Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၈။—ဘဏ္ဍာစိုးအရာနှင့် ဆိုင်သော သြဝါဒများ။

    ရက်ရောပေးကမ်းခြင်း သဘောသည် ကောင်းကင်ဘုံ၌ ထင်ရှားသော သဘောမျိုး ဖြစ်သည်။ သခင်ခရစ်တော်၏ ကိုယ်ကို ဆက်ကပ်ပူဇော် စွန့်စားတတ်သော မေတ္တာသည် လက်ဝါးကပ်တိုင်ပေါ်၌ ထင်ရှား သိမြင်လာရ၏။ လူသည် ကယ်တင်ခြင်း ခံစားရမည် အကြောင်း၊ ကိုယ်တော်သည် မိမိ၌ ရှိသမျှတို့ကို စွန့်တော်မူပြီးနောက် မိမိ ကိုယ်တော်တိုင် စွန့်တော်မူ၏။ သခင်ခရစ်တော်၏ လက်ဝါးကပ်တိုင်က မင်္ဂလာရှိသော ကယ်တင်ရှင်၏ တပည့်တော်တိုင်းအား ရက်ရောစွာ ပေးကမ်းစွန့်ကြဲခြင်း ရှိစေဖို့ရန် တိုက်တွန်းနှိုးဆော်၏။ ထိုလက်ဝါးကပ်တိုင်၌ ပုံဆောင်ထားသော အခြေခံ တရားကား စွန့်ကြဲပေးကမ်းခြင်း အမှု ဖြစ်သည်။ ရက်ရောစွာ ပေးကမ်းစွန့်ကြဲခြင်း နှင့် ကုသိုလ်ကောင်းမှု ပြုခြင်းဖြင့် ဤတရာကို လိုက်နာကျင့်ဆောင်ခြင်းသည် ခရစ်ယာန် အသက်တာ၏ မှန်ကန်သော အကျိုး (အသီး) ဖြစ်သည်။ လောကီ တပ်မက်ခြင်း၏ အခြေခံ သဘောတရားကား ကိုယ်အဖို့ သိမ်းယူခြင်း ဖြစ်သည်။ ၎င်းပြင် ထိုသို့အားဖြင့် ပျော်ရွှင်ခြင်း ချမ်းသာကို ရရှိရန် မျှော်လင့်ကြ၏။ သို့ရာတွင် ၎င်းသဘောတရားကို အမျိုးမျိုးသော နည်းတို့ဖြင့် လိုက်နာကြရာတွင်၊ ခံစားရသော ကံကြမ္မာ (အသီး) ကား စိတ်ဆင်းရဲခြင်း နှင့် သေခြင်း ဖြစ်သတည်း။CCB1 151.1

    လက်ဝါးကပ်တိုင်မှ ထွန်းတောက်လျက် ရှိသော ဧဝံဂေလိ အလင်းတရားသည် ကိုယ်ကျိုးရှာခြင်း အမှုကို အပြစ်တင်လျက် ရက်ရောစွာ ပေးကမ်းစွန့်ကြဲခြင်း အမှုကို အားပေးတိုက်တွန်း၏။ ပေးကမ်းစွန့်ကြဲဖို့ ခေါ်ဖိတ်နေသော အကြောင်းများသည် တိုး၍ များပြားလာလျက် ရှိသည်မှာ ညည်းညူနေစရာ မဟုတ်။ ဘုရားသခင်သည် မိမိ၏ လူများအား ကန့်သတ်ထားသော လုပ်ငန်း အခြေအနေမှ စွန့်စားရသည့် သာ၍ ကြီးကျယ်သော လုပ်ငန်းထဲသို့ ဝင်ရောက် ဆင်နွှဲရန် အလိုရှိတော်မူ၏။ လောကတွင် မှောင်မိုက်သော အကျင့်များ ဖုံးလွှမ်းနေသော ဤခေတ်ကာလ၌ အကန့်အသတ် မရှိ ကြိုးပမ်း ဆောင် ရွက်မှုကို အလိုရှိတော်မူ၏။ အများသော ဘုရားသခင်၏ လူတို့သည် လောကီဆန်ခြင်း၊ တပ်မက်ခြင်း အမှုများအားဖြင့် သွေးဆောင်လှည့်ဖြားခြင်း ခံနေရကြမည်ကို စိုးရိမ်စရာ ရှိပေသည်။ ဘုရားသခင်၏ ကရုဏာတော်ကပင်လျှင် သူတို့၏ ငွေကြေးများကို တိုး၍ တောင်းခံနေရသည်ကို သူတို့ သိရှိနားလည် အပ်ပေသည်။ရက်ရောစွာ စွန့်ကြဲပေးကမ်းရဖို့ လိုအပ်သော အကြောင်းအရာတို့ကို သူတို့ မျက်မှောက်၌ ထင်ရှားစွာ ဖော်ပြရမည်။ သို့မဟုတ် သူတို့သည် ပုံသက်သေ ပြခဲ့တော်မူသော အရှင်သခင်ကြီး၏ ခြေတော်ရာကို လိုက်နိုင်ကြမည် မဟုတ်။CCB1 151.2

