Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နယ်အသင်းတော်၏ အမှုဆောင်များကို ရွေးချယ်ခန့်ထားခြင်း။

    တမန်တော် ပေါလုက တိတု ထံ ဤကဲ့သို့ ရေးသားလိုက်၏။ “ငါသည် သင့်ကို မှာထားခဲ့နှင့်သည် အတိုင်း မစုံလင်သမျှတို့ကို ပြင်ဆင်၍ မြို့ရွာများ၌ သင်းအုပ်တို့ကို ခန့်ထား ……… ။ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သူ၊ မယား တစ်ယောက်တည်း ရှိသော သူ ဖြစ်လျှင် လည်းကောင်း၊ သူ၏ သားသမီးတို့သည် ကာမဂုဏ်၌ လွန်ကျူးသည်ဟု အပြစ်တင်ခြင်း၊ နားမထောင်ခြင်းနှင့် လွတ်၍ ယုံကြည်လျှင် လည်းကောင်း၊ ထိုသို့သော သူကို ခန့်ထားအပ်၏။ အကြောင်းမူကား သင်းအုပ်သည် ဘုရားသခင်၏ ဘဏ္ဍာစိုးကဲ့သို့ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သူ ဖြစ်ရမည်။” တိတု၊ ၁: ၅-၇။ “အဘယ်သူ၏ အပေါ်၌မျှ လက်ကို အလျင်တစော မတင်နှင့်။” ၁ တိမောသေ၊ ၅: ၂၂။CCB1 223.3

    ကျွန်ုပ်တို့၏ အသင်းတော် တစ်ချို့တွင် သင်းအုပ်များ ဖွဲ့စည်းခန့်ထားခြင်း အမှုသည် စောလွန်း၏။ ကျမ်းစာ၏ ဥပဒေကို ဂရုမစိုက်ကြသဖြင့် အဆုံး၌ ကြီးကျယ်သော ဒုက္ခများကို အသင်းတော်ပေါ်၌ သက်ရောက်စေလေပြီ။ တာဝန်ကြီးသော အလုပ်အတွက် မသင့်တော်သော လူများကို မခန့်ထားနိုင်မည် အကြောင်း ရှေ့ဆောင်များကို အလွန် လျင်မြန်စွာ မရွေးအပ်။ မည်သည့် တာဝန်၌ မဆို ဘုရားသခင်၏ အမှုတော်ကို မဆောင်ရွက်နိုင်မီ၊ စိတ်ပြောင်းလဲခြင်း၊ တိုးတက်ခြင်း၊ စိတ်မြင့်မြတ်ခြင်း၊ စိတ် ပြုပြင်ခြင်းရှိဖို့ လိုသေးသော သူတို့ကို မခန့်သင့်သေး။105T 617,618,CCB1 224.1