Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နေဝင်ချိန် ဝတ်ပြုကိုးကွယ်ခြင်း။

    ဥပုသ်စောင့်သည်ဟု ပြောဆိုကြသော သူအများတို့သည် ဥပုသ်နေ့ကို ရိုသေလေးစား သင့်သလောက် ရိုသေလေးစားခြင်း မရှိကြ။ ပညတ်တရား၏ အဓိပ္ပါယ်အားဖြင့် လည်းကောင်း၊ သဘောအားဖြင့် လည်းကောင်း ညီညွတ်စွာ ဥပုသ် မစောင့်သော သူတို့အားဖြင့် ထာဝရဘုရားသည် များစွာ ရှုတ်ချခြင်း ခံရတော်မူပြီ။ ဥပုသ်စောင့်ခြင်း အမှုတွင် ပြန်၍ ပြုပြင်ပြောင်းလဲခြင်း ရှိစေရန် ဘုရားသခင်က မိန့်တော်မူပြီ။CCB1 95.2

    နေမဝင်ခင် အိမ်ထောင်သားများတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း၊ သီချင်းဆိုခြင်း၊ ဆုတောင်းခြင်း အလိုငှါ စုဝေးကြပါစေ။ ဤနေရာ၌ အများသော သူတို့သည် ပေါ့လျော့ကြသဖြင့် ပြန်၍ ပြောင်းလဲဖို့ လိုပေသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံ၌ လည်းကောင်း၊ အချင်းချင်းတို့၌ လည်းကောင်း မိမိတို့ အပြစ်များကို ဖော်ပြဝန်ချရမည်။ ဘုရားသခင်သည် ကောင်းကြီး ပေး၍ သန့်ရှင်းစေတော်မူသော နေ့ကို ရိုသေလေးစားရန် အိမ်ထောင်သားတိုင်းသည် အသင့် ပြင်ဆင်ခြင်း ရှိမည် အကြောင်း၊ ကျွန်ုပ်တို့သည် တစ်ဖန် ထူးခြားသော စီမံမှုတို့ကို အသစ်တစ်ဖန် စ၍ ပြုလုပ်သင့်ကြသည်။CCB1 95.3

    အိမ်ထောင် ပဋ္ဌနာ စည်းဝေးတွင် ကလေးသူငယ်များလည်း ပါဝင်ဦးဆောင်ပါစေ။ အားလုံးတို့သည် မိမိတို့၏ ကျမ်းစာအုပ်ကို ယူခဲ့ကြလျက် အသီးအသီးကျမ်းချက် တစ်ချက် နှစ်ချက်ကို ဖတ်ကြပါစေ။ ထိုနောက် အားလုံး သိကျွမ်းဆိုနိုင်သော သီချင်းကို ဆိုကြပြီး ဆုတောင်းပါစေ။ ဤပဋ္ဌနာအတွက် သခင်ခရစ်တော်က နမူနာ ပေးခဲ့ပြီ။ သခင်ဘုရား၏ ပဋ္ဌနာတော်ကို အမြဲသဖြင့် ထုံးစံကဲ့သို့ ရွတ်ဆိုနေရုံ ပြုရမည် မဟုတ်။ ၎င်းသည် မည်ကဲ့သို့ ဆုတောင်းရမည်ဟု ပုံပမာ ပြထားခြင်းသာ ဖြစ်၏။ ရိုးရိုး စိတ်အားထက်သန်၍ နားလည်လွယ်သော ပဋ္ဌနာမျိုး ဖြစ်ရမည်။ ရိုးရိုး တောင်းလျှောက်ခြင်းဖြင့် သင်၌ လိုသော အရာကို ထာဝရဘုရားအား ပြောပြပြီး ဘုရားသခင်၏ ကရုဏာတော်တို့အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ။ ထိုသို့အားဖြင့် သင်သည် သခင်ယေရှုကို မိမိ၏ အိမ်ထဲ၌ လည်းကောင်း၊ စိတ်နှလုံးထဲ၌ လည်းကောင်း ဝမ်းမြောက်စွာ ဧည့်ခံခေါ်ဖိတ်လေပြီ။ အိမ်ထောင်၌ များစွာ မဆိုင်သော အရာတို့ကို ဖော်ပြလျက် ကြာရှည်စွာ ဆုတောင်းနေဖို့ မသင့်။ ထိုစည်းဝေးကို အခွင့်အရေး နှင့် ကောင်းကြီးမင်္ဂလာ ဖြစ်စေသော အရာကဲ့သို့ သဘောထားရမည် အခါတွင်၊ ရှည်သော ဆုတောင်းပဋ္ဌနာသည် ငြီးငွေ့ခြင်းကို ဖြစ်စေ၏။ ထိုအချိန်ကို စိတ်ဝင်စားဖွယ်၊ ပျော်မွေ့ဖွယ် ဖြစ်ပါစေ။CCB1 96.1

    ဥပုသ်နေ့ အဆုံးတွင် နေဝင်သွားနေစဉ်၊ သန့်ရှင်းသော အချိန် နာရီများ ကုန်ဆုံးချိန်ကို ဆုတောင်းခြင်း ကျေးဇူးတော် ချီးမွမ်းခြင်းဖြင့် လက်စသတ်လျက်၊ လာမည့် ရက်သတ္တပတ် တစ်ပတ်လုံး၏ အလုပ်အကိုင်များတွင် ဘုရားသခင် အမြဲ တည်ရှိတော်မူစေရန် ခေါ်ဖိတ်ကြပါ။CCB1 96.2

    ထာဝရဘုရားအဖို့ ဥပုသ်နေ့ကို သန့်ရှင်းစွာ စောင့်ရှောက်ခြင်းသည် ထာဝရ ကယ်တင်ခြင်းပင် ဖြစ်သည်ဟု ဆိုလို၏။ ဘုရားသခင်က၊ “ငါ့ကို ချီးမြောက်သော သူတို့ကို ငါချီးမြောက်မည်” ဟု မိန့်တော်မူ၏။ ရာဇဝင်ပဋ္ဌမစောင်၊ ၂: ၃၀။ 46T 353-359;CCB1 96.3