တို့ကို ကျင့်သော သူတို့၏ အမျိုး အစဉ်အဆက် အထောင် အသောင်းတိုင်အောင် ကရုဏာကို ပြသော ဘုရားဖြစ်၏ဟု မိန့်တော်မူသော အရှင်သည် တစ်ချို့တစ်ဝက်ကို နားထောင်ခြင်း၊ အနည်းငယ်သာ စိတ်ပါဝင်စားခြင်းကို နှစ်သက် လက်ခံတော်မမူ။ ကိုယ်နှင့် စပ်ဆိုင်သော သူ၏ ပစ္စည်းကို လုယူခြင်း အမှုသည် သေးငယ်သော အမှု မဟုတ်သဖြင့် ထိုသို့သော အမှုကို ကျူးလွန်ကြောင်း ထင်ရှားသော သူသည် ကြီးစွာ အသရေပျက်ခြင်း ခံရတတ်သည်။ မိမိနှင့် စပ်ဆိုင်သော သူကို လိမ်လည် လှည့်ဖြားတတ်သော သူသည် ကောင်းကင် ခမည်းတော်ထံမှ၊ ကောင်းကြီးပေးတော်မူ၍ ထူးခြားသော ရည်ရွယ်ချက်အတွက် သီးသန့်ထားတော်မူသော အချိန်ကာလကို လုယူဖို့ရန် ရှက်ကြောက်ခြင်း ရှိလိမ့်မည် မဟုတ်။154T 249, 250.CCB1 108.1

    စကားများ နှင့် အကြံအစည်တို့ကို အထူး သတိပြုရမည်။ ဥပုသ်နေ့၌ အလုပ်ကိစ္စ အကြောင်း ဆွေးနွေး၍ စီမံကိန်း ပြုလုပ်သော သူကို အလုပ်ကိစ္စ၌ အကယ်ပင် လုပ်ဆောင်သော သူဟု ဘုရားသခင်က ထင်မှတ်တော်မူ၏။ ဥပုသ်နေ့ကို သန့်ရှင်းစွာ စောင့်ရှောက်ရန် ကျွန်ုပ်တို့သည် လောကနှင့် သက်ဆိုင်သော မှုရေးကိစ္စတို့ အကြောင်းကို စွဲလမ်း ဆင်ခြင်၊ စဉ်းစားနေဖို့ပင် အခွင့်မပေးရကြ။ 162TT 185.CCB1 108.2

    ဘုရားသခင်သည် အမိန့်ပေးတော်သဖြင့် လူသည် ထိုအမိန့်ကို လိုက်နာရမည်ဟု ဆိုလိုတော်မူ၏။ လူသည် ၎င်းအမိန့်အတိုင်း ပြုလုပ်ဖို့ လွယ်ကူသလောဟူ၍ မေးမြန်းနေတော်မမူပါ။ အသက်ကို ပေးပိုင်၍ ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသော အရှင်သခင်သည် ဝမ်းနည်း စိတ်ပျက်ခြင်းနှင့် ကျွမ်းဝင်သော လူဇာတိကို ခံယူရန် မိမိ၏ မြင့်မြတ်သော ဂုဏ်အသရေကို စွန့်တော်မူလျက် လူတို့အား သူတို့၏ နားမထောင်ခြင်းကြောင့် ခံရသော အပြစ်မှ ကယ်နှုတ်ရန် အရှက်ကွဲခြင်း နှင့် အသေသတ်ခြင်း အမှုကို လက်ခံတော်မူသော အခါ၌ မိမိ၏ သက်သာမှု သို့မဟုတ် ပျော်ရွှင်မှုကို ရှာကြံဆွေးနွေးတော်မမူ။ သခင်ယေရှုသည် လူအား မိမိ၏ အပြစ်ထဲ၌ မဟုတ်ဘဲ အပြစ်မှ ကယ်နှုတ်ရန် အသေခံတော်မူ၏။ လူသည် မိမိ၏ မှားယွင်းသော လမ်းကို စွန့်ပယ်၍ သခင်ခရစ်တော်၏ ပုံသက်သေကို လိုက်လျှောက်လျက် မိမိ၏ လက်ဝါးကပ်တိုင်ကို ထမ်းပြီးလျှင်၊ ကိုယ်ကို ငြင်းပယ်လျက်၊ ဒုက္ခဆင်းရဲကို ပမာဏ မပြုဘဲ ဘုရားသခင်၏ စကားကို နားထောင်ကာ၊ ကိုယ်တော်၏ နောက်တော်သို့ လိုက်ရမည်။CCB1 109.1

