Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အမှုတော်ဆောင်တို့က အသင်းဝင်သူတို့အား သင်တန်းပေးရမည်။

    ဟောပြောခဲ့ပြီးသော တရားဟောချက် အပေါင်းအားဖြင့် ကိုယ်ကို ငြင်းပယ်သော အမှုတော်ဆောင်မျိုး များစွာ တိုးတက် ဖြစ်ပွားမလာကြောင်း ထင်ရှား၏။ ဤအချက်သည် အလွန် အရေးကြီးသော အကျိုးအပြစ်ကို ဖြစ်ပေါ်လာစေတတ်သည်ဟု ထင်မှတ်ရမည်။ ထာဝရကာလအတွက် ကျွန်ုပ်တို့၏ အနာဂတ် အခြေအနေသည် ဘေးရောက်စရာ အကြောင်း ရှိနေ၏။ အသင်းတော်များသည် အလင်းတရားကို ဖြန့်ဖြူးရာ၌ မိမိတို့၏ စွမ်းရည်သတ္တိကို မသုံးကြသောကြောင့်၊ ၎င်းတို့သည် ညှိုးနွမ်းလျက် ရှိနေကြပြီ။ လူအားလုံးတို့သည် အလင်းတရားကို လက်တွေ့ အသုံးပြုကြမည် အကြောင်း၊ သခင်ဘုရားထံမှ ရရှိသော သင်ခန်းစာများကဲ့သို့ ဖြစ်ရကြမည့် သွန်သင်ချက်များကို အသေအချာ ပြင်ဆင်လျက် သင်ကြားရကြမည်။ အသင်းတော်ကို စောင့်ရှောက်ကြည့်ရှုရသော သူတို့သည် စွမ်းရည်သတ္တိနှင့် ပြည့်စုံသော အသင်းဝင်သူတို့ကို ရွေးကောက်လျက် သူတို့အား တာဝန်များကို အပ်ပေးပြီးလျှင်၊ သူတို့သည် အခြားသော သူတို့အား မည်ကဲ့သို့ ပြုစုစောင့်ရှောက်၍ ကောင်းကြီးပေးရန် အကောင်းဆုံး ပြုလုပ်နိုင်ကြမည် အကြောင်း သူတို့အား သွန်သင် ပြသ နည်းလမ်းပေးရမည်။146T 431;CCB1 139.1

    စက်ပြင်ဆရာများ၊ ရှေ့နေများ၊ ကုန်သည်များမှ စ၍ အလုပ်အကိုင် အမျိုးမျိုးကို ဆောင်ရွက်နေရကြသော သူအပေါင်းတို့သည် မိမိတို့ အလုပ်အကိုင်၌ ကျွမ်းကျင်မှု ရှိလျက် အလုပ်ကို နိုင်နင်းရန် မိမိတို့ ကိုယ်တိုင် ဆိုင်ရာ လုပ်ငန်းတို့ကို လေ့လာသင်ကြားရကြ၏။ သခင်ခရစ်တော်၏ တပည့်တော်တို့သည် အနည်းငယ်သာ ကျွမ်းကျင်နားလည်မှု ရှိအပ်သလော။ ၎င်းပြင် ကိုယ်တော်၏ အမှုတော်ကို ဆောင်ရွက်နေကြစဉ်၊ ဆောင်ရွက်အပ်သော နည်းလမ်း နှင့် စည်းကမ်းတို့ကိုမသိနားမလည်ဘဲ နေအပ်သလော။ ထာဝရအသက်ကို ရရှိဖို့ရန် စွန့်စားပြုလုပ်ရသော အမှုသည် လောကနှင့် ဆိုင်သော မှုရေးကိစ္စ ရှိသမျှတို့ထက် သာ၍ ကြီးကျယ်ပေသည်။ သခင်ယေရှုထံသို့ ဝိညာဉ်များကို ပို့ပေးနိုင်မည် အကြောင်း၊ လူ၏ အခြေအနေ၊ လူ၏ စိတ်သဘောတို့ကို ကောင်းစွာ လေ့လာ ဆည်းပူးလျက် သိရှိနားလည်အပ်ပေသည်။ သမ္မာတရားCCB1 139.2

