Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လူအများနှင့် ဆုတောင်းချက်များကို မရှည်စေရ။

    တပည့်တော်တို့၏ ဆုတောင်းချက်သည် တို၍ သူတို့ လိုသော အချက်ထက် ဘာမျှ ပိုမို မတောင်းရ ဟူသော သဘောကို သခင်ခရစ်တော်က တပည့်တော်တို့၏ စိတ်ထဲ၌ စွဲလမ်းစေတော်မူ၏။ သူတို့၏ ဆုတောင်းချက်သည် မည်မျှ ရှည်၍ မည်ကဲ့သို့သော အကြောင်းအရာကို တောင်းရမည် အကြောင်း ကိုယ်တော်က ဖော်ပြတော်မူ၏၊ သူတို့သည် လောကီ ကောင်းကြီးမင်္ဂလာ နှင့် ဝိညာဉ် ကောင်းကြီးမင်္ဂလာကို အလိုရှိကြောင်းကို လည်းကောင်း၊ ထိုအရာတို့အတွက် ကျေးဇူးတင်ကြောင်းကို လည်းကောင်း ဖော်ပြပြောဆိုရမည်။ ဤနမူနာ ဆုတောင်းချက်သည် မည်မျှ ပြည့်စုံသနည်း။ ၎င်းသည် လူအပေါင်းတို့၌ လိုသော အရာ အားလုံးကို ဖော်ပြ၏။ ရိုးရိုး ဆုတောင်းချက်သည် တစ်မိနစ်၊ နှစ်မိနစ်လောက်သာ ကြာစေရမည်။ ဆုတောင်းချက်သည် ထူးခြားသော နည်းအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်က စီမံ ဖော်ပြပေးသောအခါ၊ ဝိညာဉ်တော်နှင့် ဆုတောင်းသော အခါများလည်း ရှိလိမ့်မည်။ တောင်းတလျက် ရှိသော ဝိညာဉ်သည် ပြင်းပြစွာ နာကြည်းခြင်း ရှိလျက် ဘုရားသခင် ထံတော်၌ ညည်းတွားလာ၏။ ဝိညာဉ်သည် ယာကုပ်ကဲ့သို့ ထွေးလုံး၍ ဘုရားသခင်၏ တန်ခိုးတော်ကို ထူးခြားစွာ ဖော်ပြခြင်း မရှိလျှင် ငြိမ်သက်ခြင်း ရှိလိမ့်မည် မဟုတ်။ ဤအမှုသည် ဘုရားသခင် အလိုတော်ရှိသည်အတိုင်း ဖြစ်ပေသည်။CCB1 327.1

    သို့ရာတွင် အများသော သူတို့သည် ပျင်းရိဖွယ် တရားဟောပြောသကဲ့သို့ ဆုတောင်းတတ်ကြသည်။ ဤသူတို့သည် ဘုရားသခင်ကို ဆုမတောင်းကြဘဲ လူတို့အား ဆုတောင်းကြသည်။ သူတို့သည် ဘုရားသခင်အား ဆုတောင်းနေကြလျက်၊ သူတို့သည် ဘာလုပ်နေကြသည်ကို အကယ်ပင် သိနားလည်ကြလျှင်၊ ထိုသို့ သူတို့ ပြုဝံ့သော အမှုအတွက် သူတို့သည် ကြောက်လန့်ကြလိမ့်မည်။ အကြောင်းကား၊ လောက၌ ဖြစ်ပျက်နေသော အရာများနှင့် သက်ဆိုင်သော ပြဿနာအများကို စကြာဝဠာကို ဖန်ဆင်းတော်မူသော အရှင်သည် ထူးခြားစွာ သိရှိနားလည်ဖို့ သင့်သကဲ့သို့၊ သူတို့သည် ထာဝရဘုရားအား ဆုတောင်းသော ဟန်ဖြင့် ရှည်လျားစွာ တရားဟောနေကြလေသည်။ ထိုသို့သော ဆုတောင်းချက်တို့သည် အသံမြည်သော တံပိုးခရာကဲ့သို့ လည်းကောင်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့ လည်းကောင်း ဖြစ်၏။ ၎င်းတို့ကို ကောင်းကင်တွင် ရေးမှတ်ထားခြင်း မရှိ။ ဘုရားသခင်၏ ကောင်းကင်တမန်များ နှင့်တကွ နားမထောင်လိုဘဲ နားထောင်နေရသော သေတတ်သော လူတို့သည် ၎င်းဆုတောင်းချက်များတို့နှင့် မောပန်းငြီးငွေ့နေကြ၏။CCB1 327.2