    လောကီ အမြတ်အစွန်းအတွက် ဥပုသ်နေ့၌ အလုပ် လုပ်ကိုင်ခြင်းမှာ အခြေအနေကြောင့် လုပ်ရခြင်း ဖြစ်သည်ဟု အကြောင်းပြခြင်းဖြင့် အပြစ် မလွတ်နိုင်။ ဘုရားသခင်သည် လူတစ်ဦးကို အပြစ်လွတ်ခွင့် ပေးလျှင်၊ အားလုံးကို အပြစ်လွတ်ခွင့် ပေးတော်မူရမည်။ မောင်ဘသည် ဆင်းရဲသဖြင့် မိမိ၏ အိမ်ထောင်ကို သာ၍ ကောင်းစွာ ထောက်ပံ့နိုင်မည် အကြောင်း အဘယ်ကြောင့် ဥပုသ်နေ့တွင် အလုပ် မလုပ်ဘဲ နေရမည်လဲ။ အခြားသူများ သို့မဟုတ် ကျွန်ုပ်တို့ အားလုံးသည်လည်း အခွင့်သာသော အခါ၌သာ ဥပုသ်နေ့ကို အဘယ်ကြောင့် မစောင့် သင့်သနည်း။ သိနာတောင်ပေါ်က မိန့်တော်မူသော အသံတော်တွင်၊ “ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ ဖြစ်၏” ဟု ဖော်ပြထား၏။ ထွက်မြောက်ရာကျမ်း၊ ၂၀: ၉၊ ၁၀။CCB1 109.2

    ဥပုသ်နေ့ကို အစဉ်အမြဲ သန့်ရှင်းစွာ စောင့်ရှောက်လျှင်၊ ဘုရားတရား ကင်းမဲ့သူ သို့မဟုတ် ရုပ်ဆင်းတု ကိုးကွယ်သူ ဘယ်အခါမျှ ရှိနိုင်မည် မဟုတ်။ ဧဒင်ဥယျာဉ်၌ အစပြုခဲ့သော ဥပုသ်နေ့ ဥပဒေသည် လောက လောက်ပင် အ သက် ရှည်၏။ ဖန်ဆင်းခြင်း အခါမှ စ၍ ရှေးဘိုးဘေးတို့သည် ဥပုသ်နေ့ကို စောင့်ခဲ့ကြပြီ။ အဲဂုတ္တုပြည်၌ ကျွန်ခံနေရစဉ်၊ အလုပ်တွင် အုပ်ချုပ်သော သူတို့က အတင်းအကြပ် ဣသရေလ လူတို့အား ဥပုသ်ကို ဖျက်စေသဖြင့်၊ အများသော သူတို့သည် ၎င်း၏ သန့်ရှင်းခြင်း အဖြစ်ကို မသိကြတော့ချေ။ သိနာတောင်၌ ပညတ်တော်ကို ကြွေးကြော်သောအခါ၊ စတုတ္ထပညတ်တွင် အစပြုထားသော စကားများမှာ၊ “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကို အောက်မေ့လော့” ဟူသော စကားများ ဖြစ်သည်။ ဥပုသ်နေ့ကို ထိုအခါကျမှ တည်ထောင်သည် မဟုတ်ကြောင်းကို ပြသည်။ ဖန်ဆင်းခြင်းအခါက အစပြုခဲ့ကြောင်း ကျွန်ုပ်တို့အား ဖော်ပြထား၏။ လူတို့၏ စိတ်ထဲမှ ဘုရားသခင် အကြောင်းကို ပယ်ရှားထားစေရန်၊ စာတန်သည် ဤအထိမ်းအမှတ်ကြီးကို ဖြိုဖျက်ဖို့ ရည်ရွယ်၏။ လူသည် ဖန်ဆင်းရှင်ကို မေ့လျော့ဖို့ သွေးဆောင်၍ ရနိုင်လျှင်၊ သူတို့သည် နတ်ဆိုး၏ တန်ခိုးကို တားဆီးရန် ကြိုးစားကြလိမ့်မည် မဟုတ်၊ ထိုအခါ စာတန်သည် မိမိ အလိုရှိသော အရာကို အမှန် ဖမ်းယူနိုင်လိမ့်မည်။CCB1 109.3

    သင်၏ အသက်အရွယ်အတွက် သင်သည် ပညတ်တော်ကို နားမထောင်ခြင်းကြောင့် အပြစ်လွတ်ခွင့် မရနိုင်။ အာဗြဟံသည် အိုမင်းသော အခါ၌ပင် ပြင်းစွာ စုံစမ်းစစ်ဆေးခြင်း ခံရ၏။ ထာဝရဘုရား၏ အမိန့်တော်သည် အိုမင်းမစွမ်း ဖြစ်သော အာဗြဟံအတွက် အလွန် ပြင်းထန်၍ များစွာ အလိုလှဟု ထင်ရသော်လည်း၊ သူသည် ပြုသင့် မပြုသင့် မေးမြန်းခြင်း မရှိ၊ သို့မဟုတ် လိုက်နာဖို့ နှောင့်နှေးနေခြင်း မရှိချေ။ သူသည် အလွန် အို၍ အားနည်းသည့်အပြင် သူ၏ အသက်တာအတွက် ဝမ်းမြောက်ဖွယ်ရာ ဖြစ်သော သားကို မပူဇော်နိုင်ပါဟု သူသည် တောင်းပန်နိုင်၏။ ဤသား အကြောင်းနှင့် ပတ်သက်၍ ပေးတော်မူသော ဂတိတော် နှင့် ဤအမိန့်တော်သည် ဆန့်ကျင်ဘက် ဖြစ်နေပါသည်ဟု သူသည် ထာဝရဘုရားအား သတိပေးနိုင်၏။ သို့ရာတွင် အာဗြဟံသည် ညည်းညူခြင်း အပြစ်တင်ခြင်း မရှိဘဲ အိန့်တော်ကို နားထောင်၏။ အာဗြဟံသည် ဘုရားသခင်၌ နှောင့်နှေးခြင်း မရှိဘဲ လုံးလုံး ယုံကြည်အားထား၏။174T 250-253.CCB1 110.1

