Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၅။—သင် ဆောင်ရွက်ရန် အလုပ် တစ်ခုက ခန့်ထားတော်မူခြင်း။

    ကျွန်ုပ်တို့ အသင်းတော်တွင် ပါဝင်သော ယောက်ျား၊ မိန်းမတို့သည် အမှုတော်ဆောင်ရန် စုရုံး၍ သင်းအုပ်ဆရာများ နှင့် အသင်းတော်၏ အမှုဆောင် လူကြီးများတို့တွင် ဝိုင်းဝန်းကူညီလျက် လုပ်ဆောင်ခြင်း မပြုလုပ်ကြသေးလျှင်၊ ဘုရားသခင်၏ အမှုတော်သည် ဤမြေကြီးပေါ်၌ ဘယ်အခါမျှ မပြီးနိုင်ချေ။19T 117;CCB1 114.1

    “သင်တို့သည် လောကီနိုင်ငံ အရပ်ရပ် ရှိသမျှသို့ သွား၍ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့” (မာကု၊ ၁၆: ၁၅) ဟူသော စကားသည် သခင်ခရစ်တော်၏ သခင်ခရစ်တော်၏ တပည့်တော် အသီးအသီးတို့အား မိန့်တော်မူသော စကားပင် ဖြစ်သည်။ သခင်ခရစ်တော်၏ အသက်တာမျိုး၌ အသက်ရှင်ဖို့ရန် ခန့်ထားခြင်း ခံရသော သူအပေါင်းတို့သည် မိမိတို့နှင့် သက်ဆိုင်ရာ လူ အချင်းချင်းတို့ကို ကယ်ဆယ်ဖို့ အမှုဆောင်ရွက်ရန် ခန့်ထားခြင်း ခံရကြသည်။ ပျောက်ဆုံးသော သူတို့အား ကယ်တင်ရန် ကိုယ်တော်၌ တောင့်တသော စိတ်မျိုး ရှိသည်နည်းတူ သူတို့၌လည်း ထိုစိတ်သဘောမျိုးကို ထင်ရှားစေရမည်။ လူအပေါင်းတို့သည် တစ်ခုတည်းသော အလုပ်ကို မလုပ်နိုင်ကြ၊ သို့သော် လူအပေါင်းတို့အတွက် တစ်နေရာရာတွင် အလုပ် တစ်ခုစီ ရှိပေသည်။ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ သွန်းလောင်းခြင်းကို ခံယူရရှိသော သူအပေါင်းတို့သည် အကယ်ပင် အမှုဆောင်ရွက်ခြင်းဖြင့် ကျေးဇူးဆပ်ရကြမည်။ ဆုကျေးဇူး အသီးအသီးကို ဘုရားသခင်၏ နိုင်ငံတော် တိုးတက်ကျယ်ဝန်းစေခြင်းငှါ အသုံးပြုရကြမည်။28T 16;CCB1 114.2

    ထိုဝိညာဉ် ကယ်ဆယ်ရေးအတွက် ဆောင်ရွက်ရသော လုပ်ငန်းတွင် တရားဟောပြောခြင်း အမှုသည် အနည်းငယ်မျှသာ ပါဝင်သော လုပ်ငန်းကလေး ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်က အပြစ်သားအား သမ္မာတရားကို သိမြင်စေလျက်၊ အသင်းတော်၏ လက်ထဲသို့ ထိုအပြစ်သားတို့အား အပ်ပေး၏။ သင်းအုပ်ဆရာများသည် မိမိတို့၏ တာဝန်ကို ဆောင်ရွက်နိုင်ကြသော်လည်း၊ အသင်းတော်က ပြုလုပ်အပ်သော အမှုကို သူတို့သည် ဘယ်အခါမျှ မပြုလုပ်နိုင်။ ယုံကြည်ခြင်းတရား၌ လည်းကောင်း၊ ခရစ်ယာန် ဗဟုသုတ၌ လည်းကောင်း နုနယ်သေးသော သူတို့ကို အသင်းက ပြုစုစောင့်ရှောက်လျက် သူတို့နှင့် အချည်းနှီးသော စကားကို ပြောဖို့ မဟုတ်ဘဲ သူတို့အတွက် ဆုတောင်းပေးရန်၊ “ငွေအပြောက်မှာ စီချယ်သော ရွှေရှောက်ချိုသီးနှင့် တူ” သော စကားများကို သူတို့အား ပြောဆိုရန် သူတို့ထံ သွားရောက် လည်ပတ်စေဖို့ ဘုရားသခင်သည် အလိုရှိတော်မူ၏။34T 69;CCB1 114.3

