Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သင်၏ စွမ်းရည်သတ္တိသည် လိုသော အရာနှင့် သင့်တော်ရမည်။

    ထာဝရဘုရားသည် မိမိ၏ ကြီးကျယ်သော စီမံကိန်းကြီးတွင် လူတိုင်းတို့အဖို့ လုပ်စရာ နေရာ တစ်ခုစီကို စီမံ ခန့်ထားတော်မူပြီ။ စွမ်းရည်သတ္တိသည် သေးနုတ်သည်ဟု ဆိုကြစို့။ ဘုရားသခင်သည် ထိုမျှလောက်သော စွမ်းရည်သတ္တိအတွက်ပင် အလုပ် လုပ်ဖို့ နေရာ တစ်ခုကို စီမံတော်မူပြီ။ ၎င်းပြင် ထိုတစ်ခုတည်းသော စွမ်းရည်သတ္တိပင် ဖြစ်စေကာမူ၊ ၎င်ကို သစ္စာနှင့် အသုံးပြုလျှင်၊ လုပ်ဆောင်ရန် ဘုရားသခင် ခွဲခန့်ထားသော အလုပ်ကိုပင် ပြီးမြောက်အောင် ပြုလုပ်နိုင်လိမ့်မည်။ မရေရာသော တဲအိမ်များနှင့် နေသော သူတို့၏ စွမ်းရည်သတ္တိတို့ကို တစ်အိမ်တက် တစ်အိမ်ဆင်း လုပ်ငန်းတွင် အလိုရှိလျက် ဤလုပ်ငန်းတွင် ထူးချွန်သော သတ္တိများ ရှိသူတို့ထက် သာ၍ ပြီးမြောက်အောင် ဆောင်ရွက်နိုင်လိမ့်မည်။49T 37, 38. CCB1 130.1

    လူများတို့သည် ဘုရားသခင် ညွန်ကြားလမ်းပြသည်အတိုင်း မိမိတို့၏ ခွန်အားသတ္တိတို့ကို အသုံးပြုကြသောအခါ၊ သူတို့၏ စွမ်းရည်သတ္တိများသည် တိုးပွားလာကြလိမ့်မည်။ သူတို့၏ ဉာဏ်စွမ်းများသည် များပြားလာ၍ သူတို့သည် ပျောက်ဆုံးနေသော သူတို့ကို ရှာဖွေရာ၌ ကောင်းကင်မှ ဉာဏ်ပညာကို ရရှိကြလိမ့်မည်။ သို့သော် အသင်းဝင်သူတို့သည် ဘုရားသခင် ချပေးတော်မူသော တာဝန်တို့ကို အခြား သူတို့အား ဝေမျှပေးရန် သတိမပြုဘဲ မေ့လျော့နေကြလျှင်၊ သူတို့သည် ကောင်းကင်မှ ဘဏ္ဍာကို ရရှိဖို့ မည်ကဲ့သို့ မျှော်လင့်နိုင်မည်နည်း။ ခရစ်ယာန်ဟု ခေါ်နေသော သူတို့သည် မှောင်မိုက်တွင် ရှိသော သူတို့အား အလင်းကို လင်းစေဖို့ တာဝန်ကို မသိ နားမလည်၊၊ ကျေးဇူးတော် နှင့် ပညာကို ဝေငှပေးကမ်းခြင်း မရှိသောအခါ၊ သူတို့သည် ဝေဖန်ပိုင်းခြား သိနားလည်တတ်သော ဉာဏ် နည်းပါးလာလျက် ကောင်းကင်မှ ကြွယ်ဝစွာ ချ ပေးသော ဆုကျေးဇူးတို့ကို နှစ်သက် လိုလားသော သဘော ကွယ်ပျောက်သွား၏။ ၎င်းပြင် မိမိတို့ ကိုယ်တိုင် တန်ဖိုးကို မသိနိုင်သဖြင့်၊ အခြားသူတို့အား ဖော်ပြဖို့ သင့်ကြောင်းကို မသိရှိဘဲနေကြလိမ့်မည်။CCB1 130.2