    မိမိ၏ တပည့်တော်တို့အား လောကီနိုင်ငံ အရပ်ရပ် ရှိသမျှသို့ သွား၍ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောပြောစေရန် အမိန့်ပေးတော်မူရာ၌၊ သခင်ခရစ်တော်သည် လူတို့အား မိမိ၏ ကျေးဇူးတော်တရားကို တိုး၍ သိကျွမ်းစေခြင်းငှါ ဆောင်ရွက်ရသော လုပ်ငန်းကို အပ်ပေးတော်မူ၏။ သို့သော် အခြားသော သူတို့သည် တရားဟောပြောရန် ထွက်သွားနေကြစဉ်၊ မြေကြီးပေါ်၌ မိမိ၏ အမှုတော်ကို ထောက်ပံ့ကူညီဖို့ အလှူငွေများကို ပေးကြစေရန် အခြား သူတို့အား ဘုရားသခင်သည် ခေါ်ဖိတ်လျက် နေတော်မူ၏။ မိမိတို့ လူအချင်းချင်းကို ကယ်တင်ခြင်း အမှုတွင် စီမံခန့်ထားသော လုပ်ငန်းကို ဆောင်ရွက်ခြင်းဖြင့် ဘုရားသခင်၏ ဆုကျေးဇူးသည် လူကိုယ်စားလှယ်များအားဖြင့် သက်ရောက်သွားမည် အကြောင်း ဘုရားသခင်သည် လူတို့၏ လက်ထဲတွင် ဥစ္စာဘဏ္ဍာများကို ပေးအပ်တော်မူ၏။ ဤအမှုကား လူတို့အား ဘုရားသခင် ချီးမြှောက်တော်မူသော နည်းတစ်မျိုး ဖြစ်သတည်း။ ထိုအမှုသည် လူ၏ စိတ်နှလုံးထဲရှိ အလွန် ပြင်းထန်သော ထောက်ထား စာနာတတ်သော သဘောကို နှိုးဆော်ထကြွစေလျက် စိတ်၏ အမြင့်မြတ်ဆုံး စွမ်းအား သတ္တိတို့ကို အသုံးချစေဖို့ရန် ပြုပြင်ပေးလိမ့်မည် ဖြစ်သောကြောင့်၊ ၎င်းလုပ်ငန်းသည် လူ၌ လိုအပ်သော အရာတစ်ခု ဖြစ်ပေသည်။19T 254, 255;CCB1 152.1

    မှန်ကန်သော နည်းဖြင့် ရက်ရောစွာ စွန့်ကြဲပေးကမ်းခြင်း အမှုသည် လူတို့၏ ဉာဏ်သတ္တိ နှင့် စာရိတ္တ ခွန်အားတို့ကို တိုးပွားစေလျက်၊ ဒုက္ခိတတို့ အ ပေါ်၌ ကောင်းကြီးမင်္ဂလာကို သက်ရောက်စေရာ၌ လည်းကောင်း၊ ဘုရားသခင်၏ အမှုတော်ကို တိုးတက်ကြီးပွားစေရာ၌ လည်းကောင်း၊ အမြတ်ဆုံးသော အပြုအမူတို့ကို ပြုကျင့်စေရန် သူတို့အား ထကြွနိုးကြားစေ၏။23T 401;CCB1 152.2

    ဒုက္ခရောက်နေသော ညီအစ်ကို တစ်စုံတစ်ယောက်အား ကူညီမစဖို့၊ သို့မဟုတ် သမ္မာတရားကို ဖြန့်ဖြူးရေး၌ ဘုရားသခင်၏ အမှုတော်ကို ထောက်ပံ့ကူညီဖို့ ရရှိသော အခွင့်အရေးတိုင်းသည် ကောင်းကင်ဘဏ္ဍာတိုက်ထဲ၌ လုံခြုံစွာ ထိန်းသိမ်းထားဖို့ သင် ကြိုတင် ပေးပို့နိုင်သော ပုလဲ အသီးအသီး ဖြစ်ပေသည်။33T 249;CCB1 153.1