Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တပည့်တော်စစ်သည် ကိုယ်တော်အတွက် သက်သေခံကြမည်။

    သင်တို့ အသီးအသီးသည် စိတ်အားထက်သန်စွာ အမှုဆောင်ရွက်ကြသော သာသနာပြုသူများ ဖြစ်ကြလျှင်၊ ဤခေတ်ကာလအတွက် သတင်းစကားကို အရပ်ရပ်ရှိ ဘာသာစကား အမျိုးမျိုးကို ပြောသော လူမျိုး ရှိသမျှတို့ထံ လျှင်မြန်စွာ ကြွေးကြော်ပြီးလိမ့်မည်။66T 438;CCB1 116.2

    ဘုရားသခင်၏ မြို့တော်ထဲသို့ ဝင်လိုသော သူအပေါင်းတို့သည် မြေကြီးပေါ်၌ အသက်ရှင်နေစဉ် အခါ မိမိတို့၏ အမှုကိစ္စများတွင် သခင်ခရစ်တော်ကို ပုံသက်သေထားရကြမည်။ ဤအမှုသည် သူတို့အား သခင်ခရစ်တော်၏ စေတမန်များ၊ ကိုယ်တော်၏ သက်သေများ အဖြစ် ထင်ရှားစေလေပြီ။ သူတို့သည် မကောင်းသော အကျင့်ဓလေ့ ရှိသမျှ တစ်ဘက်၌ သေချာ ထင်ရှားစွာ သက်သေခံ ဖြစ်ရကြလျက်၊အပြစ်သားတို့အား ဤလောက၏ အပြစ်ကို ဆောင် သွားသော ဘုရားသခင်၏ သိုးသငယ်ကို ညွှန်ပြနေရကြမည်။ ကိုယ်တော်ကို လက်ခံသော သူအပေါင်းတို့အား ဘုရားသခင်၏ သားများ ဖြစ်ရသော အခွင့်တန်ခိုး ရှိသမျှကို ပေးတော်မူ၏၊ အသစ် ပြုပြင်ခြင်းသည် ဘုရာသခင်၏ မြို့တော်ထဲသို့ ကျွန်ုပ်တို့ ဝင်ရောက်နိုင်ရန် တစ်ခုတည်းသော လမ်း ဖြစ်၏။ ထိုလမ်းသည် ကျဉ်း၍ ကျွန်ုပ်တို့ ဝင်ရမည့် တံခါးသည်လည်း ကျဉ်း၏။ သို့သော် ထိုလမ်းအတိုင်း ကျွန်ုပ်တို့သည် ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်တို့ကို လမ်းပြလျက် ကယ်တင်ခြင်း ခံစားဖို့ရန် သူတို့၌ အသစ်သော စိတ်နှလုံး နှင့် အသစ်သော သဘောရှိရမည်ဟု သူတို့အား သွန်သင်ပေးရကြမည်။ ဟောင်း၍ မျိုးရိုးအလိုက် ရရှိလာသော အကျင့်ဓလေ့တို့ကို နှိမ်နင်း ပယ်ရှားရမည်။ ဇာတိပကတိ၏ အလိုဆန္ဒများကို ပြောင်းလဲရမည်။ လှည့်စားခြင်း၊ မုသာသုံးခြင်း၊ မကောင်းသော စကားကို ပြောဆိုခြင်း ရှိသမျှတို့ကို ပယ်ရှားရမည်။ ယောက်ျား၊ မိန်းမတို့အား သခင်ခရစ်တော်ကဲ့သို့ ဖြစ်စေသော အသစ်သော အသက်တာ၌ ကျင်လည်စေရကြမည်။79T 23;CCB1 116.3