    နှင့် ဆိုင်သော အချက်ကြီးများကို ဖော်ပြဖို့ရန် ယောက်ျား မိန်းမများထံ မည်ကဲ့သို့ ချဉ်းကပ်ရမည်ကို သိရှိရန် များစွာ ဆင်ခြင်စဉ်းစားလျက် စိတ်အားကြီးစွာ ဆုတောင်းဖို့ လိုပေသည်။154T 67;CCB1 140.1

    အသင်းတော်ကို တည်ထောင်ပြီးသည်နှင့် တစ်ပြိုက်နက် မကြာမီ သင်းအုပ်ဆရာသည် အသင်းဝင်သူများအား အမှုတော်ကို အစပြု ဆောင်ရွက်စေရမည်။ အောင်မြင်စွာ မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သူတို့အား သွန်သင်ပေးဖို့ လိုပေသည်။ သင်းအုပ်ဆရာသည် တရားဟောပြောခြင်းထက် သွန်သင် နည်းပြပေးခြင်း အမှုတွင် အချိန် ပိုမို အကုန်ခံ၍ ဆောင်ရွက်ပါစေ။ မိမိတို့ ရရှိသော သမ္မာတရားကို သိကျွမ်းရခြင်း ပညာကို အခြား သူတို့အား မည်ကဲ့သို့ ဖော်ပြရမည်ကို သိနားလည်ရန် အသင်းဝင်သူတို့အား သင်းအုပ်ဆရာက သင်ကြားပြသပေးပါစေ။ မကြာမီက စိတ်နှလုံး ပြောင်းလဲလာကြသော လူသစ်တို့အား အမှုတော်ဆောင် လုပ်ငန်းတွင် သာ၍ ဗဟုသုတ ရှိသော သူတို့ထံမှ အကြံဉာဏ် တောင်းဖို့ သွန်သင်ပေးရမည်။ ထိုအခါမှာပင် သူတို့သည် သင်းအုပ်ဆရာကို ဘုရားသခင်၏ နေရာတွင် မထားစေခြင်းငှါ သူတို့အား သွန်သင်ပေးရဦးမည်။CCB1 140.2

    ကျွန်ုပ်တို့၏ လူများအား ပေးနိုင်သော အကြီးဆုံး အကူအညီမှာ၊ ဘုရားသခင်အတွက် အမှုတော်ဆောင်ရွက်ရန် နှင့် သင်းအုပ်ဆရာကို အားမကိုးဘဲ ဘုရားသခင်ကို အားကိုးရန် သူတို့အား သွန်သင်ပေးခြင်းတည်း။ သခင်ခရစ်တော်သည် အမှု ဆောင်ရွက်တော်မူသည် နည်းတူ သူတို့သည်လည်း ဆောင်ရွက်ကြစေရန် သူတို့အား သင်ကြား လေ့လာကြပါစေ။ အမှုတော်ဆောင်များ ပါဝင်သော စစ်တပ်ကြီးတွင် သူတို့အား ပါဝင်စေလျက် ကိုယ်တော်အတွက် သစ္စာနှင့် အမှု ဆောင်ရွက်ပါစေ။167T 19, 20;CCB1 140.3

    လူများအထဲတွင် အမှုတော်ဆောင်ရွက်ရာတွင် ဓမ္မဆရာများသည် လမ်းပြရှေ့ဆောင်ကြပါစေ။ ၎င်းပြင် အခြားသူတို့သည် သူတို့ နှင့်အတူ ပူးပေါင်းလျက် သူတို့၏ ပုံသက်သေမှ သင်ခန်းစာများကို လေ့လာဆည်းပူးကြပါစေ။ ပုံသက်သေ တစ်ခုသည် များစွာသော ပညတ်ဥပဒေများထက် သာ၍ အဖိုးတန်ပေသည်။17MH 149;CCB1 140.4

