Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သွန်သင်ခြင်းအတွက် ပေါလုအား အသင်းတော်ထံသို့ ညွှန်ပြခြင်း။

    မိမိတို့သည် အလင်း နှင့် ဗဟုသုတကို ရရှိဖို့ သခင်ခရစ်တော်နှင့် သာ သက်ဆိုင်လျှက်၊ လောကတွင် ကိုယ်တော် အသိအမှတ်ပြုထားသော တပည့်တော်တို့ကို အားကိုးဖို့ မလိုဟု အများက ထင်မှတ်ကြသည်။ သို့ရာတွင် မိမိ၏ သြဝါဒများ နှင့် မိမိ၏ ပုံသက်သေများတွင် ဤအရာကို သခင်ယေရှုသည် အပြစ်တင်တော်မူ၏။ ဤအကြောင်းအရာတို့ကို ကျွန်ုပ်တို့အား ဆုံးမသွန်သင်ရန် ဖော်ပြထားတော်မူခဲ့သည်။ အရေးအကြီးဆုံးသော အမှုတော်အတွက် သခင်ခရစ်တော်က သင့်တော်အောင် ပြုပြင်ပေးတော်မူရမည့် သူ၊ ကိုယ်တော်အဖို့ ရွေးကောက်သော တန်ဆာ ဖြစ်ရမည့် သူ၊ ပေါလုသည် သခင်ခရစ်တော်၏ မျက်မှောက်သို့ တိုက်ရိုက် ရောက်ရှိလာလေ၏။ သို့ရာတွင် ကိုယ်တော်သည် သူ့အား သမ္မာတရားနှင့် ဆိုင်ရာ သင်ခန်းစာများကို သွန်သင်ပေးတော်မမူ။ ကိုယ်တော်သည် သူ၏ လမ်းခရီးကို တားဆီး၍ သူ့အား မိမိ၏ အပြစ်ကို သိမြင်စေတော်မူ၏။ ၎င်းပြင် အကျွန်ုပ်အား အဘယ်သို့ ပြုစေလိုတော်မူသနည်းဟု သူက မေးလျှောက်တော်အခါ၊ ကယ်တင်ရှင်သည် သူ့အား တိုက်ရိုက် မိန့်တော်မမူဘဲ၊ မိမိ၏ အသင်းတော်နှင့် ဆက်သွယ်ပေးတော်မူ၏။ အဘယ်သို့ ပြုရမည်ကို သင့်အား သူတို့က ပြောပြလိမ့်မည်။ သခင်ယေရှုသည် အပြစ်ရှိသော သူတို့၏ မိတ်ဆွေ ဖြစ်တော်မူ၏။ ကိုယ်တော်၏ စိတ်နှလုံးသည် အမြဲ ပွင့်နေ၍ လူ၏ ဒုက္ခ နှင့် အမြဲ ထိခိုက်ခြင်း ခံတော်မူရ၏။ ကိုယ်တော်သည် ကောင်းကင်ဘုံ၌ လည်းကောင်း၊ မြေကြီးပေါ်၌ လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုး ရှိသမျှကို ရရှိတော်မူ၏။ သို့ရာတွင် လူတို့အား အလင်း နှင့် ကယ်တင်ခြင်းကို ရရှိစေရန်အတွက် ကိုယ်တော် စီမံထားတော်မူသော နည်းလမ်းကို ကိုယ်တော်သည် ရိုသေလေးစားတော်မူ၏။ ကိုယ်တော်သည် ရှောလုအား အသင်းတော်ကို ညွှန်ပြတော်မူ၏။ ထိုသို့အားဖြင့် အသင်းတော်သည် လောကအား အလင်းကို ပေးသော လမ်းကြောင်း ဖြစ်သည်ဟူ၍ အသင်းတော်အား အပ်ပေးထားသော အခွင့်တန်ခိုးကို ဝန်ခံတော်မူ၏။ ၎င်းသည် မြေကြီးပေါ်၌ တည်ထောင်ထားသော သခင်ခရစ်တော်၏ ကိုယ်ခန္ဓာ ဖြစ်တော်မူသဖြင့်၊ ကိုယ်တော်၏ စည်းကမ်း ဥပဒေများကို ရိုသေလေးစားဖို့ သင့်ပေသည်။ ရှောလု၏ အမှု၌၊ အာနာနိသည် သခင်ခရစ်တော်ကို ပုံဆောင်၏။ ၎င်းပြင် မြေကြီးပေါ်တွင် သခင်ခရစ်တော်၏ နေရာ၌ ကိုယ်စား ခန့်ထားခြင်း ခံရသော သခင်ခရစ်တော်၏ သင်းအုပ်ဆရာများကိုလည်း ပုံဆောင်၏။CCB1 213.1

