Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စည်းစိမ်တိုးပွားလျှင်၊ ၎င်းတို့၌ စွဲလမ်းခြင်း မရှိသင့်။

    ဆယ်ဖို့တစ်ဖို့ ပေးခြင်း၏ အထူး စည်းကမ်းကို ဘုရားသခင်၏ ပညတ်ကဲ့သို့ တည်မြဲသော အခြေခံတရား ပေါ်၌ အခြေတည်ထားသည်။ ဤသို့ ဆယ်ဖို့တစ်ဖို့ ပေးခြင်း စည်းကမ်းသည် ယုဒလူတို့အဖို့ ကောင်းကြီးမင်္ဂလာ တစ်ခု ဖြစ်သည်။ သို့မဟုတ် ဘုရားသခင်သည် သူတို့အား ၎င်းကို ပေးတော်မူမည် မဟုတ်။ ထိုအတူ အဆုံးကာလတိုင်အောင် ထိုစည်းကမ်းကို လိုက်နာပြုကျင့်သော သူတို့အဖို့လည်း ကောင်းကြီးမင်္ဂလာ တစ်ခု ဖြစ်လိမ့်မည်။CCB1 166.2

    ဘုရားသခင်၏ အမှုတော်ကို ထောက်ပံ့ရာဤ အလွန် စည်းကမ်းရှိ၍ ရက်ရောသော အသင်းတော်တို့သည် ဝိညာဉ်ရေး၌ အလွန် တိုးတက်အောင်မြင်လျက် ရှိကြပါသည်။ အမှန် ရက်ရောသော စိတ်ရှိသော တပည့်တော်သည် မိမိ စိတ်ဝင်စားမှုကို သခင်ခရစ်တော်၏ စိတ်ဝင်စားမှုနှင့် ထပ်တူထပ်မျှ ဖြစ်စေ၏။ မိမိတို့ ဖြုန်းသော ပိုက်ဆံတိုင်းအတွက် ဘုရားသခင်အား စာရင်းပြရမည်ကို ငွေကြေးရှိသော သူတို့သည် သိရှိနားလည်ကြလျှင်၊ သူတို့၌ လိုနေသည် ထင်သော အရာတို့သည် များစွာ လျော့သွားလိမ့်မည်။ သြတ္တပ္ပစိတ်သည် ထကြွနိုးကြားလာလျှင်၊ အစားကျူးခြင်း၊ ကြွားဝါခြင်း၊ အချည်းနှီးသော အရာများ၊ ကာမဂုဏ်ခံစားခြင်းများအတွက် မလိုဘဲ အသုံးပြုခြင်း အမှုတို့ကို သက်သေပြလျက်၊ ဘုရားသခင်၏ အမှုတော်အတွက် အသုံးပြုရမည် ဖြစ်သော ထာဝရဘုရား၏ ငွေကို ဖြုန်းတီးခြင်း အမှုကို အစီရင်ခံလိမ့်မည်။ ထာဝရဘုရား၏ ဥစ္စာကို အချည်းနှီး ဖြုန်းတီးသော သူတို့သည် နောက်များ မကြာမီ မိမိတို့ ပြုခဲ့သော အမှုများအတွက် သခင်ဘုရားကို စာရင်းပြရကြလိမ့်မည်။CCB1 166.3

    ခရစ်ယာန်ဟု ခေါ်နေသော သူတို့သည် မိမိတို့ ကိုယ်ကို တန်ဆာဆင်ရာ၌ လည်းကောင်း၊ အိမ်ကို လှပအောင် ပြုပြင်ရာ၌ လည်းကောင်း မိမိတို့၏ ဥစ္စာကို လျှော့၍ သုံးကြလျက်၊ ကျန်းမာခြင်းကို ထိခိုက်စေတတ်၍ ပိုလျှံလွန်းသော ကာမဂုဏ် စည်းစိမ်တို့အတွက် လျှော့၍ ဝယ်ကြလျှင်၊ သူတို့သည် ဘုရားသခင်၏ ဘဏ္ဍာတိုက်တွင် များစွာသော ငွေကို ပေးနိုင်ကြလိမ့်မည်။ ထိုသို့အားဖြင့် ကောင်းကင်၊ မိမိ၏ စည်းစိမ် နှင့် ဘုန်းအသရေကို စွန့်လျက်၊ ကျွန်ုပ်တို့သည် ထာဝရစည်းစိမ်ကို ဝင်စားရကြမည် အကြောင်း၊ ကျွန်ုပ်တို့အတွက် ဆင်းရဲခြင်းအဖြစ်သို့ ရောက်တော်မူသော ရွေးနှုတ်ရှင်ကို သူတို့သည် အတုခိုးကြလိမ့်မည်။CCB1 167.1