    တစ်ခါတစ်ရံ သခင်ယေရှုသည် ဆုတောင်းလျက် နေတော်မူသည်ကို တွေ့ရသည်။ ကိုယ်တော်သည် မည်သူမျှ မရှိသော တောအုပ်ငယ်သို့ လည်းကောင်း၊ တောင်ပေါ်သို့ လည်းကောင်း မိမိ၏ ခမည်းတော်အား မိမိ တောင်းလိုသော အရာတို့ကို ဖော်ပြရန် ကြွတော်မူတတ်၏။ နေ့၏ အလုပ် နှင့် စောင့်ရှောက်ပြုစုရသော တာဝန်များသည် ပြီးဆုံးသွား၍ မောပန်းသော သူတို့သည် အနားယူကြသောအခါ၊ သခင်ယေရှုသည် ဆုတောင်းခြင်းဖြင့် အချိန်ကို ကုန်လွန်စေတော်မူ၏။ ဆုတောင်းလျက် စောင့်နေခြင်း အမှုသည် အလွန်ပင် နည်းသောကြောင့် ကျွန်ုပ်တို့သည် ဆုတောင်းခြင်းကို စိတ်ပျက်သွားအောင် မပြုလုပ်လိုပါ။ ၎င်းပြင် ဝိညာဉ်တော်ရလျက် နားလည်ခြင်း နှင့် ဆုတောင်းခြင်း အမှုလည်း သာ၍ပင် နည်းပါးသည်။ စိတ်အားကြီး၍ အကျိုး ဖြစ်စေသော ဆုတောင်းချက်သည် အမြဲပင် အချက်ကျပေသည်။ ၎င်းပြင် မည်သည့်အခါမျှ ငြီးငွေ့ခြင်း ရှိမည် မဟုတ်။ ဘုရားတရားကို ကြည်ညိုဖို့ နှစ်သက်သော သူအပေါင်းတို့အဖို့ ထိုသို့ ဆုတောင်းချက်သည် စိတ်ပါဝင်စားဖွယ် ဖြစ်၍ အားဖြည့်ဖွယ်ရာ ဖြစ်ပေသည်။CCB1 328.1

    တိတ်ဆိတ်စွာ တစ်ယောက်တည်း ဆုတောင်းခြင်း အမှုကို မပြုလုပ်ဘဲ နေကြ၏။ ထိုကြောင့် ဘုရားဝတ်ပြု ကိုးကွယ်ရန် စည်းဝေးသောအခါ၊ ရှည်လျား ငြီးငွေ့ဖွယ် ဖြစ်လျက် ဖေါက်ပြန်သော ဆုတောင်းချက်များတွင် တစ်ပတ်လုံး ဂရုမစိုက်ခဲ့သော တာဝန်များကို ပြန်ပြောပြပြီး ဆုတောင်းရာတွင် ထပ်ခါထပ်ခါ ပြောဆိုနေကြလျက်၊ ဂရုမစိုက်ခဲ့သော အရာတို့ကို အပြစ်ပြေစေလျက် အပြစ်တင်ခံရ၍ သူတို့အား ဒုက္ခရောက်စေသော သြတ္တပ္ပစိတ်ကို ငြိမ်စေခြင်းငှါ မျှော်လင့်ကြ၏။ သူတို့သည် ဘုရားသခင်၏ ရှေ့တော်၌ ဆုတောင်းခြင်းဖြင့် မျက်နှာရရန် မျှော်လင့်ကြသည်။ သို့သော် မကြာခဏ ဆုတောင်းခြင်းဖြင့် ဝိညာဉ်ရေး၌ မှောင်မိုက်သွားသည် တိုင်အောင် သူတို့၏ စိတ်ကို ယုတ်ညံ့သော အခြေအနေသို့ ရောက်စေ၏။ ဆုတောင်း၍စောင့်နေခြင်း အ ကြောင်းနှင့် စပ်ဆိုင်သော သွန်သင်ချက်ကို ခရစ်ယာန်တို့သည် အိမ်ထောင်၌ အသုံးပြုကြလျှင်၊ သူတို့သည် ဘုရားဝတ်ပြုကိုးကွယ်ရေးတွင် သာ၍ သိနားလည်လာကြလိမ့်မည်။22T 581, 582,CCB1 328.2