Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စည်းကမ်းစနစ်ဖြင့် ကြိုးစား လေ့ကျက်ခြင်း။

    မိဘများတို့၊ သင်တို့၏ သားသမီးများအား ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြု၍ လောက၌ ကောင်းသော အမှုကိုပြုစေရန် ပညာသင်ပေးလိုလျှင်၊ ကျမ်းစာအုပ်သည် သင်ခန်းစာ စာအုပ် ဖြစ်ပါစေ။ ၎င်းသည် စာတန်၏ လှည့်ဖြားခြင်း ပရိယာယ်ကို ထင်ရှားစွာ ဖော်ပြ၏။ ၎င်းသည် လူမျိုးကို ကြီးကျယ်စွာ မြှင့်တင်ပေးသော အရာ၊ မကောင်းသော အကျင့်များကို ဖော်ပြလျက် ပြုပြင်ပေးသော အရာ၊ ကျွန်ုပ်တို့အား အမှန် နှင့် အမှားကို ခြားနား သိရှိစေရန် စုံစမ်း ရှာဖွေပေးသော အရာ ဖြစ်ပေသည်။ အိမ်၌ ဖြစ်စေ၊ ကျောင်းမှာ ဖြစ်စေ၊ မည်သည့် အရာကို မဆို သင်ကြားပေးသောအခါ၊ ကျမ်းစာအုပ်သည် ကြီးမြတ်သော ပညာကို သင်ကြားပေးသော အရာ အဖြစ်နှင့် ၎င်းကို ပဋ္ဌမဦးဆုံး နေရာတွင် ထားရမည်။ ၎င်းကို ဤနေရာ၌ ထားလျှင်၊ ဘုရားသခင်သည် ချီးမြှောက်ခြင်း ခံရ၍ သင်၏ သားသမီးများအား စိတ်နှလုံး ပြောင်းလဲစေခြင်းငှါ၊ ဘုရားသခင်သည် သင့်အတွက် ပြုပြင်ပေးတော်မူမည်။ ဤသန့်ရှင်းသော စာအုပ် ၌ သမ္မာတရား နှင့် တင့်တယ်ခြင်း တည်းဟူသော အဖိုးအလွန် ထိုက်သော ရတနာ သတ္တုတွင်း ရှိသဖြင့်၊ ၎င်းကို သားသမီးတို့အား အထူး စိတ်ဝင်စားဖွယ် ဖြစ်အောင် မပြုလုပ်ကြလျှင် မိဘများ ကိုယ်တိုင် အပြစ်တင်ခြင်း ရလိမ့်မည်။65T 322; CCB1 304.2

    စုံစမ်းသော သူသည် မိမိ၏ လှည့်ဖြားခြင်း ပရိယာယ်ဖြင့် သခင်ခရစ်တော်ထံ ချဉ်းကပ်သောအခါ၊ “ကျမ်းစာ လာသည်” ဆိုသော စကားကိုသာ သခင်ခရစ်တော်က တစ်ခုတည်းသော လက်နက်အဖြစ် အသုံးပြုတော်မူ၏။ ကျမ်းစာ၏ သမ္မာတရားကို သွန်သင်ခြင်း အမှုသည် မိဘတိုင်း ထမ်းဆောင်အပ်သော ကြီးကျယ် မြင့်မြတ်သော လုပ်ငန်းကြီး တစ်ခု ဖြစ်သည်။ ပျော်ရွှင်နှစ်သက်ဖွယ်သော စိတ်နှင့် သားသမီးတို့ ရှေ့တွင် ဘုရားသခင် မိန့်တော်မူသကဲ့သို့ သမ္မာတရားကို ဖော်ပြထားလော့။ မိခင် ဖခင်များ ဖြစ်ကြသည် အလျောက်၊ နေ့စဉ် အသက်တာတွင် သည်းခံခြင်း၊ ကြင်နာ သနားခြင်း၊ ချစ်ခင်ခြင်းတို့ကို သင်တို့ ကိုယ်တိုင် လက်တွေ့ ကျင့်သုံးကြခြင်းဖြင့်၊ သားသမီးတို့အဖို့ သင်တို့ ကိုယ်တိုင်သည် ပုံသက်သေ၊ သို့မဟုတ် သင်ရန် စာ ဖြစ်လာနိုင်ပေသည်။ သူတို့ သဘောအတိုင်း ပြုကျင့်စေရန် သူတို့ကို အခွင့်မပေးပါနှင့်။ သင်တို့ လုပ်ငန်းသည် ဘုရားသခင်၏ အလိုတော်နှင့် အညီ မွေးမြူ စောင့်ရှောက်၍ သွန်သင် ဆုံးမပေးရခြင်း ဖြစ်ကြောင်းကို ပြလော့။CCB1 305.1