    ရှေးဣသရေလ လူမျိုးတို့ကို ခေါ်ထုတ်တော်မူသည် နည်းတူ ဘုရားသခင်သည် ယခု ခေတ်ကာလ၌ မိမိ၏ အသင်းတော်အား မြေကြီးပေါ်တွင် အလင်းကဲ့သို့ ရပ်တည်စေခြင်းငှါ ခေါ်တော်မူပြီ။ ပဋ္ဌမ၊ ဒုတိယ နှင့် တတိယ ကောင်းကင်တမန်တို့၏ သတင်းစကား တည်းဟူသော သမ္မာတရားကို ကြီးကျယ်စွာ ခွဲခြားပေးသော အရာအားဖြင့် ဘုရားသခင်သည် သူတို့ကို အသင်းတော်များမှ လည်းကောင်း၊ လောကထဲမှ လည်းကောင်း ခွဲထုတ်ပြီးလျှင် မိမိ ကိုယ်တော်တိုင်နှင့် သန့်ရှင်းစွာ နီးကပ်လာစေတော်မူပြီ။ ဘုရားသခင်သည် သူတို့အား ပညတ်တရားတော်ကို ထိန်းသိမ်းထားရာ နေရာများ ဖြစ်စေလျက် သူတို့အား ဤခေတ်ကာလနှင့် ဆိုင်သော အနာဂတ္တိစကားတွင် ပါရှိသော သမ္မာတရားကြီးများကို ပေးအပ်ထားတော်မူပြီ၊ ရှေးကာလရှိ ဣသရေလ လူမျိုးတို့အား အပ်ပေးတော်မူသော သန့်ရှင်းသော ဗျာဒိတ်တော်ကဲ့သို့ ဤအရာတို့သည် လောကအား တစ်ဆင့် ပေးအပ်ရသော သန့်ရှင်းသော တာဝန် တစ်ခု ဖြစ်ကြသည်။CCB1 115.1

    ဗျာဒိတ်ကျမ်း အခန်းကြီး ၁၄ ၏ ကောင်းကင်တမန် သုံးပါးသည် ဘုရားသခင်၏ သတင်းစကားနှင့် ဆိုင်သော အလင်းတရားကို လက်ခံကြပြီး မြေကြီး၏ အရပ်လေးမျက်နှာ တစ်လျှောက်လုံး သတိပေးစကားကို ကြွေးကြော်ရန် ဘုရားသခင်၏ ကိုယ်စားလှယ်များ အဖြစ်နှင့် ထွက်သွားကြသော လူတစ်မျိုးကို ပုံဆောင်ထား၏။ သခင်ခရစ်တော်က “သင်တို့သည် ဤလောက၏ အလင်း ဖြစ်ကြ၏” ဟု မိမိ၏ တပည့်တော်တို့အား မိန့်တော်မူခဲ့ပြီ။ မဿဲ၊ ၅: ၁၄။ သခင်ယေရှုကို လက်ခံသော ဝိညာဉ်တိုင်းအား၊ ကရာနီကုန်းရှိ လက်ဝါးကပ်တိုင်က၊ ဝိညာဉ်တော်၏ တန်ဖိုးကို ကြည့်ကြလော့၊ “သင်တို့သည် လောကီနိုင်ငံ အရပ်ရပ် ရှိသမျှသို့ သွား၍ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့” (မာကု၊ ၁၆: ၁၅) ဟု ပြောဆိုနေ၏။ ဤလုပ်ငန်းကို မည်သည့်အရာကမျှ တားဆီး ကန့်ကွက်ခြင်း ပြုဖို့ အခွင့်မပေးရ။ ခေတ်ကာလအတွက် အရာခပ်သိမ်း အရေးကြီးသော အလုပ် ဖြစ်၏။ ထာဝရကာလကဲ့သို့ ၎င်းသည် ကျယ်ပြန့်သွားရမည်။ လူတို့အား ရွေးနုတ်ရန် ကိုယ်တော် ပြုတော်မူခဲ့သော ပူဇော်ခြင်း အမှုတွင်၊ လူတို့၏ ဝိညာဉ်များအတွက် သခင်ယေရှုက ထင်ရှားစေတော်မူခဲ့သော မေတ္တာတော်သည် မိမိ၏ တပည့်တော်တို့ကို ပြုပြင်နှိုးဆော်ပေးလိမ့်မည်။45T 455, 456;CCB1 115.2

    သခင်ခရစ်တော်သည် မိမိအား ဆက်ကပ်သော လူတိုင်းကို လက်ခံတော်မူသည်မှာ မည်မျှ ဝမ်းမြောက်ဖို့ ကောင်းသနည်း။ ကိုယ်တော်သည် လောကအား၊ လူဇာတိကို ခံယူခြင်းဖြင့် ထင်ရှားစေသော မေတ္တာတော်၏ နက်နဲရာများကို ဖော်ပြနိုင်မည် အကြောင်း ကိုယ်တော်သည် လူဇာတိ နှင့် ဘုရားဇာတိကို ပူးပေါင်းတော်မူ၏။ ၎င်းအကြောင်းကို ပြောပြလော့။ ၎င်းအကြောင်းကို ဆုတောင်းလော့။ ၎င်းအကြောင်းကို သီချင်းဆိုလော့။ လောကတွင် ကိုယ်တော်၏ သမ္မာတရားနှင့် ပြည့်ဝစေလျက် နောင်ကာလတိုင်အောင် ဆက်လက် ပြုလုပ်ကြလော့။59T 30;CCB1 116.1