    ညီအစ်ကို မောင်နှမများတို့၊ သင်တို့သည် မှင်တက်မိနေရာမှ ကင်းလွတ်လိုကြသလား။ လူသေကဲ့သို့ မေ့မြောနေခြင်း နှင့်တူသော ပျင်းရိခြင်းမှ သင်သည် ထကြွ နိုးကြားလိုသလော။ သင် ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ အလုပ် လုပ်ဆောင်ရန် ထွက်သွားလော့၊ ဝိညာဉ်တို့အား သခင်ယေရှုထံ ပို့ဆောင်၍ သမ္မာတရားကို သိကျွမ်း နားလည်စေခြင်းငှါ မိမိကိုယ်တိုင် ကြိုးစား အားထုတ်လျက် အမှုဆောင်ရွက်လော့၊ ဤကဲ့သို့ လုပ်ငန်းတွင် သင်သည် ခွန်အား သတ္တိတို့ကို ရရှိလိမ့်မည်။ ၎င်းသည် သင်အား ထကြွနိုးကြားစေလျက် ခွန်အားနှင့် ပြည့်စုံလိမ့်မည်။ အသုံးပြုခြင်းအားဖြင့် သင်၏ ဝိညာဉ်ခွန်အားများသည် သာ၍ ထက်မြက်လာသဖြင့် သင်သည် သင်၏ ကယ်တင်ခြင်းအတွက် သာ၍ အောင်မြင်ခြင်းနှင့် ပြုလုပ်ဆောင်ရွက်နိုင်လိမ့်မည်။ သခင်ခရစ်တော်ကို ယုံကြည်သည်ဟု ဆိုနေကြသော သူအများတို့သည် လူသေကဲ့သို့ ထုံထိုင်း ပျင်းရိနေကြသည်။ ထကြွနိုးကြားလာရန် တတ်နိုင်သမျှ ကြိုးစားအားထုတ်ပါ။ သတိပေး တောင်းပန်၊ အပြစ်ကို ဖော်ပြကြလော့။ ဘုရားသခင်၏ ပျော်စေသော မေတ္တာသည် ရေကဲ့သို့ ခဲနေသော သဘောကို နွေး၍ ပျော်သွားစေရန် ဆုတောင်းကြလော့။ သူတို့သည် နားမထောင်သော်လည်း သင်၏ လုပ်ငန်းသည် ဆုံးရှုံးခြင်း ရှိမည် မဟုတ်။ အခြားသော သူတို့အား ကောင်းကြီးပေးရန် ကြိုးစားရာ၌ သင်သည် ကောင်းကြီးမင်္ဂလာကို ခံစားရလိမ့်မည်။8 5T 387;CCB1 117.1

    မိမိတို့သည် ပညာ မတတ်သောကြောင့် ထာဝရဘုရား၏ အမှုတော်တွင် ဝင်ရောက်ကူညီခြင်းငှါ မတတ်နိုင်ဟု မည်သူမျှ မထင်မှတ်သင့်။ သင့်အား လုပ်ဆောင်စေရန် ဘုရားသခင်သည် တာဝန် တစ်ခုကို ပေးထားတော်မူပြီ။ ဘုရားသခင်သည် လူတို့အား မိမိနှင့် ဆိုင်ရာ လုပ်ငန်း တစ်ခုကို ပေးထားတော်မူပြီ။ သင် ကိုယ်တိုင် သမ္မာကျမ်းစာကို စေ့စေ့ ရှာဖွေစစ်ဆေးနိုင်သည်။ “နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။” ဆာလံ၊ ၁၁၉: ၁၃၀။ သင်သည် အမှုတော်အတွက် ဆုတောင်း ပေးနိုင်၏။ ရိုးသားသော စိတ် နှင့် ယုံကြည်ခြင်းအားဖြင့် ဆုတောင်းလျှင်၊ ကောင်းကင်ဘုံ၌ ၎င်းပဋ္ဌနာကို နားညောင်းတော်မူမည်။ ၎င်းပြင် သင်သည် သင်၏ စွမ်းအားသတ္တိအလျှောက် အမှုတော်ကို ဆောင်ရွက်ရမည်။96T 433;CCB1 118.1

