Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သန့်ရှင်းသော ဝိညာဉ်တော် တည်းဟူသော ဆုကျေးဇူးကို ဘုရားသခင်က ချပေးရန် အလိုရှိတော်မူခြင်း။

    ဗဟုသုတနှင့် ပြည့်စုံသော အမှုတော်ဆောင်များသည် ကျွန်ုပ်တို့ အသင်းဝင်သူများ နေထိုင်ရာ ရပ်ကွက်တွင် အထူးသဖြင့် ကြိုးစားအားထုတ်လျက် အမှုဆောင်ရွက်နေကြသောအခါ၊ ထိုသာသနာ နယ်မြေ၌ ရှိကြသော ယုံကြည်သူတို့ အပေါ်၌ ထာဝရဘုရားအတွက် အမှုတော် ဆောင်ရွက်ရန် မိမိတို့ စွမ်းရည်သတ္တိ ရှိသမျှ လမ်းဖွင့်ပေးဖို့ အလွန် အရေးကြီးသော တာဝန် တစ်ခု တည်ရှိနေပေသည်။ သူတို့သည် ဆုတောင်းခြင်း နှင့် မိမိတို့၏ စိတ်နှလုံးကို ရှာဖွေ စစ်ဆေးကြလျက်၊ ဘုရားသခင်နှင့် လည်းကောင်း၊ မိမိတို့၏ ညီအစ်ကို မောင်နှစ်မတို့နှင့် လည်းကောင်း ကူညီဆောင်ရွက်ခြင်း အမှုကို တားဆီးကန့်ကွက်ရမည့် အပြစ် ဒုစရိုက် ရှိသမျှကို ပယ်ရှားထားခြင်းဖြင့် ဘုရင်မင်းမြတ်ကြီး၏ လမ်းခရီးတော်ကို ရှင်းလင်းထားရကြမည်။CCB1 132.1

    ညအခါ ပေါ်လာသော ရူပါရုံများတွင် ဘုရားသခင်၏ လူတို့ အထဲ၌ ဘာသာရေးနှင့် စပ်ဆိုင်၍ ပြုပြင် ပြောင်းလဲခြင်း အရေးတော်ပုံကြီး အကြောင်းကို ကျွန်ုပ်အား ဖော်ပြထားပါသည်။ အများသော သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းနေကြ၏။ လူနာများကို ကျန်းမာခြင်းသို့ ရောက်စေလျက် အခြားသော နိမိတ်လက္ခဏာများကို ပြုလုပ်ပြကြ၏။ ပင်တေကုတ္တေပွဲနေ့ကြီး မရောက်မီက ထင်ရှားသကဲ့သို့ ကြားဖြန်ဖြေသော သဘောကို တွေ့မြင်ရ၏။ ရာထောင်မက များစွာသော သူတို့သည် အိမ်ထောင်များကို လှည့်လည် ကြည့်ရှုကြလျက် သူတို့ရှေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖွင့်၍ ဖတ်ပြကြ၏။ စိတ်နှလုံးများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် ကိုယ်အပြစ်ကို သိမြင်လာကြလျက်၊ အစစ်အမှန် စိတ်နှလုံး ပြောင်းလဲသော သဘောကို ထင်ရှားစေ၏။ နေရာတကာတိုင်းတွင် ကြွေးကြော် ဖော်ပြသော သမ္မာတရားကို လက်ခံရန် လမ်းဖွင့်ပေးကြ၏။ လောကကြီးသည် ကောင်းကင် တန်ခိုးအားဖြင့် ထွန်းလင်းတောက်ပနေ၏။ ဘုရားသခင်၏ မှန်ကန် နှိမ့်ချသော လူများတို့သည် များစွာသော ကောင်းကြီးမင်္ဂလာများ ကို ခံယူရရှိကြလေ၏။ ကျေးဇူးတော် ချီးမွမ်းခြင်း အသံများကို ကျွန်ုပ် ကြားရ၍ ၁၈၄၄ ခုနှစ်က မြင်ရသကဲ့သို့ ပြုပြင် ပြောင်းလဲခြင်း အမှုကြီး တစ်ခု ဖြစ်ပေါ်လာသည်ဟု ထင်ရ၏။CCB1 132.2

