Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကျွန်ုပ်က၊ ဟုတ်ပါတယ်ဟု ဆို၏။

    သို့ဖြစ်လျှင် သင်သည် အဘယ်သို့ ငြီးငွေ့လျက် စိတ်ပျက်နေသနည်း။ ဤအရာသည် ရန်သူ၏ လုပ်ငန်း မဟုတ်လော။ ကျွန်ုပ်က ဟုတ်၏ဟု ပြန်ဆို၏။CCB1 43.1

    ကျွန်ုပ်သည် မျက်ရည်များကို မြန်နိုင်သမျှ မြန်မြန် သုတ်ပစ်ပြီးလျှင် တော်လောက်ပြီ။ ကျွန်ုပ်သည် မှောင်မိုက်ဘက်ကို မကြည့်တော့ပါ။ ကျွန်ုပ်အတွက် အသေခံတော်မူသော ကိုယ်တော်အတွက် ကျွန်ုပ်၏ ဝိညာဉ်ကို၊ အသက်ရှင်ဖို့ ဖြစ်စေ၊ သေဖို့ ဖြစ်စေ အပ်ပေးပါသည်ဟု ပြောဆို၏။CCB1 43.2

    ထိုနောက် ထာဝရဘုရားသည် အရာခပ်သိမ်းကို ကောင်းစွာ စီမံတော်မူလိမ့်မည်ဟု ကျွန်ုပ် ယုံကြည်၏။ ၎င်းပြင် ဤကဲ့သို့ ရှစ်လလောက် အားကိုးရာမဲ့ ဖြစ်နေစဉ်အတွင်း၊ ကျွန်ုပ်၌စိတ်ပျက်ခြင်း၊ ယုံမှားခြင်း အနည်းငယ်မျှ မရှိတော့ချေ။ ယခု ဤတိုင်းပြည်ရှိ လူများ၏ ကောင်းကျိုးအတွက်၊ အမေရိကန်ပြည်တွင် ရှိသော သူများ၏ ကောင်းကျိုး၊ ကျွန်ုပ် ကိုယ်တိုင်၏ ကောင်းကျိုးအတွက်၊ ဤအမှုကို ဘုရားသခင်၏ စီမံကိန်းကြီးတွင် အပါအဝင် တစ်ခုအဖြစ်နှင့် ကျွန်ုပ် သဘောထားပါသည်။ အဘယ်ကြောင့်၊ အဘယ်ကဲ့သို့ စီမံတော်မူသည်ကို ကျွန်ုပ် မဖော်ပြနိုင်ပါ။ သို့ရာတွင် ဘုရားသခင် စီမံတော်မူကြောင်းကို ယုံကြည်ပါသည်။ ၎င်းပြင် ကျွန်ုပ်သည် ဒုက္ခရောက်ရာတွင် ပျော်ရွှင်လျက်ရှိ၏။ ကျွန်ုပ်၏ ကောင်းကင်ခမည်းတော်ကို ကျွန်ုပ် ယုံကြည်အားကိုးပါသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ မေတ္တာတော်ကို ယုံမှားခြင်း မရှိပါ။CCB1 43.3

    မစ္စစ်ဝှိုက်သည် ကယ်လီဖိုးနီးယားပြည်တွင် သူမ အသက်တာ၏ နောက်ဆုံးပိုင်း ဆယ့်ငါးနှစ် အတွင်း၌ နေထိုင်လျက်ရှိစဉ်အခါ၊ သူမသည် တစ်ဖြည်းဖြည်း အိုမင်းမစွမ်း ဖြစ်လာ၏။ သို့ရာတွင် သူမသည် လယ်ယာကလေး တစ်ခုတွင်ရှိ လုပ်ငန်းတွင် စိတ်ဝင်စားမှု ရှိလာ၏။ ၎င်းပြင် သူမ၏ အလုပ်များတွင် ကူညီသော သူတို့၏ အိမ်ထောင်များကို စောင့်ရှောက် ပြုစုလျက် စေတနာဝန်ထမ်း အလုပ်ကို လုပ်ရာတွင် စိတ်ဝင်စား၏။ သူမသည် စောစော အိပ်ရာဝင်တတ်သဖြင့်၊ ညသန်းခေါင်ကျော်လောက်တွင် ထလျက် မကြာခဏ စာရေးနေခြင်းဖြင့် သူမသည် အလုပ်များနေတတ် သည်။ သာယာသော နေ့ ဖြစ်ပြီး အလုပ် အားလပ်သောအခါ၊ သူမသည် တောရွာသို့ မြင်းရထား စီးသွားပြီး၊ ဥယျာဉ် တစ်ခုခုတွင် မြင်သော မိခင် သို့မဟုတ် သူမ ဖြတ်သွားသော အိမ်ဦးပိုင်းတွင် ရှိသော မိခင် တစ်ဦးဦးထံ ဆင်းသွားပြီး စကားစမြည် ပြောဆိုတတ်ပါသည်။ တစ်ခါတစ်ရံ အဝတ်အထည် နှင့် အစားအသောက်များကို လိုသော သူတို့ကို တွေ့ရသဖြင့်၊ အိမ်သို့ ပြန်သွား၍ မိမိ အိမ်တွင် ရှိသော အရာအချို့ကို ယူဆောင်လာတတ်၏။ သူမ သေဆုံးပြီး နှစ်များစွာ ကြာသောအခါ၊ သူမ နေထိုင်သောလွင်ပြင်ရှိ အိမ်နီးချင်းတို့က သူမအား၊ သခင်ယေရှု အကြောင်းကို ချစ်ခင်ကြင်နာစွာ ပြောပြသော ဆံပင်ဖြူနှင့် အဘွားအို တစ်ဦးအဖြစ်နှင့် သတိရလျက်ရှိနေကြသည်။CCB1 43.4

    သူမ သေဆုံးသောအခါ၊ သူမ၏ အသက်တာတွင် သက်သာစွာ နေထိုင်ဖို့ လိုအပ်သော အရာများအပြင် အနည်းငယ်သာ ပစ္စည်း အပို ရှိ၏။ သူမသည် ကျွန်ုပ်တို့ကဲ့သို့ သတ္တမနေ့ ဥပုသ် မျှော်လင့်ခြင်း အသင်းဝင်သူ တစ်ဦး ဖြစ်၍ ထမြောက်တော်မူပြီးသော သူမ၏ သခင်ဘုရား ပြုခဲ့တော်မူသော ကောင်းကျိုးတို့ကို ယုံကြည်အားကိုးလျက် ထာဝရဘုရားက သူမအား ပေးအပ်တော်မူသော တာဝန်ကို သစ္စာနှင့် ဆောင်ရွက်ရန် ကြံစည်နေသော သူ ဖြစ်သောကြောင့်၊ သူမအား ပုံသက်သေ အဖြစ် ကြည့်ရှုစစ်ဆေးရန် သူမသည် အခြား သူတို့အား မပြောခဲ့ပါ။ ထိုသို့ သူမ၏ စိတ်ထဲ၌ ယုံကြည်အားထားမှု ရှိလျက်၊ သူမ၏ ခရစ်ယာန် ကိုယ်တွေ့ အဖြစ်အပျက်နှင့် ညီညွတ်သော ပြည့်စုံသော အသက်တာ၏ အဆုံးသို့ သူမသည် ရောက်ရှိလာလေ၏။CCB1 44.1