Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကလေးများသည် ရိုသေရမည်။

    မိဘများတို့၊ သင်တို့၏ သားသမီးများ၌ ခရစ်ယာန် စိတ်သဘောမျိုး တိုး၍ ဖြစ်ပေါ်လာရန် သူတို့၏ အခြေအနေကို မြှင့်တင်ပေးပါ။ သူတို့၏ ဗဟုသုတတွင် သခင်ယေရှု၏ အလေ့အကျင့်မျိုး ရှိလာစေရန် ကူညီပါ။ ဘုရားသခင်၏ အိမ်တော်ကို အလွန် ရိုသေလေးစားခြင်း ရှိဖို့၊ ၎င်းပြင် သူတို့သည် ထာဝရဘုရား၏ အိမ်တော်ထဲသို့ ဝင်သောအခါ၊ အောက်ပါ စိတ်သဘောမျိုးအားဖြင့် သူတို့၏ စိတ်နှလုံးသည် နူးညံ့၊ နှိမ့်ချခြင်း ရှိရမည်ကို နားလည်စေဖို့ သွန်သင်ပေးပါ။ “ဘုရားသခင်သည် ဤနေရာ၌ ရှိတော်မူ၏။ ဤဇရပ်သည် ဘုရားသခင်၏ အိမ်တော် ဖြစ်၏။ ကျွန်ုပ်၌ စင်ကြယ်သော အကြံအစည် နှင့် အသန့်ရှင်းဆုံးသော ရည်ရွယ်ချက် ရှိရမည်။ ဘုရားသခင်၏ မျက်မှောက်တော်တွင် ကျွန်ုပ်သည် ရောက်ရှိနေသဖြင့်၊ ကျွန်ုပ်၏ စိတ်ထဲ၌ ကြွားဝါခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ မကောင်း ပြောဆိုခြင်း၊ မုန်းခြင်း၊ သို့မဟုတ် လှည့်ဖြားခြင်း သဘောများ မရှိရ။ ဤနေရာ၌ ဘုရားသခင်သည် မိမိ၏ လူများနှင့် တွေ့ဆုံ၍ ကောင်းကြီးပေးတော်မူ၏။ မြင့်မြတ်သန့်ရှင်း၍ ထာဝရကာလ တည်နေတော်မူသော အရှင်သည် ကျွန်ုပ်ကို ကြည့်ရှု၍ ကျွန်ုပ်၏ စိတ်နှလုံးကို စစ်ဆေးလျက် ကျွန်ုပ်၏ အလွန် လျှို့ဝှက်သော အကြံအစည်၊ အပြုအမူတို့ကို သိရှိနားလည်တော်မူ၏။”CCB1 232.2

    ဘုရားသခင် ကျွန်ုပ်တို့၏ လုပ်ငန်း အကြောင်းကို မိဘတို့က ပြုမူ ပြောဆိုကြသည်အတိုင်း လူငယ်တို့၏ နူးညံ့၊ ထိခိုက်လွယ်သော စိတ်သဘောက ၎င်းလုပ်ငန်းတို့ကို တန်ဖိုးထားကြသည်။ အိမ်ထောင်၏ ခေါင်းဆောင် အများသည် မိမိတို့ အိမ်၌ စည်းဝေး အကြောင်းကို ဝေဖန် ပြောဆိုလျက် အနည်းငယ်သော အရာကိုသာ နှစ်သက် သဘောကြ၍ အခြားသော အချက်တို့ကို အပြစ်တင်တတ်ကြသည်။ ထိုသို့အားဖြင့် လူတို့အား ဖော်ပြသော ဘုရားသခင်၏ သတင်းစကားကို ဝေဖန် မေးမြန်း၍ ပေါ့ပေါ့ဆဆ ထင်မှတ်သော အကြောင်းအရာ ဖြစ်သွားစေ၏။ ဤကဲ့သို့ သတိမရှိ၊ မရိုသေသော မှတ်ချက်များအားဖြင့် ငယ်ရွယ်သော သူတို့၏ စိတ်ထဲ၌ မည်ကဲ့သို့သော အရာများကို စွဲမှတ်စေလိမ့်မည်နည်း။ ကောင်းကင် စာစောင်များ၌သာ ဤမှတ်ချက်များကို ဖော်ပြလိမ့်မည်။ မိဘများက ထင်မြင်တတ်သည်ထက် သာ၍ လျင်မြန်စွာ သားသမီးတို့က ဤအရာများကို သိရှိနားလည်တတ်ကြ သည်။ သူတို့သည် အကျင့်စာရိတ္တတွင် မှားသော လမ်းကို လိုက်မိသဖြင့် မည်သည့်အခါမျှ မပြောင်းလဲဘဲ နေကြလိမ့်မည်။ မိဘတို့သည် မိမိတို့ သားသမီးတို့၏ ခိုင်မာသော စိတ်သဘော၊ နှင့် ဘုရားသခင်၏ တရားတော်အတိုင်း ကျင့်လိုသော စိတ်သဘော ဖြစ်ပေါ်လာစေရန် သူတို့အား နှိုးဆော်တိုက်တွန်းဖို့ ခဲယဉ်းခြင်းအတွက် ငိုကြွေးမြည်တမ်းရကြ၏။45T 493-497;CCB1 233.1