    အသင်းတော်၏ ဝိညာဉ်ရေးကို စောင့်ရှောက်ပြုစုရသော သူတို့သည် အသင်းဝင်သူတိုင်းတို့အား ဘုရားသခင်၏ အမှုတော်တွင် ပါဝင် ရွက်ဆောင်နိုင်ဖို့ အခွင့်အရေးများ ရရှိနိုင်စေခြင်းငှါ နည်းလမ်းများကို စီမံကြံစည် ဖန်တီးပေးရကြမည်။ ဤအမှုကို လွန်ခဲ့သော ခေတ်က အမြဲ မပြုလုပ်ခဲ့ကြ။ အသင်းဝင်သူ အားလုံး၏ စွမ်းအားသတ္တိတို့ကို စိတ်အားထက်သန်စွာ အမှုတော် ဆောင်ရွက်ခြင်း လုပ်ငန်းတွင် အသုံးပြုစေခြင်းငှါ စီမံကိန်းများကို ပြည့်စုံစွာ ကြံစည်ဆောင်ရွက်ခဲ့ခြင်း မရှိကြ။ ဤအကြောင်းကြောင့် မည်မျှ ဆုံးရှုံး နစ်နာခဲ့ကြောင်းကို အနည်းငယ်သော သူတို့သာ ရှိကြ၏။ အသင်းတော်ထဲ၌ စွမ်းရည်သတ္တိ ရှိသဖြင့်၊ ၎င်းကို သင့်တော်သော လုပ်ငန်းတွင် အသုံးပြုခဲ့လျှင် ဤအလုပ်အတွက် ၎င်းသည် များစွာ အကူအညီ ဖြစ်လာနိုင်အောင် တိုးပွားလာလိမ့်မည်။ အသင်းတော်ကို တည်မြဲခိုင်ခံ့စေခြင်းငှါ လည်းကောင်း၊ မယုံကြည်သေးသော သူတို့ကို ရရှိစေခြင်းငှါ လည်းကောင်း ကျွန်ုပ်တို့၏ အသင်းတော် အားလုံး၊ အကြီးအငယ်တို့တွင် ရှိသော အသင်းဝင်သူတို့အား မည်ကဲ့သို့ အမှုဆောင်ရွက်ရမည်ကို သွန်သင် နည်းပြပေးရန် အမှုတော်ဆောင်တို့၌ တာဝန်ရှိပေသည်။ ဤတာဝန်ကို ကျေပွန်စွာ ပြီးမြောက်စေနိုင်မည် အကြောင်း အမှုတော်ဆောင်တို့ ပြုလုပ်ရမည့် တာဝန်တို့ကို ကောင်းစွာ စီမံခန့်ခွဲထားရကြမည်။ လိုအပ်သော အရာကား သင်တန်းပေးခြင်း၊ ပညာ သင်ကြားပေးခြင်း ဖြစ်သတည်း။ ဤခေတ်ကာလအတွက် အမှုတော်နှင့် စပ်ဆိုင်၍ အသင်းသား အပေါင်းတို့သည် ကောင်းစွာ သိရှိနားလည်ဖို့ စိတ်နှလုံးထဲ၌ အမြဲ စွဲလမ်း မှတ်သားထားလျက် မိမိတို့နှင့် အသင့်တော်ဆုံးသော လုပ်ငန်းကို ကောင်းစွာ ကျွမ်းကျင်နားလည်မှု ရှိရကြမည်။CCB1 141.1

