Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ညီညွတ်ခြင်း နှင့် စည်းလုံးခြင်းသည် ကျွန်ုပ်တို့၏ အခိုင်ဆုံး သက်သေတည်း။

    ကျွန်ုပ်တို့အား ဘေးဒုက္ခ အလွန် ရောက်စေသော အရာမှာ လောက၏ တားဆီးနှောင့်ယှက်ခြင်း မဟုတ်။ ကျွန်ုပ်တို့အား အလွန် ဒုက္ခရောက်စေ၍ ဘုရားသခင်၏ အမှုတော် တိုးတက်ရေးကို အလွန် တားဆီးသော အရာမှာ ယုံကြည်သော သူများဟု ခေါ်ဆိုနေသူ၏ စိတ်နှလုံးထဲ၌ မွေးမြူထားသော မကောင်းသော စိတ်သဘော ဖြစ်သည်။ မနာလိုခြင်း၊ အချင်းချင်း မသင်္ကာခြင်း ရှိလျက် အပြစ်ရှာခြင်း၊ မကောင်း ပြောဆိုခြင်းထက် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးကို အားနည်းခြင်း ဖြစ်စေရန် သာ၍ သေချာစေသော နည်း မရှိချေ။ ထိုသို့သော ပညာသည် အထက်မှ သက်ရောက်သော ပညာ မဟုတ်။ မြေကြီး ပညာ၊ ဇာတိပကတိ ပညာ၊ နတ်ဆိုး ပညာ ဖြစ်၏။ အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း ရှိလျှင် မငြိမ်မဝပ် ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာ ပြုမူခြင်း အမျိုးမျိုး ရှိတတ်၏။ အထက်မှ သက်ရောက်သော ပညာမူကား၊ ရှေးဦးစွာ စင်ကြယ်၏။ ထိုမှတစ်ပါး၊ အသင့်အတင့် နေတတ်၏။ ဖြည်းညှင်းသော သဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့် လည်းကောင်း၊ ကောင်းကျိုးနှင့် လည်းကောင်း ပြည့်စုံ၏။ လျစ်လျူရှုသော စိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့် ကင်းစင်၏။ အသင့်အတင့် နေခြင်းငှါ ပြုစုတတ်သော သူတို့သည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကို ငြိမ်သက်စွာ ကြဲတတ်ကြ၏။ ယာ၊ ၃: ၁၅-၁၈။CCB1 178.1

    ဘုရားသခင်သည် အပြစ်သားတို့အား ကယ်ဆယ်ရန် မိမိ၏ သားတော်ကို ဤလောကသို့ စေလွှတ်တော်မူ ကြောင်းကို သက်သေခံရာတွင်၊ စိတ်သဘော အမျိုးမျိုး ရှိသော လူတို့အထဲတွင် တည်ရှိသော ညီညွတ်ခြင်း နှင့် ပေါင်းစည်းခြင်း အမှုသည် အခိုင်ခံ့ဆုံး သက်သေ ဖြစ်ပေသည်။ ဤကဲ့သို့ သက်သေခံခြင်းမျိုးသည် ကျွန်ုပ်တို့၏ အခွင့်အရေး ဖြစ်သည်။ သို့ရာတွင် ဤကဲ့သို့ ပြုလုပ်နိုင်ရန် ကျွန်ုပ်တို့သည် သခင်ခရစ်တော်၏ လက်အောက်တွင် တည်ရှိနေရကြမည်။ သခင်ခရစ်တော်၏ သဘောတော်နှင့် အညီ ကျွန်ုပ်တို့၏ စာရိတ္တကို ပြုပြင်ရမည်။ ကျွန်ုပ်တို့၏ အလိုဆန္ဒများကို ကိုယ်တော်၏ အလိုတော်ကို အပ်နှံထားရမည်။ ထိုအခါ ကျွန်ုပ်တို့သည် အချင်းချင်း ထိခိုက်ခြင်း မဖြစ်နိုင်ဘဲ အတူတကွ အမှုဆောင်ရွက်နိုင်လိမ့်မည်။CCB1 178.2

