Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နှစ်ခြင်းခံလိုသော သူသည် သေချာစွာ ပြင်ဆင်ထားခြင်း ရှိရမည်။

    နှစ်ခြင်းခံလိုသော သူသည် သေချာစွာ မိမိ ကိုယ်ကို ပြင်ဆင်ထားဖို့ လိုပေသည်။ အများအားဖြင့် သူတို့အား သွန်သင်ပေးတတ်ကြသည်ထက် သာ၍ သစ္စာရှိစွာ သွန်သင်ပြသပေးဖို့ လိုပေသည်။ သမ္မာတရားကို လက်ခံလာကြသော လူသစ်များအား ခရစ်ယာန် အသက်တာ၏ အခြေခံ စည်းကမ်း ဥပဒေများကို ထင်ရှားစွာ ဖော်ပြရမည်။ သူတို့သည် ကယ်တင်ခြင်း ခံရရန် ခရစ်တော် နှင့် ဆက်သွယ်ကြပြီ ဟူသော သက်သေ အဖြစ် သူတို့၏ ယုံကြည်ခြင်းကို ဝန်ခံပြောဆိုချက်ကို အားမကိုးနိုင်။ “ကျွန်ုပ် ယုံကြည်ပါပြီ” ဟု ကျွန်ုပ်တို့သည် ပြောဆိုရကြမည် မဟုတ်၊ သမ္မာတရားကို ကျင့်ရမည်။ ကျွန်ုပ်တို့သည် အပြောအဆို၊ အပြုအမူ၊ အကျင့်စာရိတ္တတို့၌ ဘုရားသခင်၏ အလိုတော်နှင့် ညီညွတ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ဆက်သွယ်လျက် ရှိကြောင်း သက်သေပြရကြမည်။ ပညတ်တော်ကို လွန်ကျူးခြင်း အပြစ်ကို တစ်စုံတစ်ယောက်သည် စွန့်ပစ်သောအခါတိုင်း၊ သူ၏ အသက်တာသည် ပညတ်တရားတော်နှင့် ညီညွတ်လာလျက် ၎င်းကို စုံလင်စွာ လိုက်နာ၏။ ဤအမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်သည်။ သေချာစွာ လေ့လာ ဖတ်ရှုသော နှုတ်ကပတ်တော်၏ အလင်း၊ သြတ္တပ္ပစိတ်၏ အသံ၊ ဝိညာဉ်တော်၏ အားထုတ်မှုများတို့အားဖြင့်၊ ကာယ၊ စိတ်၊ ဝိညာဉ်မှ စ၍ လူတစ်ကိုယ်လုံးကို ရွေးနှုတ်ရန် မိမိ ကိုယ်ကို လုံးလုံး ဆက်ကပ် ပူဇော်တော်မူသော သခင်ခရစ်တော်အတွက် မှန်ကန်သော မေတ္တာကို စိတ်နှလုံးထဲ၌ ဖြစ်ပေါ်လာစေ၏။ ၎င်းပြင် နားထောင်ခြင်းအားဖြင့် မေတ္တာကို ထင်ရှားစေ၏။ ဘုရားသခင်ကို ချစ်၍ ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာ စောင့်ရှောက်သော သူတို့နှင့်၊ ဘုရားသခင်ကို မချစ်၊ ဘုရားသခင်၏ တရားတော်တို့ကို ဂရုမစိုက်သော သူတို့ စပ်ကြားတွင် ခြားထားသော လမ်းကြောင်းကို သေချာ ထင်ရှားစေလိမ့်မည်။CCB1 334.2

    ဘုရားသခင်အား လုံးလုံး ဆက်ကပ် ပေးအပ်ဖို့ လိုကြောင်း တစ်စုံတစ်ယောက်ကိုမျှ သိမြင်စေခြင်းငှါ စာတန်သည် အလိုမရှိ။ ဝိညာဉ်သည် ဤကဲ့သို့ ပေးအပ်ခြင်းကို မပြုဘဲ နေသောအခါ၊ အပြစ်ကို မစွန့်ပစ်တော့ချေ။ အစားအသောက်၌ ရမ္မက်ကြီးခြင်း၊ တပ်မက်ခြင်း စိတ်တို့သည် ကိုယ်ကို အုပ်စိုးလာ၏။ စုံစမ်း သွေးဆောင်ခြင်းသည် သြတ္တပ္ပစိတ်နှင့် ရှုပ်ထွေးလာသဖြင့် မှန်ကန်သော စကားကို ပြောဆိုခြင်း မရှိတော့ချေ။ ကျော့ဖမ်း၊ သွေးဆောင်၊ လှည့်ဖြားရန် ရှာကြံနေကြသော စာတန်၏ ကိုယ်စားလှယ်တို့ နှင့် ဝိညာဉ် အသီးအသီးတို့သည် တိုက်လှန်ရန် တိုက်ပွဲ ရှိကြောင်းကို လူအပေါင်းတို့သည် သိရှိခဲ့ကြလျှင်၊ ယုံကြည်ခြင်းတရား၌ နုနယ်သေးသော သူအပေါင်းတို့သည် သာ၍ ကြိုးစားလျက် လုပ်ဆောင်ကြလိမ့်မည်။CCB1 335.1