    လူသတ္တဝါတို့သည် မည်ကဲ့သို့ ဖြစ်လာနိုင်ကြကြောင်းကို လည်းကောင်း၊ သူတို့၏ သြဇာတန်ခိုး လွှမ်းမိုးခြင်းဖြင့် ပျက်စီးလုနီးသော ဝိညာဉ်တို့ကို ကယ်တင်ရေးတွင် လူတို့သည် မည်ကဲ့သို့ ဖြစ်မြောက်စေနိုင်ကြောင်းကို လည်းကောင်း၊ လောကအား ထင်ရှားစွာ ဖော်ပြနိုင်မည် အကြောင်း၊ ကောင်းကင် သတ္တဝါတို့သည် လူသတ္တဝါတို့နှင့် အတူတူ ကူညီလုပ်ဆောင်နေကြသည်။CCB1 118.2

    အရပ်ရပ်တွင် နှံ့ပြားနေကြလျက် လူမနေသော ပင်လယ်ကမ်းခြေ၌ သင်္ဘောပျက်၍ တင်နေသော သူတို့ကဲ့သို့ မိမိတို့၏ အပြစ်၌ ပျက်စီးဆုံးပါးနေသော ထောင်ပေါင်းများစွာသော သူတို့အတွက် ကြိုးစားအားထုတ်လျက် သည်းခံခြင်းနှင့် အမှုတော် ဆောင်ရွက်ရန် သခင်ခရစ်တော်သည် ကျွန်ုပ်တို့ကို ခေါ်လျက် နေတော်မူ၏။ သခင်ခရစ်တော်၏ ဘုန်းအသရေတော်ကို ဝေမျှခံယူရသော သူတို့သည် ကိုယ်တော်၏ အမှုတော်ကိုလည်း ဝေမျှဆောင်ရွက်ရကြလျှင် အားနည်းဒုက္ခရောက်၍ စိတ်ပျက် ညှိုးငယ်နေသော သူတို့ကို စောင့်ရှောက် ကူညီရကြလိမ့်မည်။109T 30, 31;CCB1 118.3

    ယုံကြည်သော သူတိုင်းသည် အသင်းတော်နှင့် လုံးလုံး စိတ်အားထက်သန်စွာ ဆက်သွယ် ဆောင်ရွက်ရမည်။ ၎င်း၏ တိုးတက်ကြီးပွားရေးသည် သူ ၏ ပဋ္ဌမဦးဆုံး စိတ်ဝင်စားမှု ဖြစ်ရမည်။ မိမိ နှင့် အသင်းတော် ဆက်သွယ်ရေးမှာ မိမိ ကိုယ်ကျိုးထက် ၎င်း၏ အကျိုးအတွက် ရှာဖွေရန် သန့်ရှင်းသော တာဝန် ရှိကြောင်းကို မသိရှိလျှင်၊ ထိုသူ မပါဘဲ နေသော် သာ၍ ကောင်းသေး၏၊ ဘုရားသခင်၏ အမှုတော်အတွက် တစ်စုံတစ်ခု ပြုလုပ်နိုင်ရန် လူအပေါင်း၌ အစွမ်းသတ္တိ တစ်မျိုးစီ ရှိကြသည်။ မလိုလှသော အရာဝတ္ထုများအတွက် မိမိတို့၏ ငွေကို များစွာ သုံးဖြုန်းနေကြသော သူတို့ ရှိကြသည်။ သူတို့သည် မိမိတို့၏ အာသာရမ္မက်ကို ဖြေစေရန် ပြုခဲ့ကြပြီ။ သို့ရာတွင် အသင်းတော်ကို ထောက်ပံ့ရန် ငွေကြေးပေးလှူဖို့ အလွန်ပင် ကြီးကျယ်သော တာဝန် ဖြစ်သည်ဟု ထင်မှတ်တတ်ကြသည်။ သူတို့သည် အသင်းတော်၏ အခွင့်အရေး အကျိုးကျေးဇူးများ ခံစားဖို့ အလိုရှိကြသော်လည်း၊ ပေးစရာ ရှိသော အခါ အခြား သူတို့အပေါ်၌ တာဝန်ကို လွှဲအပ်တတ်ကြသည်။114T 18;CCB1 118.4