    အနည်းငယ် သဘောကွဲပြားမှုကိုစိတ်စွဲနေလျှင် ခရစ်ယာန် ဆက်ဆံခြင်းကို ပျက်စီးစေသော အပြုအမူတို့ကို ဖြစ်ပေါ်လာစေ၏။ ရန်သူသည် ထိုသို့ ကျွန်ုပ်တို့ အပေါ်၌ အခွင့်အရေး သာသွားစေဖို့ အခွင့် မပေးဘဲ နေကြစို့။ ကျွန်ုပ်တို့သည် ဘုရားသခင် ထံသို့ လည်းကောင်း၊ အချင်းချင်းထံသို့ လည်းကောင်း သာ၍ နီးကပ်စွာ အမြဲ ချဉ်းကပ်ကြစို့။ ထိုအခါ ကျွန်ုပ်တို့သည် ထာဝရဘုရား စိုက်တော်မူ၍ အသက်ရေ စီးရာ မြစ်မှ ရေနှင့် လောင်းခြင်း ခံရသော ဖြောင့်မတ်ခြင်း အပင်များ ဖြစ်ကြလိမ့်မည်။ ၎င်းပြင် ကျွန်ုပ်တို့သည် မည်မျှ များစွာ အသီးသီး ကြလိမ့်မည်နည်း။ “သင်တို့သည် များစွာသော အသီးကို သီးသော အားဖြင့်၊ ငါ့ ခမည်းတော်သည် ဘုန်းထင်ရှားတော်မူမည်” ဟု သခင်ခရစ်တော်က မိန့်တော်မူသည် မဟုတ်လော။ ယော၊ ၁၅: ၈။CCB1 179.1

    သခင်ခရစ်တော်၏ ဆုတောင်းချက်ကို လုံးလုံး ယုံကြည်လာသောအခါ၊ ၎င်း၏ သွန်သင်ချက်ကို ဘုရားသခင်၏ လူတို့သည် နေ့စဉ် အသက်တာ၌ လိုက်နာကြသောအခါ၊ ကျွန်ုပ်တို့ အထဲတွင် အပြုအမူတို့၌ စည်းလုံး ညီညွတ်ခြင်း ရှိလာသည်ကို တွေ့မြင်ရလိမ့်မည်။ ညီအစ်ကို အချင်းချင်းတို့သည် သခင်ခရစ်တော်၏ မေတ္တာ ရွှေကြိုးအားဖြင့် ချည်နှောင်ခြင်း ရှိလာကြလိမ့်မည်။ ဤကဲ့သို့ တစ်လုံးတစ်စည်းတည်း ရှိခြင်း အမှုကို ဘုရားသခင်၏ ဝိညာဉ်တော် အားဖြင့်သာ ဖြစ်မြောက်စေနိုင်လိမ့်မည်။ မိမိ ကိုယ်တော်တိုင်ကို သန့်ရှင်းစေတော်မူသော ကိုယ်တော်သည် မိမိ၏ တပည့်တော်တို့ကို သန့်ရှင်းတော်မူနိုင်၏။ ကိုယ်တော်နှင့် စည်းလုံးခြင်းဖြင့်၊ သူတို့သည် အသန့်ရှင်းဆုံးသော ယုံကြည်ခြင်းတွင် အချင်းချင်း စည်းလုံးခြင်း ရှိလာကြလိမ့်မည်။ ဘုရားသခင်က ပြုစေလိုတော်မူ သည်အတိုင်း ကျွန်ုပ်တို့သည် ဤစည်းလုံးခြင်းကို ရရှိရန် ကြိုးစားသောအခါ၊ ထိုအမှုသည် ကျွန်ုပ်တို့၌ ဖြစ်လာလိမ့်မည်။38T 242, 243;CCB1 179.2