    အခြားသော ရပ်ကွက်များတွင် အသင်းတော်ကြီးများကို တည်ထောင်ထားကြသည်ကို ကျွန်ုပ်တို့ တွေ့ရှိရသည်။ ထိုအသေင်းတော်ကြီးများ၏ အသင်းဝင်သူတို့သည် သမ္မာတရားကို ကောင်းစွာ သိကျွမ်း နားလည်ကြသော်လည်း၊ အများသော သူတို့သည် အခြားသော သူတို့အား အလင်းတရားကို ဝေမျှပေးလိုခြင်း မရှိဘဲ အသက်ရှင်စေသော နှုတ်ကပတ်စကားတော်ကို ကြားနာရုံနှင့် တင်းတိမ်လျက် ရှိကြသည်။ သူတို့သည် အမှုတော် တိုးတက်ကြီးပွားရေးအတွက် အနည်းငယ်သာ တာဝန်ကို သိရှိ နားလည်ကြ၏။ ဝိညာဉ်များ ကယ်တင်ရေးတွင် အနည်းငယ်ာ စိတ်ပါဝင်စားမှု ရှိကြသည်။ သူတို့သည် လောကီ အရာများတွင် အလွန် စိတ်အားထက်သန်လျက် ရှိကြသော်လည်း၊ မိမိတို့၏ လောကီ လုပ်ငန်းတို့တွင် ဘာသာရေးကို မထည့်သွင်းကြချေ။ သူတို့က၊ “ဘာသာရေးသည် ဘာသာရေး ဖြစ်၍ လောကီ လုပ်ငန်းသည် လောကီ လုပ်ငန်း ဖြစ်၏” ဟု ပြောဆိုတတ်ကြသည်။ အသီးအသီးသည် သူ့နေရာနှင့် သူ သင့်တော်စွာ ရှိနေ၏ဟု သူတို့က ယုံကြည်ကြ၏။ သို့သော် သူတို့က “၎င်းတို့ကို ခွဲခြားထားပါ” ဟု ပြောဆိုကြ၏။CCB1 131.1

    အခွင့်ကောင်းများကို ဂရုစိုက်ဘဲ နေခြင်း၊ အခွင့်အရေးကို ရှုတ်ချခြင်း အမှုတို့ကြောင့်၊ ဤအသင်းတော်များတွင် ရှိသော အသင်းဝင်သူတို့သည် “ကျေးဇူးတော်၌ လည်းကောင်း၊ ငါတို့ကို ကယ်တင်တော်မူသော အရှင် သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌ လည်းကောင်း” ကြီးပွားခြင်း မရှိဘဲ နေကြ၏။ (၂ ပေတရု၊ ၃: ၁၈) ထိုကြောင့် သူတို့သည် ယုံကြည်ခြင်း၌ အားနည်း၍ ဉာဏ်ပညာ ချွတ်ယွင်းလျက် ဗဟုသုတတွင် သူငယ်ကဲ့သို့ နည်းပါး၏။ သူတို့သည် သမ္မာတရား၌ အမြစ်မစွဲ၊ အခြေမတည်ကြချေ၊ သူတို့သည် ဤကဲ့သို့သော အခြေအနေ၌သာ တည်ရှိနေပါလျှင်၊ နောက်ဆုံးကာလ၏ လှည့်ဖြားခြင်း အမျိုးမျိုးတို့အားဖြင့် သူတို့သည် အမှန်ပင် လှည့်ဖြားခြင်း ခံရကြလိမ့်မည်။ အကြောင်းမူကား သူတို့၌ သမ္မာတရားကို အမှားမှ ခွဲခြား သိရှိနိုင်သော ဝိညာဉ် မျက်စိ ရှိကြမည် မဟုတ်သောကြောင့်တည်း။56T 424, 425;CCB1 131.2