    ကျွန်ုပ်တို့၏ အသင်းတော်များကို တည်မြဲစေခြင်းငှါ ယခု လိုနေသော အရာမှာ အသင်းတော်၌ ရှိသော စွမ်းအားသတ္တိ၊ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်စေရန် သွန်သင်ပေးနိုင်သော သတ္တိကို သိရှိနားလည်ပြီး ၎င်းကို တိုးပွားအောင် သတိပညာ ရှိသော အမှုတော်ဆောင်တို့က ကောင်းစွာ စီမံပြုလုပ်ပေးခြင်း အမှု ဖြစ်သည်။ အသင်းတော်များကို လိုက်လံ ကြည့်ရှုရသော တာဝန်ကို ဆောင်ရွက်ရသော သူတို့သည် ညီအစ်ကို မောင်နှမတို့အား သာသနာပြုလုပ်ငန်းကို လက်တွေ့ လုပ်ကိုင် ဆောင်ရွက်နည်းကို သွန်သင်ပေးရကြ မည်။ လူငယ် လူရွယ်များတို့အတွက်လည်း သင်တန်း တစ်ခုထားပေးပါ။ ယောက်ျားကလေး၊ မိန်းမကလေးတို့အား အိမ်ထောင်၌ ဖြစ်စေ၊ အိမ်နီးနားချင်း၌ ဖြစ်စေ၊ အသင်းတော်၌ ဖြစ်စေ အမှုတော်ဆောင်များ ဖြစ်လာရန် သွန်သင်ပေးရမည်။18An Appeal to Ministers and Church Officers. CCB1 141.2

    ကောင်းကင်တမန်တို့သည် ကြာမြင့်စွာကပင် လုပ်ဆောင်ရန် ရှိသော အမှုတော်ကြီးတွင် မိမိတို့ နှင့်အတူ ကူညီလုပ်ဆောင်စေရန် လူ ကိုယ်စားလှယ်များ တည်းဟူသော အသင်းဝင်သူတို့အား စောင့်မျှော်နေခဲ့ကြပြီ။ သူတို့သည် သင်တို့ကိုလည်း စောင့်မျှော်နေကြသည်။ သာသနာ နယ်မြေသည် အလွန် ကြီးကျယ်၍ စီမံကိန်းများသည် အလွန် များပြားသောကြောင့်၊ သန့်ရှင်းစင်ကြယ်ခြင်းသို့ ရောက်သော စိတ်နှလုံးတိုင်းသည် ဘုရားသခင်၏ တန်ခိုးတော် ပါရှိသော ကိရိယာ အဖြစ်နှင့် အမှုတော်ဆောင် လုပ်ငန်းတွင် စွဲလမ်းခြင်း ရှိလာရကြလိမ့်မည်။199T 46, 47;CCB1 142.1

    ခရစ်ယာန်တို့သည် တစ်ခုတည်းသော ရည်ရွယ်ချက်ကို ဖြစ်မြောက်စေဖို့အတွက် တစ်ခုတည်းသော တန်ခိုးရှင်၏ ညွှန်ကြားလမ်းပြချက်အတိုင်း တစ်လုံးတစ်ဝတည်း ရှေ့သို့ တိုးတက်လျက် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရကြမည် ဆိုလျှင်၊ သူတို့သည် လောက တစ်ခုလုံးကိုပင် လှုပ်ရှားသွားစေနိုင်ကြလိမ့်မည်။CCB1 142.2

    “လမ်းမ လမ်းကြား” တွင် ခေါ်ဖိတ်သော စကားကို လောကကြီး၏ အမှုဆောင် လုပ်ငန်းတွင် စိတ်ထက်သန်စွာ ပါဝင်ကြသူ အပေါင်း၊ လူတို့၏ ဆရာသမားများ နှင့် ခေါင်းဆောင်များတို့အား ကြွေးကြော် ဖော်ပြရမည်။ လောကတွင် အသက်မွေးဝမ်းကျောင်းအတွက် လေးလံသော တာဝန်တို့ကို ဆောင်ရွက်နေရကြသော သူများ ဖြစ်ကြသည့် ဆေးဆရာဝန် နှင့် ကျောင်းဆရာ ဆရာမများ၊ ရှေ့နေများ နှင့် တရားသူကြီးများ၊ အမှုထမ်း အရာရှိများ နှင့် ကုန်သည် သူဋ္ဌေးများအား “လူသည် စကြာဝဠာကို အကြွင်းမဲ့ အစိုးရ၍ မိမိ အသက်ဝိညာဉ် ရှုံးလျှင် အဘယ် ကျေးဇူးရှိသနည်း။ မိမိ အသက်ဝိညာဉ်ကို အဘယ် ဥစ္စာနှင့် ရွေးနိုင်သနည်း” (မာ၊ ၈: ၃၆၊ ၃၇) ဟူသော ထင်ရှားသော သတင်းစကားကို ကြားပြောရမည်။CCB1 142.3

