Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သန့်ရှင်းစင်ကြယ်ခြင်း၏ မှန်သော သက်သေများ။

    ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် လောက၏ အလင်း ဖြစ်သော်လည်း၊ လောကသည် ကိုယ်တော်ကို မသိကြ။ ကိုယ်တော်သည် ကရုဏာနှင့် ဆိုင်သော အလုပ်ကို အမြဲ ဆောင်ရွက်နေတော်မူလျက် လူအပေါင်းတို့၏ လမ်းတွင် အလင်းကို ထွန်းတောက်စေတော်မူ၏။ သို့သော် ကိုယ်တော်၏ ပြိုင်ဖက် မရှိသော သီလ၊ ကိုယ်တော်၏ ကိုယ်ကို ငြင်းပယ်ခြင်း၊ ကိုယ်ကို ဆက်ကပ်ပူဇော်ခြင်း သဘော နှင့် အခြားသူ၏ ကောင်းကျိုးကို ရှာတတ်သော သဘောတို့ကို သိမြင်စေရန် ကိုယ်တော်နှင့် ရောနှောနေသော သူတို့ကို ကိုယ်တော်သည် ခေါ်ဖိတ်တော်မမူ။ ယုဒလူတို့သည် ထိုသို့သော အသက်တာမျိုးကို နှစ်သက်ခြင်း မရှိကြ။ ဘုရားတရား ကြည်ညိုမှုတွင် သူတို့နှင့် မတူသောကြောင့်၊ သူတို့က ကိုယ်တော်၏ ဘာသာတရားကို အဖိုးမတန်ဟု သဘောထားကြ၏။ သူတို့၏ ဘာသာရေးတွင် ဟန်ပြခြင်း၊ လူများ ရှေ့တွင် ဆုတောင်းခြင်း၊ ထင်ပေါ်အောင် အလှူဒါနပေးခြင်း အမှုများ ပါဝင်သောကြောင့်၊ သူတို့က သခင်ခရစ်တော်သည် ဘာသာရေးတွင် စိတ်ပါဝင်စားခြင်း၊ ထင်ရှားစွာ ဖော်ပြခြင်း မရှိဟု ဆုံးဖြတ်ကြ၏။CCB1 194.1

    သန့်ရှင်းစင်ကြယ်ခြင်း၏ အဖိုးအထိုက်ဆုံး အသီးကား စိတ်နှိမ့်ချခြင်း သီလ ဖြစ်သည်။ ဤသီလသည် စိတ်ဝိညာဉ်ထဲ၌ တည်ရှိနေသောအခါ၊ ၎င်း၏ တန်ခိုးအားဖြင့် စိတ်သဘောသည် ပြုပြင်ခြင်း ခံရ၏။ ထိုအခါ အမြဲ ဘုရားသခင်ကို ကိုးစားကြ၏၊ မိမိ စိတ်အလိုဆန္ဒကို ဘုရားသခင်၏ လက်အောက်၌ ချထား၏။CCB1 194.2

