Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သက်သေခံချက်များတွင် အပြစ်ရှာ ဝေဖန်ခြင်း၌ ဘေးရောက်စေတတ်ခြင်း။

    မကြမီက မြင်သော အိပ်မက်တွင် ကျွန်ုပ်သည် စည်းဝေးနေသော လူတစ်စု ရှေ့သို့ ရောက်သွား၍၊ သူတို့သည် ကျွန်ုပ်အား ဖော်ပြသော အရေးအကြီးဆုံးသော သတိပေး စကားကို စိတ်ထဲမှ ပယ်ရှားရန် ကြိုးစား အားထုတ်နေကြသည်။ သူတို့က၊ မမဝှိုက်၏ သက်သေခံချက်များကို ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။ သို့ရာတွင် ဆင်ခြင် စဉ်းစားနေသော ထူးခြားသော အမှုကိစ္စ၌ သက်ဆိုင်သော အရာများကို ရူပါရုံတွင် သူမသည် တိုက်ရိုက် မတွေ့မမြင်ရဟု သူမက ပြောပြ သောအခါ၊ သူမ၏ စကားများသည် အခြားသော သူ တစ်စုံတစ်ယောက်၏ စကားထက်ပင် ကျွန်ုပ်တို့အဖို့ အကျိုးမရှိချေဟု ပြောဆိုကြ၏။ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ကျွန်ုပ် အပေါ်သို့ သက်ရောက်လာသဖြင့်၊ ကျွန်ုပ်သည် မတ်တပ်ရပ်၍ ထာဝရဘုရား၏ နာမတော်၌ သူတို့ကို ပြစ်တင် ဆုံးမရလေ၏။CCB1 297.4

    ယခု ဤအရေးကြီးသော သတိပေးစကားတို့ကို ပြောပြသောအခါ၊ ကြားရသော သူတို့က၊ ဤအရာသည် မမဝှိုက် တစ်ဦးတည်း၏ အကြံဉာဏ် ဖြစ်သဖြင့်၊ ကျွန်ုပ်သည် မိမိ ကိုယ်တိုင်၏ သဘောကိုပင် လိုက်နာနေဦးမည်ဟု ပြောဆိုကြ၏။ ၎င်းပြင် သူတို့သည် သူတို့အား မပြုလုပ်စေရန် သတိပေးထားသော အရာကိုပင် ဆက်လက် ပြုလုပ်နေကြလျှင်၊ သူတို့သည် ဘုရားသခင်၏ အကြံဉာဏ်ကို ရှုတ်ချကြောင်း ပြကြသဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်က ဖြစ်ရလိမ့်မည်ဟု ကျွန်ုပ်အား ဖော်ပြသည်အတိုင်း ဖြစ်လာရလေ၏။ ၎င်းကား၊ ဘုရားသခင်၏ အမှုတော်ကို ထိခိုက်စေလျက် သူတို့ ကိုယ်တိုင် ပျက်စီးခြင်းသို့ ရောက်ခြင်း အကြောင်းတည်း။ မိမိတို့၏ အခြေအနေကို ခိုင်ခံ့စေလိုသော ဆန္ဒရှိသော သူတို့သည် သက်သေခံချက်များထဲမှ မိမိတို့၏ ထင်မြင်ချက်ကို ထောက်မလိမ့်မည်ဟု ထင်ရသော အချက်များကို ဆွဲထုတ်ကြလျက် ၎င်းတို့ အပေါ်၌ အမှီပြု၍ အခိုင်ဆုံး ဖြစ်နိုင်သော အဓိပ္ပါယ်ကို ဖော်ပြထားကြလိမ့်မည်။ သို့သော် မိမိ ပြုလုပ်သော နည်းလမ်းကို မေးမြန်း စစ်ဆေးသော၊ သို့မဟုတ် မိမိတို့၏ ထင်မြင်ချက်နှင့် မကိုက်မညီညွတ်သော အချက်တို့ကို မမဝှိုက်၏ အကြံဉာဏ် ဖြစ်သည်ဟု ပြောဆိုကြပြီးလျှင်၊ ၎င်းသည် ကောင်းကင်မှ အစပြု ဖြစ်ပေါ်လာသည်ကို ငြင်းဆိုကြလျက် ၎င်းကို မိမိတို့၏ ထင်မြင်ချက် သဘောနှင့် တန်းတူ ထားကြလေ၏။CCB1 298.1

    ၎င်းပြင် ယခု၊ ညီအစ်ကို မောင်နှမများတို့၊ ကျွန်ုပ်နှင့် လူများတို့၏ စပ်ကြားတွင် ဝင်၍ သူတို့ထံသို့ ရောက်ရှိစေခြင်းငှါ ဘုရားသခင် အလိုရှိတော်မူသော အလင်းကို ဖယ်ရှားခြင်း မပြုပါနှင့်။ သင်သည် အပြစ်တင် ဝေဖန်ခြင်းအားဖြင့် သက်သေခံချက်များ ထဲမှ အဓိပ္ပါယ် လေးနက်သော အရာ ရှိသမျှ၊ အချက်ကျ၍ တန်ခိုးနှင့် ပြည့်စုံသော အရာ ရှိသမျှတို့ကို ယူမပစ်ပါနှင့်။ ကောင်းကင်မှ အလင်းသည် အဘယ်အရာ ဖြစ်သည်ကို လည်းကောင်း၊ မည်သည့်အရာသည် လူတို့၏ ဉာဏ်အားဖြင့် ဖော်ပြသော စကားများ ဖြစ်သည်ကို လည်းကောင်း ဝေဖန် ပိုင်းခြားနိုင်ရန် ဘုရားသခင်သည် သင့်အား အစွမ်းသတ္တိကို ပေးတော်မူခဲ့ပြီဟု ပြောဆို လျက်၊ သင်၏ ထင်မြင်ချက်နှင့် ကိုက်ညီသော အချက်တို့ကို သင်သည် ခွဲထုတ်ယူနိုင်လိမ့်မည်ဟု မထင်ပါနှင့်။ သက်သေခံချက်များ က ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အညီ ဖော်ပြခြင်း မပြုလျှင် ၎င်းတို့ကို ငြင်းပယ်လော့။ သခင်ခရစ်တော်သည် ဗေကျာလနှင့် ပေါင်းနိုင်တော်မမူ။ သခင်ခရစ်တော်၏ မျက်နှာကို ထောက်လျက် လူတို့၏ စဉ်းလဲသော ဆင်ခြေ၊ ယုံမှားသော အချက်များအားဖြင့်၊ လူတို့၏ စိတ်ကို ရှုပ်ထွေးအောင် မပြုလုပ်ပါနှင့်။ ၎င်းပြင် ထာဝရဘုရားက ပြုလုပ်စေလိုတော်မူသော လုပ်ငန်းကို အကျိုး မဖြစ်စေခြင်းငှါ မပြုလုပ်ပါနှင့်။ သင်သည် ဝိညာဉ်ရေး၌ ဝေဖန် ပိုင်းခြားနိုင်သော ဉာဏ်ကင်းမဲ့ခြင်းအားဖြင့်၊ ဘုရားသခင်၏ ကိုယ်စားတော် ဖြစ်သော ဤအရာကို အများသော သူတို့အား ထိမိ၍ လဲစေလျက် ကျော့မိ ဖမ်းဆီးခြင်း ခံရစေသော ကျောက် မဖြစ်ပါစေနှင့်။105T 687-691CCB1 298.2