    ကျွန်ုပ်တို့သည် ဂရုမစိုက်ဘဲ ပစ်ထားသော ဆင်းရဲသားတို့ အကြောင်းကို များစွာ ပြောဆိုရေးသားကြသည်။ ဂရုမစိုက်ဘဲ ထားသော သူဋ္ဌေးသူကြွယ်တို့ကိုလည်း ကျွန်ုပ်တို့သည် အနည်းငယ် သတိပြုဖို့ မသင့်သလော။ အများသော သူတို့က ဤလူစားမျိုးကို မျှော်လင့်စရာ မရှိသော လူမျိုးဟု သဘောထားကြပြီးလျှင်၊ စာတန်၏ တန်ခိုးအားဖြင့် မျက်စိကျိန်းလျက် ကန်းနေသဖြင့် မိမိတို့၏ စိတ်ထဲမှ ထာဝရကာလ အကြောင်းကို မမြင်မသိဘဲ နေသော သူတို့၏ ဉာဏ်မျက်စိကို ဖွင့်ပေးရန် အများသော သူတို့က အနည်းငယ်သာ ကြိုးစားတတ်ကြသည်။ ထောင်ပေါင်းများစွာသော လူချမ်းသာတို့အား ပြင်ပလက္ခဏာအားဖြင့် စစ်ကြော စီရင်လျက် မျှော်လင့်စရာ မရှိသော အရာများအဖြစ် အမှုမထားဘဲ နေခဲ့ကြသောကြောင့်၊ သူတို့သည် သတိပေးခြင်း မခံရဘဲ သင်္ချိုင်းထဲသို့ ဆင်းသက်သွားရကြလေပြီ။ သို့ရာတွင် သူတို့သည် ဘာသာတရားရေးကို ဂရုမစိုက်ဟု ထင်ရသော်လည်း၊ ဤလူစားမျိုးတွင် အများသော သူတို့သည် ဝိညာဉ်ရေးအတွက် အလွန် စိတ်လေးလျက်နေသော သူများ ဖြစ်ကြောင်း ကျွန်ုပ်အား ဖော်ပြထားပါသည်။ ထောင်ပေါင်းများစွာသော သူဋ္ဌေး၊ သူကြွယ်တို့သည် လောကီ အလုပ်အကိုင်များ လုပ်ကိုင်နေကြစဉ် မိမိတို့၌ မရှိသေးသော အရာ တစ်စုံတစ်ခု လိုနေကြောင်း သိရှိကြသည်။ သူတို့သည် စည်းဝေးဇရပ်သို့ သွားခြင်းဖြင့် အကျိုးမရှိဟု ထင်မှတ်ကြသဖြင့်၊ သူတို့အထဲမှ အနည်းငယ်သာ စည်းဝေးဇရပ်သို့ သွားကြ၏။ သူတို့ နားထောင်သော တရားဟောချက်၊ သွန်သင်ချက်သည် သူတို့၏ စိတ်နှလုံး၌ ထိခိုက်ခြင်း မရှိ။ သူတို့၏ အကျိုးအတွက် ကျွန်ုပ်တို့သည် မိမိတို့ ကိုယ်တိုင် ကြိုးပမ်းခြင်း မပြုဘဲ နေအပ်သလော။CCB1 143.1