    ဘုရားသခင်၏ နာမတော်ကိုလည်း ရိုသေခြင်း ရှိဖို့ လိုပေသည်။ ထိုနာမတော်ကို မည်သည့်အခါမျှ ပေါ့ဆစွာ၊ သတိကင်းမဲ့စွာ မပြောမဆိုအပ်။ ဆုတောင်းရာ၌ပင် နာမတော်ကို ထပ်ခါထပ်ခါ မလိုဘဲနှင့် ဖော်ပြခြင်းကို ရှောင်ကြဉ်ရမည်။ “နာမတော်သည် သန့်ရှင်း၏။ကြောက်ရွံ့ရိုသေဖွယ် ဖြစ်၏။” (ဆာလံ၊ ၁၁၁: ၉။) ကောင်းကင်တမန်တို့သည် နာမတော်ကို ပြောဆိုရာတွင် မိမိတို့၏ မျက်နှာကို ဖုံးအုပ်ထားကြ၏။ အပြစ် ရှိ၍ ကျဆုံးသော ကျွန်ုပ်တို့သည် မည်ကဲ့သို့သော ရိုသေခြင်းမျိုးဖြင့် ၎င်းနာမတော်ကို ပြောဆိုသင့်ကြပါသလဲ။CCB1 233.2

    ဘုရားသခင်၏ သန့်ရှင်းသော နာမတော်ကို ရိုသေခြင်း ကြောက်ရွံခြင်း နှင့် အသုံးပြုရမည်ကို ကျွန်ုပ် မြင်ရ၏။ အနန္တတန်ခိုးရှင်၊ ဘုရားသခင် ဟူသော စကားများကို တွဲသုံးလျက် အချို့တို့သည် ဆုတောင်းရာ၌ ဆင်ခြင်မှု မရှိဘဲ သတိ ကင်းမဲ့စွာ အသုံးပြုတတ်သဖြင့်၊ ဤအမှုကို ဘုရားသခင်သည် နှစ်သက်တော်မမူပါ။ ထိုသို့ ပြောဆိုရာ၌ ဘုရားသခင် သို့မဟုတ် သမ္မာတရား အကြောင်း မှန်ကန်စွာ ပိုင်ခြား သိနားလည်မှု မရှိကြောင်းကို ဖော်ပြသည်။ သို့မဟုတ် သူတို့သည် ကြီးမြတ်၍ ကြောက်စရာကောင်းသော ဘုရားသခင် အကြောင်းကို ထိုမျှလောက် ရိုသေခြင်း ကင်းမဲ့စွာ ပြောဆိုကြမည် မဟုတ်။ ဘုရားသခင်သည် မကြမီ နောက်ဆုံးသော နေ့၌ သူတို့ကို တရားစီရင်လိမ့်မည်။ “ဘုရားသခင်၏ နာမတော်သည် ကြောက်ရွံ့ဖွယ် ဖြစ်၍ ထိုစကားတို့ကို ပူးတွဲမထားနှင့်” ဟု ကောင်းကင်တမန်က ပြောဆို၏။ ဘုရားသခင် နာမတော်၏ ကြီးမြတ်ခြင်း အကြောင်းကို သိရှိသော သူတို့သည် ဘုရားသခင်၏ နာမတော်ကို သန့်ရှင်းသော ကြောက်ရွံ့ခြင်းနှင့် ပြောဆိုကြလိမ့်မည်။ ဘုရားသခင်သည် မချဉ်းကပ်နိုင်သော အလင်းတွင် နေတော်မူသဖြင့်၊ မည်သူမျှ ဘုရားသခင်ကို မြင်မိလျှင် အသက်မရှင်နိုင်။ အသင်းတော်ကို မတိုးပွားမီ ဤအရာတို့ကို နားလည်၍ ပြုပြင်ပေးရမည်ကို ကျွန်ုပ် မြင်ရ၏။ (E. W p. 122)CCB1 233.3

    ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့သည် ရိုသေရကြမည်။ ပုံနှိပ်ထားသော ကျမ်းစာအုပ်ကို ရိုသေရကြမည်။ ၎င်းကို မည်သည့်အခါမျှ ရိုးရိုး ပစ္စည်းကဲ့သို့ အသုံးမပြုရ၊ သတိကင်းမဲ့စွာ မကိုင်မတွယ်ရ။ ကျမ်းစကားများကို ပြောင်လှောင်ရာ၌ မသုံးရ။ သို့မဟုတ် မိမိ အလိုရှိသလို အလွဲ အနက်ကောက်ခြင်း မပြုရ။ “ဘုရားသခင်၏ စကားတော် ရှိသမျှသသည် စင်ကြယ်၏။” မြေနှင့် ကင်းစင်စေခြင်းငှါ၊ မိုက်၌ ခုနစ်ကြိမ် စစ်သော ငွေကဲ့သို့ ဖြစ်ကြ၏။” (သု၊ ၃၀: ၅။ ဆာ၊ ၁၂: ၆။)CCB1 234.1

