Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပူဇော်ခြင်းကို နှိုးဆော်သော မေတ္တာအားဖြင့် ဘုရားသခင်သည် အလှူကို တန်ဖိုးထားတော်မူ၏။

    သန့်ရှင်းရာဋ္ဌာန၏ ချိန်ခွင်များတွင် သခင်ခရစ်တော်ကို ချစ်၍ ပေးသော ဆင်းရဲသား၏ အလှူများကို ပေးလှူသော ပမာဏအားဖြင့် တန်ဖိုးမ ထားဘဲ၊ ပူဇော်ခြင်းကို နှိုးဆော်သော မေတ္တာအလျောက် တန်ဖိုးထား၏။ များစွာ ပေးကမ်းသော လူချမ်းသာကဲ့သို့ပင်၊ နည်းသော်လည်း စေတနာနှင့် ပေးသော လူဆင်းရဲသည် သခင်ယေရှု၏ ဂတိတော်များကို အမှန်ပင် အကျိုးခံစားခွင့် ရှိပါသည်။ လူဆင်းရဲသည် မိမိ၏ အနည်းငယ်သော ဥစ္စာကို အကယ်ပင် စိတ်ပါစွာနှင့် ပူဇော်လေ၏။ မိမိ သက်သာရေးအတွက် လိုအပ်သော အရာ အချို့ကို သူသည် အကယ်ပင် ငြင်းပယ်ခဲ့လေပြီ၊ သူဋ္ဌေးမူကား မိမိ၏ များစွာသော ဥစ္စာထဲမှ ပေး၍ မိမိ၌ လိုနေသော အရာ မရှိသဖြင့် သူသည် မိမိ၌ အကယ်ပင် လိုနေသော အရာကို ငြင်းပယ်သည် မဟုတ်။ ထိုကြောင့် သူဋ္ဌေးသည် များစွာသော ဥစ္စာထဲက ပေးလှူသဖြင့်၊ ဆင်းရဲသော သူ၏ အလှူတွင် တွေ့ရှိရသော သန့်ရှင်းခြင်း သဘောကို သူဋ္ဌေး၏ အလှူတွင် မတွေ့ရ။ စည်းကမ်းစနစ်ဖြင့် ပေးလှူခြင်း အမှုကို ဘုရားသခင်သည် လူ၏ အကျိုးအတွက် စီမံပြုလုပ်ထားတော်မူ၏။ ဘုရားသခင် စီမံတော်မူသော အမှုသည် မည်သည့်အခါမျှ ရပ်စဲမသွားချေ။ ဘုရားသခင်၏ ကျွန်သည် ဘုရားသခင် စီမံတော်မူသည်အတိုင်း လိုက်နာစောင့်ရှောက်လျှင်၊ လူအပေါင်းတို့သည် အမြဲ ဝီရိယရှိသော အမှုဆောင်များ ဖြစ်ကြလိမ့်မည်။ 153T 398, 399;CCB1 162.3

    ကလေးသူငယ်တို့၏ အလှူကို ဘုရားသခင်သည် လက်ခံ၍ နှစ်သက်တော်မူ၏။ အလှူကို ပေးဖို့ နှိုးဆော်သော သဘောအလျောက် အလှူသည် တန်ဖိုးရှိ၏။ ဆင်းရဲသူသည် တမန်တော်၏ ဥပဒေကို လိုက်နာလျက် အပတ်တိုင်း ငွေ အနည်းငယ်ကို စုဆောင်းထားခြင်းဖြင့် ဘဏ္ဍာတော်ကို တိုးပွားစေရန် ကူညီသဖြင့် သူတို့၏ အလှူကို ဘုရားသခင် လက်ခံတော်မူ၏။ အကြောင်းကား သူတို့သည် ချမ်းသာသော ညီအစ်ကိုတို့လောက် ကြီးကျယ်သော ပူဇော်ခြင်း၊ ၎င်းပြင် သာ၍ ကြီးကျယ်သော ပူဇော်ခြင်းကို ပြုကြ၏။ စည်းကမ်းစနစ်နှင့် ပေးလှူခြင်းနည်းသည် အိမ်ထောင်တိုင်းအား မလိုသော အရာတို့အတွက် ဖြန်းတီးရန် သွေးဆောင်ခြင်းမှ ကာကွယ်ပေးလိမ့်မည်။ အထူးသဖြင့် သူဋ္ဌေးတို့အား အလွန်အမင် ဖြုန်းတီးခြင်းမှ ကာကွယ်ပေးခြင်းဖြင့် ကောင်းကြီးမင်္ဂလာ တစ်ခု ဖြစ်လိမ့်မည်။ 163T 412; CCB1 163.1

    စိတ်နှလုံးပါလျက် ရက်ရောစွာ ပေးကမ်းခြင်း၏ အကျိုးကား စိတ်နှလုံးကို ဝိညာဉ်တော်နှင့် ရင်းနှီးစွာ ဆက်ဆံစေဖို့ လမ်းပြခြင်း ဖြစ်သတည်း။ 176T 390;CCB1 163.2

    ဘုရားသခင်၏ အမှုတော်အတွက် ပေးလှူခြင်းနှင့် ဆိုင်သော ဥပဒေကို ပေါလုက ဖော်ပြထားပါသည်။ ၎င်းပြင် ကျွန်ုပ်တို့ ကိုယ်တိုင် နှင့် ဘုရားသခင်အဖို့ မည်ကဲ့သို့ အကျိုးရှိကြောင်းကိုလည်း ပြောပြထားပါသည်။ “လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသော စိတ်နှင့် မလှူရ။ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ။ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသော သူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏။” “အနည်းငယ်သော မျိုးစေ့ကို ကြဲသော သူသည် စပါး အနည်းငယ်ကိုသာ ရိတ်ရမည်။ များစွာ ကြဲသော သူသည် များစွာ ရိတ်ရမည်ဟု မှတ်ကြလော့။” သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာ အမျိုးမျိုး အစဉ် ရှိ၍၊ ကောင်းသော အကျင့် အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည့်အကြောင်း၊ အမျိုးစုံသော မင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင် တတ်နိုင်တော်မူ၏။ မျိုးစေ့ကြဲသော သူအား မျိုးစေ့ကို လည်းကောင်း၊ အစာအာဟာရကို လည်းကောင်း ပေးတော်မူသော သူသည်၊ သင်တို့အား မျိုးစေ့ကို ပေး၍ ပွားများစေတော်မူမည်။ သင်တို့၏ ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။ ထိုသို့ သင်တို့သည် စေတနာစိတ်နှင့် အမျိုးမျိုးသော စွန့်ကြဲပေးကမ်းခြင်းအလိုငှါ အရာရာ၌ ကြွယ်ဝခြင်း ရှိသည် ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာ အကြောင်း အများနှင့် ပြည့်စုံလျက် ရှိ၏။ ၂ ကော၊ ၉: ၆-၁၁။ 185T 735;CCB1 164.1