    သင်တို့၏ အိမ်ထောင်တွင် ကျမ်းစာကို လေ့ကျက်ရာ၌ စည်းကမ်းစနစ်ကို လိုက်နာ စောင့်ရှောက်ပါ။ လောကသဘော သက်ဝင်သော အရာ တစ်စုံတစ်ခုကိုမျှ ဂရုစိုက် မနေပါနှင့်။ ဝိညာဉ်သည် အသက်မု့န်အားဖြင့် ကျွေးမွေးခြင်း ခံရကြောင်းကို အသေအချာ သိရှိပါစေ။ နေ့စဉ် တစ်နာရီ သို့မဟုတ် နာရီဝက်မျှပင်၊ ပျော်ရွှင်စွာ ပေါင်းသင်းဆက်ဆံသော သဘောဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ စွဲလမ်းခြင်း နှင့် လေ့လာခြင်းအားဖြင့် အလွန် ကောင်းမြတ်သော အကျိုးကျေးဇူးကို ခန့်မှန်းခြင်းငှါ မတတ်နိုင်ပေ။ ဖော်ပြထားသော အကြောင်းအရာနှင့် သက်ဆိုင်၍ ခြားနားသော အချိန်များနှင့် ဖြစ်ပျက်သော အခြေအနေ အမျိုးမျိုးတို့တွင် ပြောပြသော အချက်အပေါင်းတို့ကို စုရုံးထားပြီးလျှင်၊ ကျမ်းစာအုပ်ကိုပင် ၎င်း၏ အဓိပ္ပါယ် ရှင်းလင်းပေးသော အရာ ဖြစ်ပါ စေ။ ခေတ္တခဏ လာရောက် မေးမြန်းသူ၊ သို့မဟုတ် ဧည့်သည်များကြောင့်၊ သင်၏ အိမ်ထောင် ကျမ်းစာ သင်တန်းကို မဖြုတ်လိုက်ပါနှင့်။ ကျမ်းစာ သင် နေ့စဉ်၊ သူတို့သည် ဝင်လာကြလျှင်၊ သူတို့အား သင်တန်း၌ ပါဝင်ရန် ခေါ်ဖိတ်ပါ။ လောက၏ အမြတ်အစွန်း သို့မဟုတ် ပျော်မွေ့ခြင်းထက် ဘုရားသခင်၏ နှုတ်ကပတ်ကို သိကျွမ်းခြင်း ပညာကို ရရှိဖို့ အရေးကို သာ၍ အရေးကြီးသည်ဟု သင်သည် သဘောထားကြောင်းကို သိမြင်ပါစေ။CCB1 305.2

    ကျွန်ုပ်တို့သည် နေ့တိုင်း ဆုတောင်းလျက် ကြိုးစား၍ ကျမ်းစာကို လေ့ကျက် ဖတ်ရှုကြလျှင်၊ ကျွန်ုပ်တို့သည် နေ့တိုင်း တင့်တယ်သော သမ္မာတရား အချို့ကို သစ်လွင်၊ ကြည်လင်၍ လေးနက်သော အဓိပ္ပါယ် ပါရှိသော အလင်းနှင့် တွေ့မြင်ရလိမ့်မည်။7CG 510, 511;CCB1 306.1

    ထာဝရဘုရား၏ အလိုတော်အတိုင်း သင်၏ သားသမီးတို့ကို မွေးမြူးစောင့်ရှောက်၍ ဆုံးမ သွန်သင်ပေးလိုလျှင်၊ သင်သည် ကျမ်းစာအုပ်ကို လမ်းပြအဖြစ် သဘောထားရမည်။ သူတို့ အတုယူဖို့ရန် သခင်ခရစ်တော်၏ အသက်တာ နှင့် ဂုဏ်တော်တို့ ပုံစံ နမူနာ အဖြစ် ဖော်ပြလော့။ သူတို့သည် မှားယွင်းလျှင်၊ သခင်ဘုရားက ထိုအလားတူ အဖြစ် အကြောင်းနှင့် စပ်ဆိုင်၍ မည်ကဲ့သို့ မိန့်တော်မူသည်ကို သူတို့အား ဖတ်ပြလော့။ ဤလုပ်ငန်း၌ အမြဲ သတိပြုလျက် ကြိုးစားအားထုတ်မှုကို လိုပေသည်။ မှားသော အမှုအရာ တစ်စုံတစ်ခုကို မိဘတို့က သည်းခံနေလျက် ဆရာ ဆရာမတို့က မဆုံးမဘဲ ထားကြလျှင်၊ စာရိတ္တမဏ္ဍိုင် တစ်ခုလုံးသည် ချို့တဲ့ပြီးလျှင် မညီမညွတ်ဘဲ ရှိနေလိမ့်မည်။ သူတို့၌ စိတ်နှလုံးသစ် ရှိရမည်ကို သားသမီးများအား သွန်သင်ပေးပါ။ အသစ်သော အတွေ့အကြုံကို ခံစားရရှိ၍ အသစ်သော စိတ်ဆန္ဒ ဖြစ်ပေါ်လာစေရန်လည်း သွန်သင်ပေးပါ။ သူတို့သည် သခင်ခရစ်တော်ထံမှ အကူအညီကို ရရှိရကြမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားသော ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်၊ သဘောတော်တို့ကို သူတို့သည် ကောင်းစွာ သိကျွမ်း နားလည်ရကြမည်။8CG 515; CCB1 306.2