    ကိုယ်ကို ငြင်းပယ်ခြင်း၊ ကိုယ်ကို ဆက်ကပ်ပူဇော်ခြင်း၊ သူတစ်ပါး အကျိုးကို ရှာခြင်း၊ ကြင်နာခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ တည်ကြည်ခြင်း၊ ခရစ်ယာန် အားကိုးခြင်းတို့သည် ဘုရားသခင်နှင့် အမှန် ဆက်သွယ်နေသော သူတို့၏ နေ့စဉ် အသီးများ ဖြစ်သည်။ သူတို့၏ အပြုအမူတို့ကို လောကသည် မကြား မသိဘဲ နေလိမ့်မည်။ သို့ရာတွင် သူတို့သည် နေ့စဉ် မကောင်းသော အရာတို့နှင့် တိုက်ခိုက်နေကြလျက် စုံစမ်းခြင်း နှင့် အမှားများကို အောင်မြင်လျက် ရှိကြ၏။ အရေးကြီးသော ဂတိများကို အသစ် ထပ်မံ ပြုလုပ်လျက် စိတ်အားကြီးစွာ ဆုတောင်းခြင်းနှင့် အမြဲ စောင့်နေခြင်းဖြင့် ရရှိသော ခွန်အား အားဖြင့် ၎င်းကို ထိန်းသိမ်း စောင့်ရှောက်၏။ စိတ်အားထက်သန်စွာ ကြည့်ရှုနေသူသည် တိတ်ဆိတ်စွာ ဤအမှုဆောင်တို့၏ တိုက်လှန်နေခြင်းကို မမြင်ကြသော်လည်း၊ စိတ်နှလုံး၏ လျှို့ဝှက်သော အရာတို့ကိုပင် သိမြင်တော်မူသော ကိုယ်တော်သည် စိတ်နှိမ့်ချခြင်း နှင့် ကြိုးစားလုပ်ဆောင်သော အမှု ရှိသမျှကို သိမြင်လျက် နှစ်သက် သဘောကျတော်မူ၏။ အကျင့်စာရိတ္တတွင် ချစ်ခြင်း နှင့် ယုံကြည်ခြင်း၏ ရွှေစင်အစစ်ကို ထင်ရှားစေရန် စုံစမ်းခြင်း အချိန်ကာလကို လိုပေသည်။ စုံစမ်းခြင်း နှင့် ရှုပ်ထွေးခြင်းတို့သည် အသင်းတော် အပေါ်သို့ သက်ရောက်လာသော အခါ၊ သခင်ခရစ်တော်၏မှန်သော တပည့်တော်တို့တွင် မြဲမြံသော စိတ်အားထက်သန်မှု နှင့် အားကြီးသော စွဲလမ်းခြင်း သဘောများသည် ဖြစ်ပေါ်လာလေ၏။CCB1 194.3

    ဘာသာရေး၌ အမှန် ကြည်ညိုသော သူ၏ သြဇာညောင်းခြင်းကို ခံရသော သူအပေါင်းတို့သည် သူ၏ ခရစ်ယာန် အသက်တာ၏ တင့်တယ်ခြင်း၊ မွှေးကြိုင်ခြင်းကို သိမြင်လာကြ၏။ သို့သော် သူကိုယ်တိုင်ကား ဘာမျှ မသိ၊ အကြောင်းကား၊ ၎င်းသည် သူ၏ အကျင့် သူ၏ စိတ်သဘောတို့နှင့် ညီညွတ်လာ၏။ သူသည် ဘုရားသခင်၏ အလင်းအတွက် ဆုတောင်း၍ ထိုအလင်းတွင် လိုက်လျှောက်ရန် နှစ်သက်၏ ကောင်းကင်ခမည်းတော်၏ အလိုတော်ကို လိုက်ခြင်းသည် သူ၏ စားသောက်စရာ ဖြစ်၏။ သူ၏ အသက်တာသည် သခင်ခရစ်တော် နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက် ရှိ၏။ သို့သော် သူသည် ၎င်းအတွက် ကြွားဝါခြင်း မရှိ၊ ၎င်းအကြောင်းကိုပင် မသိရှိသကဲ့သို့ ထင်ရ၏။ သခင်၏ ခြေတော်ရာကို နီးကပ်စွာ လိုက်လျှောက်၍ နှိမ့်ချသော သူတို့ကို ဘုရားသခင်သည် ကြည့်၍ ပြုံးတော်မူ၏။ ကောင်းကင်တမန်တို့သည် သူတို့ အနားသို့ ချဉ်းကပ်၍ သူတို့၏ လမ်းတွင် စောင့်နေတတ်ကြသည်။ မြင့်မြတ်သော အခြေအနေကို တောင့်တလျက် မိမိတို့၏ ကောင်းမြတ်သော အမှုတို့၌ ဝမ်းမြောက်သော သူတို့သည် သူတို့ကို မမြင်ဘဲ ဖြတ်သွားကြသော်လည်း ကောင်းကင်တမန်တို့သည် သူတို့ကို မေတ္တာနှင့် ငုံ့ကြည့်လျက် သူတို့ ပတ်လည်တွင် မီးလောင်နေသော နံရံကဲ့သို့ ဖြစ်ကြ၏။7SL 11-15;CCB1 195.1