    ဘုရားသခင် အလိုရှိတော်မူသော အရာမှာ ကြီးကျယ်သော အဖွဲ့အစည်းများ၊ ကြီးသော အဆောက်အဦးများ နှင့် အပြင်ပအားဖြင့် ပြထားသော အရာများ မဟုတ်။ ဘုရားသခင် ရွေးချယ်၍ အဖိုးတန်လျက် အချင်းချင်း စည်းလုံးခြင်း ရှိပြီးလျှင်၊ မိမိတို့၏ အသက်တာကို သခင်ခရစ်တော် နှင့်အတူ ဘုရားသခင်၌ ဝှက်ထားသော ထူးခြားသော လူတစ်မျိုး၏ ညီညွတ်သော အပြုအမူကို အလိုရှိတော်မူ၏။ လူတိုင်းသည် မိမိ နေရာ၊ မိမိ အလုပ်အကိုင်တွင် တည်ရှိနေလျက် အကြံအစည်၊ အပြောအဆို၊ အပြုအမူတို့တွင် မှန်ကန်သော သဘောကို ထင်ရှားစေရကြမည်။ ဘုရားသခင်၏ အမှုတော်ဆောင် အပေါင်းသည် ဤကဲ့သို့ ပြု၍ နောက်ကျသည်တိုင်အောင် မဆိုင်းဘဲ နေလျှင်၊ ကိုယ်တော်၏ အလုပ်သည် တစ်ခုလုံး အချိုးအစား ညီမျှစွာ ပြီးမြောက်သွားလိမ့်မည်။48T 183;CCB1 180.1

    ထာဝရဘုရားသည် မှန်သော ယုံကြည်ခြင်း၊ ကောင်းမြတ်သော စိတ်သဘော ရှိသော သူ၊ အမှား နှင့် အမှန်ကို ဝေဖန်ပိုင်းခြား သိနားလည်နိုင်သော သူတို့ကို ခေါ်တော်မူ၏။ လူအသီးအသီးတို့သည် မိမိကိုယ်ကို ကာကွယ်ထားလျက် ယောဟန်ခရစ်ဝင်၊ အခန်းကြီး ၁၇ တွင် ပါရှိသော သင်ခန်းစာများကို လေ့ကျက်၍ ဤခေတ်ကာလတွင် သမ္မာတရားတွင် တည်မြဲသော ယုံကြည်ခြင်း ရှိရကြမည်။ ကျွန်ုပ်တို့အား သခင်ခရစ်တော်၏ ဆုတောင်းခြင်း အကျင့်မျိုးနှင့် ညီညွတ်စေခြင်းငှါ လုပ်ပေးနိုင်သော ထိုသို့ ကိုယ်ကို ချုပ်တည်းခြင်းမျိုးကို ကျွန်ုပ်တို့၌ လိုပေသည်။58T 239;CCB1 180.2

    ကိုယ်တော်၏ တပည့်တော်များတို့သည် ဘုရားသခင်၏ အကြံအစည်တော်ကို အမြင့်၊ အနက်မှ စ၍ အလုံးစုံ ပြည့်စုံအောင် ဆောင်ရွက်စေဖို့ ကယ်တင်ရှင်၏ စိတ်သည် စွဲလမ်းလျက် ရှိတော်မူ၏။ သူတို့သည် လောကတွင် အရပ်ရပ်၌ ကွဲပြားနေကြသော်လည်း၊ ကိုယ်တော်၌ တစ်လုံးတစ်ဝတည်း ရှိရကြမည်။ သို့ရာတွင် သူတို့သည် မိမိတို့၏ အလိုကို ကိုယ်တော်အား ပေးအပ်ခြင်းငှါ အလို မရှိကြလျှင်၊ ဘုရားသခင်သည် သူတို့အား သခင်ခရစ်တော်၌ တစ်လုံးတစ်ဝတည်း ဖြစ်စေရန် ပြုလုပ်ပေးတော်မမူနိုင်။68T 243:CCB1 180.3