    အချို့တို့က၊ ကျွန်ုပ်တို့သည် သူတို့ထံသို့ စာပေ ပရိယတ္တိများပေးခြင်းဖြင့် မဆက်သွယ်နိုင်သလောဟု မေး၏။ ဤနည်းအားဖြင့် သူတို့ထံ မချဉ်းကပ်နိုင်သော သူများစွာ ရှိပေသည်။ သူတို့ထံ ကိုယ်တိုင် သွားရောက် အမှုဆောင်ရွက်ဖို့ လိုပေသည်။ သူတို့အား ထူးခြားစွာ သတိမပေးဘဲ နေခြင်းဖြင့် သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြမည်လော။ ရှေးခေတ်ကာလက ဤကဲ့သို့ မဟုတ်ခဲ့ပါ။ မြင့်မြတ်သော နေရာများဤ ရှိသော သူတို့သည် သခင်ယေရှုခရစ်၌ သာလျှင် ငြိမ်သက်ခြင်း ချမ်းသာကို တွေ့ရှိနိုင်မည် အကြောင်း သူတို့အား ကြားပြောရန် ဘုရားသခင်၏ ကျွန်များကို စေလွှတ်တော်မူ၏။ CCB1 143.2

    ကောင်းကင်ဘုံရှင် ဘုရင်မင်းမြတ်သည် ပျောက်ဆုံး နစ်မွန်းနေသော လူသတ္တဝါကို ကယ်ဆယ်ရန် ကျွန်ုပ်တို့၏ လောကသို့ ကြွလာတော်မူပြီ။ ကိုယ်တော်သည် စွန့်ပစ်ခြင်း ခံနေရသော သူများ သာမက ဂုဏ်အသရေရှိသော သူတို့ကို ကယ်တင်ရန် ကြိုးစား အမှု ဆောင်ရွက်တော်မူ၏။ ဘုရားသခင်ကို မသိ၍ ပညတ်တော်ကို မစောင့်ကြသော အထက်တန်းစား လူမျိုးထံ ချဉ်းကပ်နိုင်ဖို့ ကိုယ်တော်သည် သင့်တော်သော နည်းဖြင့် အမှု ဆောင်ရွက်တော်မူ၏။CCB1 144.1

    သခင်ခရစ်တော်သည် ကောင်းကင်သို့ တက်ကြွသွားပြီးနောက်မှပင် ဤလုပ်ငန်းမျိုးကို ဆက်လက် ဆောင်ရွက်နေကြ၏။ သခင်ဘုရားသည် ကော်နေလိ၌ စိတ်ပါဝင်စားတော်မူကြောင်း ဖော်ပြသည့် အချက်ကို ဖတ်ရသောအခါ ကျွန်ုပ်၏ စိတ်သည် အလွန်ပင် နူးညံ့သိမ်မွေ့သွား၏။ ကော်နေလိသည် ရောမစစ်တပ်တွင် အရာရှိ တစ်ဦး ဖြစ်လျက် ဂုဏ်အသရေ အဆင့်အတန်း မြင့်သော သူ ဖြစ်၏။ သို့ရာတွင် သူသည် မိမိ ရရှိသော အလင်းတရား အားလုံးနှင့် အညီ ကျင့်လျက် နေသော သူ ဖြစ်၏။ သခင်ဘုရားသည် သူ့ထံသို့ ထူးခြားသော သတင်းကို ပို့တော်မူ၍ အခြားသော သတင်းစကားအားဖြင့် ပေတရုအား သူထံ သွားရောက်၍ အလင်းတရားကို သူ့အား ပေးရန် ညွှန်ပြတော်မူ၏။ အလင်းတရားကို ရှာဖွေလျက် ၎င်းအတွက် ဆုတောင်းနေသော သူတို့အတွက် ဘုရားသခင် ပြတော်မူသော ကရုဏာ နှင့် မေတ္တာတော် အကြောင်းကို စဉ်းစား ဆင်ခြင်ရခြင်းဖြင့် ကျွန်ုပ်တို့၏ လုပ်ငန်းတွင် များစွာ ခွန်အား တိုးတက်လာစရာ ရှိပေသည်။CCB1 144.2