    သို့ရာတွင် အများသော သူတို့သည် လောကီဘဏ္ဍာကို ဆည်းပူးစပြုကြသောအခါ၊ အလိုရှိသေသာ ငွေကို ပိုင်ဆိုင်ရရှိနိုင်ရန် မည်မျှကြာရှည်စွာ စုဆောင်းရမည်နည်းဟု အစပြု တွက်ချက်တတ်ကြသည်။ ဘဏ္ဍာများစွာ စုဆောင်းဖို့ စိုးရိမ်ပူဆွေးနေခြင်းဖြင့် သူတို့သည် ဘုရားသခင်ဘက်၌ ကြွယ်ဝချမ်းသာလာဖို့ မအောင်မြင်ကြချေ။ သူတို့၏ စုဆောင်းမှုကြောင့် ရက်ရောသော စိတ်သည် လျော့ပါးသွား၏။ ဥစ္စာကိုကို တပ်မက်သော စိတ်သည် တိုးပွားလာသောအခါ၊ သူတို့သည် မိမိတို့၏ ဥစ္စာ၌ စိတ်စွဲလမ်းလာကြလေ၏။ ထာဝရဘုရားအား ဆယ်ဖို့တစ်ဖို့ ပေးရခြင်းသည် ပြင်းထန်၍ မတရားသော အခွန် ဖြစ်သည်ဟု အချို့တို့က ထင်မှတ်လာသည်တိုင်အောင်၊ ဥစ္စာဘဏ္ဍာ တိုးပွားလာခြင်းအားဖြင့် သာ၍ လိုချင်သော ဆန္ဒသည် ဖြစ်ပေါ်လာ၏။CCB1 167.2

    “ဥစ္စာ များပြားလျှင် စိတ်စွဲလမ်းခြင်း မရှိကြနှင့်” ဟု ဝိညာဉ်တော်က မိန့်တော်မူ၏။ ဆာ၊ ၆၂: ၁၀။ တစ်စုံတစ်ယောက်သော သူကဲ့သို့ ချမ်းသာကြွယ်ဝလာလျှင်၊ ဘုရားသခင်၏ ဘဏ္ဍာတော်ထဲသို့ အလှူငွေများကို အဆများစွာ ပိုပေးမည်။ ကျွန်ုပ်တို့ ဥစ္စာတို့ကို ဘာမျှ မလုပ်ဘဲ၊ ဘုရားသခင်၏ အမှုတော် တိုးပွားရေးအတွက် အသုံးပြုမည်ဟု လူအများက ပြောတတ်ကြသည်။ ဘုရားသခင်သည် အချို့သော သူတို့အား စည်းစိမ်ချမ်းသာကို ပေးတော်မူခြင်းဖြင့် စုံစမ်းတော်မူ၏။ သို့သော် စည်းစိမ်ချမ်းသာ နှင့်အတူ သာ၍ ကြောက်စရာ ကောင်းသော စုံစမ်းခြင်း ရောက်ရှိလာ၍၊ သူတို့၏ ရက်ရောသော စိတ်သည် ဆင်းရဲစဉ်အခါကထက် သာ၍ လျော့ပါးသွားလေ၏။ သာ၍ ချမ်းသာကြွယ်ဝ လိုသော သဘောသည် သူတို့၏ စိတ်နှလုံးထဲ၌ စွဲမြဲနေသဖြင့် သူတို့သည် ရုပ်ဆင်းတု ကိုးကွယ်ခြင်း အဖြစ်ကိုပင် လွန်ကျူးလာကြ၏။213T 401-405;CCB1 167.3