Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကျမ်းစာ လေ့ကျက်ခြင်းသည် အသိဉာဏ်ကို ခိုင်ခံ့စေခြင်း။

    ကျမ်းစာကို ထိုက်သင့်သလောက် လေ့လာ ဖတ်ရှုလျှင်၊ လူတို့သည် မိမိတို့၏ အသိဉာဏ်၌ ခိုင်ခံ့ခြင်း ရှိလာလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမှီပြုလျက် ရေးသား ဖော်ပြသော အကြောင်းအရာများ၊ ချီးမြှင့် ခြင်း ခံရလောက်အောင် ၎င်း၏ အကြောင်းကို ရိုးသား လွယ်ကူစွာ ပြောပြခြင်း အမှု၊ စိတ်ထဲ၌ ၎င်းက ဖော်ပြသော မြင့်မြတ်သော အကြောင်းအရာကြီးများတို့သည် လူ၌ အစွမ်းသတ္တိများကို တိုးပွားစေနိုင်၏။ ကျမ်းစာအုပ်သည် စိတ်ကူးထင်မြင်ချက်များ ဆွဲနှုတ်ရန် နယ်နိမိတ် မရှိလောက်အောင် နေရာ ကျယ်ဝန်းပေသည်။ သေးနှုတ် သိမ်ဖျင်းသော အရာတို့ကို မဆိုသေးဘဲ၊ လူတို့ ရေးသားသော စာစောင် တစ်စုံတစ်ခုကို ဖတ်ရှုလေ့လာခြင်း၌ အချိန်ကုန်ခံခြင်းထက် ကျမ်းစာ၏ ကြီးကျယ်သော အကြောင်းအရာတို့ကို ဆင်ခြင် အောက်မေ့ခြင်း၊ ၎င်း၏ မြင့်မြတ်သော ထင်မြင်ချက်များနှင့် အကျွမ်းဝင် ဆက်ဆံခြင်းဖြင့် လေ့လာ ဖတ်ရှုသော သူသည် သာ၍ သန့်ရှင်းဖြူစင်လျက် သာ၍ မြင့်မြတ်သော အကြံအစည် ထင်မြင်ချက်တို့ကို ရရှိလိမ့်မည်။ ပညာ၏ အမြတ်ဆုံး မူလ အစ ဖြစ်သောဘုရားသခင်၏ နှုတ်ကပတ်တော်ကို ငယ်ရွယ်သော သူတို့သည် ဂရုမစိုက်ဘဲ နေကြသောအခါ၊ ငယ်ရွယ်သော သူတို့၏ စိတ်ဉာဏ်သည် အမြင့်မြတ်ဆုံးသော အခြေသို့ ရောက်အောင် ကြီးပွားတိုးတက်ခြင်း မရှိချေ။ အဘယ်ကြောင့် ကျွန်ုပ်တို့၌ ကောင်းမြတ်သော စိတ်ထား ရှိသော သူ၊ တည်မြဲခိုင်ခံ့သော တန်ဖိုးရှိသော သူ အနည်းငယ်မျှသာ ရှိရခြင်း၏ အကြောင်းရင်းမှာ ဘုရားသခင်ကို မကြောက်ရွံ့၊ ဘုရားသခင်ကို မချစ်၊ ဘာသာတရား၏ စည်းကမ်း ဥပဒေများကို မိမိတို့၏ အသက်တာ၌ ထိုက်သင့်သလောက် မလိုက်နာ မကျင့် မသုံးကြသောကြောင့် ဖြစ်၏။CCB1 309.3

    ကျွန်ုပ်တို့ ကိုယ်တိုင် မိမိတို့၏ ဉာဏ်ပညာ ခွန်အားကို ပြုစုပေးလျက် ခိုင်ခံ့အောင် ပြုလုပ်ပေးခြင်း၌ နည်းအမျိုးမျိုးကို အသုံးချစေရန် ဘုရားသခင်သည် အလိုရှိတော်မူ၏။ ကျမ်းစာကို သာ၍ ဖတ်ရှုလေ့လာလျှင်၊ ၎င် သမ္မာတရားများကို သာ၍ နားလည်လာလျှင်၊ ကျွန်ုပ်တို့သည် အလွန် သာ၍ အလင်းတရားနှင့် ပြည့်စုံလျက် အလွန် သာ၍ အသိဉာဏ် တိုးပွားသော လူမျိုး တစ်မျိုး ဖြစ်လာကြလိမ့်မည်။ ကျမ်းစာ၏ စာမျက်နှာများကို စေ့စေ့ ဖတ်ရှုခြင်းအားဖြင့် ဝိညာဉ်သည် ခွန်အားကို ရရှိ၏။13CG 507;CCB1 310.1

    ကျမ်းစာကို သင်ကြားပေးခြင်းသည် ဤအသက်တာနှင့် သက်ဆိုင်သော အမှုကိစ္စ အပေါင်းတွင် လူတို့အား အထမြောက် အောင်မြင်စေရန် များစွာ အကျိုးပေးပါသည်။ တိုင်းပြည် တစ်ခု၏ တိုးတက် ကြီးပွားရေးအတွက် တိုက်CCB1 310.2

    ထောင့်အမြစ်ကျောက် ဖြစ်သော အခြေခံ စည်းကမ်း ဥပဒေများကို ၎င်းက ဖော်ပြ၏။ ဤစည်းကမ်း ဥပဒေတို့က အဖွဲ့အစည်း၏ ကောင်းကျိုးကို ဖြစ်စေလျက်၊ အိမ်ထောင်၏ လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ပေးကြလေသည်။ ဤစည်းကမ်း ဥပဒေများ မရှိလျှင်၊ မည်သူမျှ ဤအသက်တာ၌ အသုံးကျခြင်း၊ ပျော်ရွှင်ခြင်း နှင့် ဂုဏ်အသရေကို မရှိနိုင်၊ သို့မဟုတ် နောင်ကာလတွင် မသေ မပျက်စီးနိုင်သော အသက်တာကို ရရှိဖို့ မမျှော်လင့်နိုင်။ အသက်တာ၌ ဘယ်အလုပ်အကိုင်အတွက်၌ ဖြစ်စေ၊ ဘယ်ကဲ့သို့သော လူတို့၏ အတွေ့အကြုံ အဖြစ်အပျက်အတွက်၌ ဖြစ်စေ၊ ကျမ်းစာ သင်ကြားခြင်းသည် လိုအပ်သော ပြင်ဆင်ခြင်း မဖြစ်သော နေရာဟူ၍ တစ်ခုမျှ မရှိချေ။14PP 599;CCB1 311.1