    ကော်နေလိကဲ့သို့ မိမိ၏ အသင်းတော်နှင့် ဆက်သွယ်စေဖို့ ဘုရားသခင် အလိုရှိတော်မူသော လူအများကို ကျွန်ုပ်အား ဖော်ပြထားပါသည်။ သူတို့သည် ထာဝရဘုရား၏ ပညတ်တော်ကို စောင့်သော သူများတို့ အပေါ်၌ ထောက်ထား စာနာသော သဘောကို ပြတတ်ကြသည်။ သို့သော် သူတို့အား လောကနှင့် ဆက်သွယ်ထားသော အနှောင်အဖွဲ့သည် အလွန် ခိုင်မြဲလျက် ရှိနေ၏။ သူတို့သည် နှိမ့်ချသော သူတို့ နှင့်အတူ ထိုင်နိုင်ဖို့ရန် အကျင့်သီလ နှင့် ဆိုင်သော ရဲရင့်ခြင်းမျိုး မရှိချေ။ ဤဝိညာဉ်များ၏ လောကီ တာဝန်များ နှင့် သွေးဆောင်ခံနေရခြင်း အမှုတို့ကြောင့်၊ သူတို့အတွက် ကျွန်ုပ်တို့က ထူးခြားသော နည်းဖြင့် အမှုတော် ဆောင်ရွက်ပေးဖို့ လိုပေသည်။CCB1 144.3

    ကျွန်ုပ်အား ဖော်ပြထားသော အလင်းတရားအားဖြင့်၊ “ထာဝရဘုရား မိန့်တော်မူသည်ကား” ဆိုသော ရှင်းလင်းသော ဖြေရှင်းချက်မျိုးကို လောက၌ သြဇာတန်ခိုး ရှိသော သူတို့အား ယခု ပြောပြသင့်သည်ကို ကျွန်ုပ် သိမြင်လာ၏။ သူတို့သည် အရေးကြီးသော တာဝန်များကို ဘုရားသခင် အပ်ပေးတော်မူခြင်းကို ခံရသော သူများ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင် ခေါ်တော်မူခြင်းကို လက်ခံကြလျှင်၊ ဘုရားသခင်သည် သူတို့ကို မိမိ၏ အမှုတော်အတွက် အသုံးပြုတော်မူလိမ့်မည်။CCB1 145.1

    အထက်တန်းကျသော လူစားမျိုးတို့တွက် အမှုတော် ဆောင်ရွက်ဖို့ အထူးသဖြင့် သင့်တော်သော သူ အချို့ ရှိကြသည်။ ဤသူတို့သည် နေ့စဉ် ထာဝရဘုရားကို ရှာဖွေလျက် ဤသို့ အထက်တန်းကျ သူတို့နှင့် မည်ကဲ့သို့ ရင်းနှီးဖို့ လေ့လာ ရှာကြံရမည်။ သူတို့နှင့် မိတ်ကျွမ်းဝင်ရုံလောက်သာ ဆက်ဆံသင့်သည် မဟုတ်၊ ကိုယ်တိုင် ကျိုးစား အမှုဆောင်ခြင်း၊ စိတ်အားထက်သန်သော ယုံကြည်ခြင်းဖြင့် သူတို့၏ စိတ်ကို ဆွဲငင်နိုင်ရမည်။ ၎င်းပြင် သူတို့၏ ဝိညာဉ်ကယ်တင်ရေးအတွက် သူတို့ကို အမှန်စင်စစ် ချစ်ခင်လျက် ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ဖော်ပြထားသည်အတိုင်း သမ္မာတရားကို သူတို့အား သိနားလည်စေခြင်းငှါ အကယ်ပင် စိတ်ဆန္ဒ ရှိကြောင်း ဖော်ပြရမည်။216T 78-81.CCB1 145.2