    သခင်ခရစ်တော်၏ အသင်းတော်ကို စစ်တပ်ကြီး တစ်ခုနှင့် သင့်တော်စွာ နှိုင်းယှဉ်ထား နိုင်သည်။ စစ်သားတိုင်း၏ အသက်တာသည် ပင်ပန်း၊ ခက်ခဲ၍ ဘေးမကင်းပေ။ အဖက်ဖက်တွင် မည်သည့်အခါမျှ မအိပ်၊ မည်သည့်အခါမျှ မိမိ နေရာကို မစွန့်ဘဲ နေ၍ မှောင်မိုက်တန်ခိုးများကို အစိုးရသော မင်း၏ လက်အောက်၌ သတိဝီရိယ ရှိသော ရန်သူများသည် ဝိုင်းရံလျက် ရှိကြ၏။ ခရစ်ယာန် တစ်စုံတစ်ယောက်သည် အကာအကွယ် မရှိသောအခါ၊ ခွန်အားကြီးသော ဤရန်သူသည် ချက်ချင်း ပြင်းထန်စွာ တိုက်ခိုက်တတ်လေသည်။ အသင်းဝင်သူတို့သည် စိတ်အားထက်သန်စွာ အမှုတော် ဆောင်ရွက်လျက် သတိဝီရီယ မရှိကြလျှင် သူတို့သည် သူ၏ ပရိယာယ်အားဖြင့် ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်။CCB1 119.1

    စစ်တပ်ကြီးတွင် စစ်သား ထက်ဝက်သည် တာဝန်ကို ဆောင်ရွက်ရန် အမိန့်ရရှိကြသောအခါ၊ ပျင်းရိအိပ်ပျော်နေကြလျှင်၊ မည်ကဲ့သို့ ဖြစ်မည်နည်း။ ဆုံးရှုံးပျက်စီးခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်းကို ခံရကြမည်။တစ်စုံတစ်ယောက်သည် ရန်သူ၏ လက်မှ ထွက်ပြေးသော်၊ သူသည် အကျိုးခံစားရမည်ဟု ထင်ရသလော။ မခံစားရပါ။ သူသည် ချက်ချင်းပင် သေဒဏ်ကို ခံရလိမ့်မည်။ ၎င်းပြင် သခင်ခရစ်တော်၏ အသင်းတော်သည် သတိမရှိ၊သစ္စာမစောင့်ဘဲ နေသော် သာ၍ အရေးကြီးသော အပြစ်များကို ခံရလိမ့်မည်။ အိပ်ပျော်နေသော ခရစ်ယာန် စစ်တပ်ကြီးထက် ကြောက်စရာကောင်းသော အရာ ရှိနိုင်ဦးမည်လော။ မှောင်မိုက်ကို အစိုးရသော မင်း၏ လက်အောင်သို့ ရောက်ရှိနေသော လောကကြီး တစ်ဘက်၌ မည်ကဲ့သို့ ချီတက် တိုက်ခိုက်နိုင်ဦးမည်နည်း။ စစ်တိုက်ရသော နေ့၌ ပွဲတွင် စိတ်ဝင်စားခြင်း မရှိ၊ တိုက်ခိုက်ရန် တာဝန်ကို မသိရှိသကဲ့သို့ အမှုမထား သတိမမူဘဲ၊ နောက်၌ ရပ်နေသော သူတို့သည် မိမိတို့၏ အခြေအနေကို ပြောင်းလဲဖို့ ကောင်းသည်၊ သို့မဟုတ် စစ်ပွဲထဲမှ ချက်ချင်း ထွက်သွားသော် သာ၍ ကောင်းပေသည်။125T 394;CCB1 119.2