    ပေါလုသည် စိတ်နှလုံး ပြောင်းလဲစေရန်၌ ကျွန်ုပ်တို့အား အရေးကြီးသော အခြေခံတရားများကို ဖော်ပြထားသဖြင့် ကျွန်ုပ်တို့သည် ၎င်းတို့ကို အမြဲ သတိပြုအပ်ကြသည်။ အသင်းတော် တစ်စုံတစ်ခု ရှိသော နေရာတွင်၊ တည်ထောင် အသိအမှတ်ပြုထားသော အသင်းတော်ကို အားမကိုးဘဲ၊ ဘာသာရေးနှင့် ဆိုင်သော ဗဟုသုတ၊ အလုပ်အကိုင်တို့ကို ဆောင်ရွက်စေဖို့ လောက၏ ရွေးနှုတ်ရှင်က ခွင့်ပေးတော်မမူ။CCB1 214.1

    ဘုရားသခင်၏ သားတော်သည် မိမိ တည်ထောင်ထားသော အသင်းတော်၏ ရာထူး၊ အခွင့်အာဏာတို့ နှင့် မိမိ ကိုယ်တော်တိုင်ကို ထပ်တူထပ်မျှ ဖြစ်စေတော်မူ၏။ ကိုယ်တော် ခန့်ထားတော်မူသော ကိုယ်စားလှယ်များ အားဖြင့် ကိုယ်တော်၏ ကောင်းကြီးမင်္ဂလာများသည် သက်ရောက်လာရကြမည်။ ထိုသို့အားဖြင့် လူတို့အား မိမိ၏ ကောင်းကြီးမင်္ဂလာများကို သက်ရောက်စေသော လမ်းကြောင်းနှင့် ဆက်သွယ်ပေးတော်မူ၏။ ဘုရားသခင်၏ ဝိညာဉ်တော်က ပေါလု၏ ရက်စက်သော အလုပ်အကြောင်းကို သူ့အား ကောင်းစွာ သိရှိလာစေသောအခါ၊ သန့်ရှင်းသူတို့ကို ညှဉ်းဆဲခြင်း အမှုတွင် သေချာစွာ အမြင်မှန် ရလာခြင်းဖြင့် သူသည် အပြစ်ကင်းသော သူ ဖြစ်မလာချေ။ သူသည် တပည့်တော်များထံ၌ သင်ကြားလေ့လာသော သူ ဖြစ်လာရမည်။83T 432, 433;CCB1 214.2

    အသင်းတော်သား အပေါင်းတို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြလျှင်၊ လောကတွင် အလင်း ဖြစ်မလာခင်၊ ဆုံးမ သွန်သင်ခြင်း အမှုကို ခံယူရကြလိမ့်မည်။ ယောက်ျား၊ မိန်းမများတို့သည် မှောင်မိုက်ထဲမှာ ရှိလျက် ထိုသို့ တည်ရှိနေရန် စိတ်ကျေနပ်နေ၍ အလင်းကို အစပြုပေးတော်မူသော အရှင် နှင့် ဆက်သွယ်ဖို့ရန် အထူးသဖြင့် မကြိုးစားဘဲ နေကြလျှင်၊ ဘုရားသခင်သည် သူတို့အား အလင်းကို ပေးနိုင်သော လမ်းကြောင်း ဖြစ်စေခြင်းငှါ ပြုပြင်ပေးတော်မူမည် မဟုတ်။ မိမိတို့ ကိုယ်တိုင်၌ လိုနေကြောင်းကို သိရှိ၍ မိမိ အကြောင်းကို ကောင်းစွာ ဆင်ခြင်စဉ်းစားလျက်၊ များစွာ စိတ်ပါလျက် ကြိုးစား ဆုတောင်းပြီးလျှင်၊ ကြိုးစား၍ လုပ်ဆောင်သော သူသည် ဘုရားသခင်၏ အကူအညီကို ရလိမ့်မည်။ မိမိ ကိုယ်တိုင် အကြောင်း မေ့လျော့ ပယ်ရှားဖို့ လိုသော အရာ များစွာ ရှိသည့်အပြင်၊ သင်ကြား သိနားလည်ဖို့ လိုသော အရာများလည်းများစွာ ရှိပေသည်။ ဟောင်းသော အကျင့်ဓလေ့တို့ကို ပယ်ရှားရမည်။ ၎င်းပြင် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် သမ္မာတရား၏ အခြေခံတရားများကို လိုက်နာရာတွင် သမ္မာတရားကို ပြည့်စုံအောင် လက်ခံခြင်းဖြင့်သာ အောင်မြင်ခြင်းကို ရနိုင်လိမ့်မည်။94T 485, 486;CCB1 215.1