    သခင်ယေရှု၏ အမှုတော်ဆောင်များသည် ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ မစောင့်သော သူတို့အား အပြစ်ကို ဖော်ပြ သွန်သင်ရကြမည်။ ဥပုသ်စောင့်သော သူများဟု ခေါ်ဆိုလျက် ဥပုသ်နေ့၌ လောကနှင့် ဆိုင်သော စကားတို့ကို ပြောသော သူတို့အား သူတို့က ကြင်နာစွာနှင့် လည်းကောင်း၊ ဘုရားတရားကို ရိုသေခြင်းနှင့် လည်းကောင်း သွန်သင် ဆုံးမပေးရမည်။ သူတို့သည် ဘုရားသခင်၏ သန့်ရှင်းသော နေ့တွင် ဘုရားသခင်ကို ကြည်ညိုလေးစားရန် သူတို့အား တိုက်တွန်းအားပေးရကြမည်။CCB1 111.1

    မည်သူမျှ သန့်ရှင်းသော အချိန်ကာလကို အကျိုးမရှိသော နည်းများဖြင့် ကုန်လွန်စေဖို့ အခွင့်မရှိ။ ဥပုသ်နေ့၌ အများအားဖြင့် အိပ်နေခြင်းကို ဘုရားသခင်သည် နှစ်သက်တော်မမူ။ ထိုသို့ ပြုခြင်းဖြင့် သူတို့သည် ဖန်ဆင်းတော်မူသော အရှင်ကို ရှုတ်ချ၏။ ၎င်းပြင် ခြောက်ရက်သည် အလွန် အဖိုးတန်၍ အိပ်စက်နားနေဖို့ အခွင့် မရနိုင်ကြောင်း မိမိတို့၏ ပုံသက်သေအားဖြင့် ဖော်ပြကြ၏။ သူတို့သည် အိပ်စက်နားနေချိန် ရှိရမည် ဖြစ်သော်လည်း ငွေရှာရသဖြင့် အိပ်ချိန်တွင် ကောင်းစွာ မအိပ်ရခဲ့ကြသဖြင့် သန့်ရှင်းသော နေ့တွင် အိပ်ပျက်ခဲ့သော အချိန်များအစား အတိုးချ၍ အိပ်တတ်ကြ၏။ ထိုနောက် သူတို့သည်၊ “ဥပုသ်နေ့သည် ငြိမ်သက်စွာ နားနေရသော နေ့ ဖြစ်၍ ကျွန်ုပ်သည် အနားယူဖို့ လိုသောကြောင့်၊ စည်းဝေးတက်နေခြင်းဖြင့်၊ ထိုသို့ အိပ်စက်နားနေရသော အချိန်ကို လက်လွှတ်မည် မဟုတ်” ဟု ပြောဆိုကာ သူတို့က ဆင်ခြေပေးကြ၏။ ထိုသို့ ပြုခြင်းသည် ဥပုသ်နေ့ကို အလွဲ အသုံးပြုခြင်း ဖြစ်၏။ အထူးသဖြင့် ထိုနေ့၌ သူတို့၏ အိမ်ထောင်များကို လူ အနည်းငယ်နှင့် ဖြစ်စေ၊ လူ အများနှင့် ဖြစ်စေ စုရုံးလျက် ဥပုသ်စောင့်စေဖို့ စိတ်ဝင်စားလာစေရန် ပြုလုပ်ပေးရကြမည်။ ဥပုသ်နေ့၌ သက်ရောက်လာသော ဘုရားသခင်၏ တန်ခိုးသြဇာသည် ရက်သတ္တပတ် တစ်ပတ်လုံး သူတို့ နှင့်အတူ ရှိစေမည် အကြောင်း သူတို့သည် ဥပုသ်နေ့၌ မိမိတို့၏ အချိန် နှင့် ခွန်အားကို ဝိညာဉ်ရေး ကိစ္စများ၌ အသုံးပြုရကြမည်။ ရက်သတ္တပတ် တစ်ပတ်ရှိ နေ့ အပေါင်းတွင် ဝတ်ပြုကိုးကွယ် လိုသော စိတ်ရှိဖို့ သင့်တော်ဆုံးသော နေ့မှာ ဥပုသ်နေ့ပင် ဖြစ်သည်။ အခြား နေ့များတွင် ထိုနေ့လောက် အခွင့်အရေး မရနိုင်။ 182T 704.CCB1 111.2