    အခြားအရာများထက်၊ နားထောင်ခြင်းဖြင့် မှန်သော ရိုသေခြင်းကို ပြကြောင်း သားသမီးများအား သွန်သင်ပေးကြပါ။ ဘုရားသခင်သည် မလိုသော အရာ တစ်စုံတစ်ခုကိုမျှ အမိန့်ပေးတော်မမူ။ ၎င်းပြင် ရိုသေခြင်း နည်းကို ဖော်ပြရာတွင်၊ ဘုရားသခင်၏ စကားတော်ကို နားထောင်ခြင်းလောက် ဘုရားသခင် နှစ်သက်တော်မူသော အရာ မရှိချေ။CCB1 234.2

    ဘုရားသခင်၏ နေရာ၌ ပြောဆိုပြုမူရသော သင်းအုပ်ဆရာ၊ ဆရာမများ နှင့် မိဘများ ဖြစ်ကြသော ဘုရားသခင်၏ ကိုယ်စားတော်များကိုလည်း ရိုသေရကြမည်။ သူတို့အား ရိုသေလေးစားခြင်းဖြင့် ဘုရားသခင်ကို ချီးမြှောက်ကြသည်။5Ed. 236, 243, 244; CCB1 234.3

    ဘုရားသခင် ရောက်ရှိနေကြောင်းကို ထူးခြားစွာ ဖော်ပြထားသော နေရာတို့ကို မည်ကဲ့သို့ သဘောထားရမည်ကို ကျမ်းစာက ဖော်ပြသော ထိုစကားများကို လူကြီးလူငယ်တို့သည် ကောင်းစွာ ဆင်ခြင်အပ်ပေသည်။ “သင်၏ ခြေနင်းကို ချွတ်လော့။ သင် နင်းသော အရပ်ကား သန့်ရှင်းသော မြေ ဖြစ်သည်” ဟု ဘုရားသခင်က မောရှေအား မီးလောင်သော ချုံထဲမှ မိန့်တော်မူ၏။ (ထွ၊ ၃: ၅။) ကောင်းကင်တမန်တို့၏ ရူပါရုံကို မြင်ပြီးနောက်၊ ယာကုပ်က၊ ထာဝရဘုရားသည် ဤအရပ်၌ ရှိတော်မူ၏။ ရှိတော်မူကြောင်းကို ငါမသိ။ ဤအရပ်ကား အခြား မဟုတ်၊ ဘုရားသခင်၏ ဘုံဗိမာန်၊ ကောင်းကင်တံခါးဝ ဖြစ်သည် တကား” ဟု ပြောဆိုလေ၏။ (က၊ ၂၈: ၁၆၊ ၁၇။)6GW 178, 179;CCB1 235.1

    သန့်ရှင်းသော အရာများ အကြောင်းကို ရိုသေစွာ ပြောဆိုလျက်၊ ပုံသက်သေ နှင့်တကွ အကျင့်အားဖြင့် သင်၏ ယုံကြည်ခြင်း တရားကို သင်သည် ရိုသေကြောင်း ပြရမည်။ ကျမ်းစာအားဖြင့် သင်၏ ယုံကြည်ခြင်း တရားကို သင်သည် ရိုသေကြောင်း ပြရမည်။ ကျမ်းစကားများကို ပြောပြနေစဉ်၊ ပေါ့ဆ၍ သိမ်ဖျင်းသော စကားတစ်ခွန်းမှ သင့် နှုတ်မှ မထွက်ပါစေနှင့်။ သင်သည် လက်ထဲ၌ ကျမ်းစာအုပ်ကို ကိုင်ထားစဉ်၊ သင်သည် သန့်ရှင်းသော မြေပေါ်၌ ရပ်နေကြောင်းကို သတိရပါ။ ကောင်းကင်တမန်များသည် သင့် ပတ်လည်၌ ရှိသဖြင့်၊ သင်၏ မျက်စိများကို ဖွင့်ကြည့်နိုင်လျှင်၊ သူတို့ကို သင် မြင်ရလိမ့်မည်။ သင့် ပတ်လည်တွင် စင်ကြယ်သန့်ရှင်းသော ပတ်ဝန်းကျင် ရှိနေကြောင်း၊ သင်နှင့် ဆက်သွယ်သော ဝိညာဉ် အသီးအသီး၏ စိတ်ထဲ၌ စွဲလမ်းသွားစေမည့် အပြုအမူမျိုး သင်၌ ရှိပါစေ။ အချည်းနည်းသော စကား တစ်ခွန်း၊ ပေါ့ဆစွာ ရယ်မောသံ တစ်ခုသည် ဝိညာဉ် တစ်ဦးအား မှားသော ဘက်သို့ ရောက်သွားစေကောင်း ရောက်သွားစေလိမ့်မည်။ ဘုရားသခင်နှင့် အမြဲ ဆက်သွယ်မနေခြင်းကြောင့် ကြောက်စရာကောင်းသော အကျိုးအပြစ်ကို ဖြစ်စေ၏။7FB 194, 195;CCB1 235.2