    ဘုရားသခင်သည် မိမိ၏ လူများအား သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုကျေးဇူးကို ချပေးခြင်းဖြင့် ခွန်အား အသစ်ပေးရန် အလိုရှိတော်မူလျက် မိမိ၏ မေတ္တာတော်တွင် သူတို့အား ထပ်မံ၍ နှစ်ခြင်းကို ပေးတော်မူပြန်၏။ အသင်းတော်၌ ဝိညာဉ်တော် ခေါင်းပါးခြင်းရှိဖို့ မလို။ သခင်ခရစ်တော်သည် ကောင်းကင်သို့ တက်ကြွသွားပြီးနောက်၊ ဆုတောင်းလျက် စောင့်နေ၍ ယုံကြည်ခြင်း ရှိကြသော တပည့်တော်တို့ အပေါ်သို့ စိတ်နှလုံးကို ထိခိုက်လောက်အောင် ပြည့်စုံခြင်းနှင့် လည်းကောင်း၊ တန်ခိုးနှင့် လည်းကောင်း သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်လာတော်မူ၏။ သမ္မာတရားအားဖြင့် သန့်ရှင်းခြင်း အဖြစ်သို့ ရောက်ရှိလာကြသော သူတို့ထံမှ သန့်ရှင်းသော သြဇာတန်ခိုးသည် လောကထဲသို့ ရောက်ရှိသွားရလိမ့်မည်။ ကမ္ဘာမြေကြီးသည် ကျေးဇူးတော် အရှိန်နှင့် ဝန်းရံလျက် ရှိလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူ၏ စိတ်နှလုံးကို ပြုပြင်လျက် ဘုရားသခင်နှင့် ဆိုင်သော အရာတို့ကို ယူ၍ လူတို့အား ဖော်ပြရလိမ့်မည်။79T 40;CCB1 133.1

    7ထာဝရဘုရားကို အမှန် ယုံကြည်သော သူအပေါင်းတို့အဖို့ ထာဝရဘုရားသည် ကြီးကျယ်သော အမှုကြီး တစ်ခုကို ပြုတော်မူရန် အလိုရှိတော်မူ၏။ သာမန် အသင်းသား ရိုးရိုးတို့သည် မိမိတို့ ပြုလုပ်နိုင်သော လုပ်ငန်းကို ဆောင်ရွက်ရန် ထကြွနိုးကြားကြလျက် မိမိတို့၏ စရိတ်ဖြင့် တိုက်ပွဲများကို သွားရောက် တိုက်ခိုက်ကြပြီးလျှင်၊ သခင်ယေရှုထံသို့ ဝိညာဉ်များကို ယူဆောင်လာကြရာတွင်၊ မည်မျှ ပြီးစီးစွာ ဆောင်ရွက်ခဲ့ကြကြောင်း၊ အသီးအသီးတို့သည် သိမြင်ရကြလျှင်၊ များစွာသော သူတို့သည် သခင်ခရစ်တော်၏ အလံတော်အောက်သို့ ဝင်ရောက်ခိုလံှုရန် စာတန်၏ စစ်တပ်ထဲမှာ ထွက်လာကြသည်ကို ကျွန်ုပ်တို့ မြင်ရကြလိမ့်မည်။ ကျွန်ုပ်တို့၏ အသင်းဝင်သူတို့သည် သွန်သင်ဆုံးမထားသော ဤနှုတ်ကပတ်စကား အနည်းငယ် (ယောဟန်၊ ၁၅: ၈) တွင် ဖော်ပြထားသော အလင်းတရားအတိုင်း ပြုမူကြလျှင်၊ ကျွန်ုပ်တို့သည် အမှန်ပင် ဘုရားသခင်၏ ကယ်တင်ခြင်းကို တွေ့မြင်ရကြလိမ့်မည်။ အံ့သြဖွယ် ကောင်းသော ပြုပြင်ပြောင်းလဲမှုကြီးသည် ဖြစ်ပေါ်လာလိမ့်မည်။ အပြစ်သားများတို့သည် စိတ်နှလုံး ပြောင်းလဲကြလျက် များစွာသော ဝိညာဉ်တို့သည် အသင်းတော် ဘောင်ထဲသို့ ထပ်မံ ဝင်ရောက်လာကြလိမ့်မည်။ ကျွန်ုပ်တို့သည် မိမိတို့၏ စိတ်နှလုံးကို သခင်ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စေလျက် ကျွန်ုပ်တို့၏ အသက်တာကို ကိုယ်တော်၏ အမှုတော်နှင့် ညီညွတ်စေကြသောအခါ၊ ပင်တေကုတ္တေပွဲနေ့၌ တပည့်တော်တို့ အပေါ်သို့ သက်ရောက်ခဲ့သော ဝိညာဉ်တော်သည် ကျွန်ုပ်တို့ အပေါ်၌လည်း ဆင်းသက်ကြွလာတော်မူလိမ့်မည်။88T 246,CCB1 133.2