Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင် စီမံခန့်ထားတော်မူခြင်း။

    အလိုအလျောက် ပေးလှူသော အလှူ နှင့် ဆယ်ဖို့တစ်ဖို့တို့သည် ဧဝံဂေလိတရား၏ အခွန်အကောက် ဖြစ်သည်။ လူအား ပေးအပ်ထားသော ဥစ္စာဘဏ္ဍာများထဲမှ ဘုရားသခင်သည် ဆယ်ဖို့တစ်ဖို့ တည်းဟူသော တစ်စုံတစ်ခုသော အဖို့ကို တောင်းတော်မူ၏။ 75T 149;CCB1 156.1

    ဘုရားသခင်က ကျွန်ုပ်တို့ အပေါ်၌ တောင်းဆိုသော အရာသည် အခြား တောင်းဆိုသော အရာတိုင်း၏ အခြေခံ ဖြစ်သည်ကို လူအပေါင်း သတိပြုရကြမည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကြွယ်ဝစွာ ချပေးတော်မူ၍၊ လူ နှင့် ဘုရားသခင် ပြုတော်မူသော ပဋိညာဉ်ကား၊ မိမိ ပိုင်ဆိုင်သော ဥစ္စာများထံမှ ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်အား ပြန်ပေးရမည် အကြောင်းတည်း။ ထာဝရဘုရားသည် မိမိ၏ ဘဏ္ဍာများကို မိမိ၏ ဘဏ္ဍာစိုးများအား ပေးအပ်ထားတော်မူ၏။ ဘုရားသခင်သည် လူအား မိမိ၏ ဥစ္စာကို ပေးတော်မူသော ပမာဏအတိုင်း၊ လူသည် မိမိ ရရှိသမျှသော ဥစ္စာထဲမှ ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်အား သစ္စာနှင့် ပြန်ပေးရမည်။ သခင်ယေရှုခရစ် ကိုယ်တော်တိုင်သည်လည်း ဤကဲ့သို့ သီးခြား စီမံထားတော်မူခဲ့၏။86T 384;CCB1 156.2

    ဤခေတ်ကာလအတွက် သမ္မာတရားကို မြေကြီး၏ မှောင်မိုက်သော အစွန်းများသို့ ယူဆောင်သွားရမည်။ ၎င်းပြင် ဤ အမှုကို အိမ်ထောင်တွင် အစပြုရမည်။ သခင်ခရစ်တော်၏ တပည့်တော်များတို့သည် ကိုယ်ကျိုးရှာသော အသက်တာ၌ မကျင်လည်အပ်။ သခင်ခရစ်တော်၏ ဝိညာဉ်တော်နှင့် ပြည့်ဝလျက် ကိုယ်တော်၏ အလိုတော်နှင့် ညီညွတ်စွာ အမှု ဆောင်ရွက်ရကြမည်။ 93T 381;CCB1 156.3

    သခင်ယေရှုသည် ကြီးကျယ်သော အမှုကြီးကို ပြုလုပ်ရန် ကြွလာတော်မူသည်ဟု မိန့်တော်မူ၍ ထိုအလုပ်ကြီးကို မြေကြီးပေါ်ရှိ မိမိ၏ တပည့်တော်တို့ အား အပ်ထားတော်မူ၏။ ဤလုပ်ငန်းကို အလိုအလျောက် ထောက်ပံ့နိုင်ရန် လုံလောက်သော ငွေကို ရရှိနိုင်သော နည်းလမ်းကို ဘုရားသခင်သည် မိမိ၏ လူများအား ပေးထားတော်မူပြီ။ ဆယ်ဖို့တစ်ဖို့ ပေးရန် ဘုရားသခင် စီမံတော်မူသော စည်းကမ်းသည် အလွန် လွယ်ကူ၍ သမမျှတ ပေသည်။ ထိုစည်းကမ်းကို ဘုရားသခင်က အစပြုတော်မူသဖြင့်၊ လူအပေါင်းတို့သည် ၎င်းကို သစ္စာနှင့် လည်းကောင်း၊ စိတ်အားထက်သန်ခြင်းနှင့် လည်းကောင်း လိုက်နာအပ်သည်။ ၎င်းစည်းကမ်းသည် လွယ်ကူ၍ အသုံးကျသည်၊ ၎င်းပြင် ၎င်းစည်းကမ်းကို နားလည်၍ ကျင့်သုံးရန် ခက်ခဲစွာ သင်ကြားနေဖို့ မလို။ အဖိုးထိုက်သော ကယ်တင်ခြင်း အလုပ်ကို လူအားလုံး ပါဝင် ဆောင်ရွက်နိုင်သည်ဟု ထင်မှတ်ကြလိမ့်မည်။ ယောက်ျား၊ မိန်းမ၊ လူငယ်တိုင်းသည် ထာဝရဘုရားအတွက် ဘဏ္ဍာစိုး ဖြစ်လာနိုင်ကြသည်၊ ၎င်းပြင် ဘဏ္ဍာတိုက်က လိုအပ်သော ငွေကို ပေးနိုင်သော ကိုယ်စားလှယ် အသီးအသီး ဖြစ်နိုင်ကြသည်။ တမန်တော်က၊ “အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ ဥစ္စာ တစ်ဖို့ကို ထုတ်၍ စုထားကြလော့” ဟု ပြောဆိုထား၏။ ၁ ကော၊ ၁၆: ၂။CCB1 156.4

    ဤစည်းကမ်းအားဖြင့် ကြီးကျယ်သော ရည်ရွယ်ချက်ကြီးများကို ဖြစ်မြောက်စေ၏။ လူအပေါင်းတို့သည် ဤစည်းကမ်းကို လိုက်နာကြလျှင်၊ အသီးအသီးတို့သည် ဘုရားသခင်အဖို့ လုံ့လဝီရိယ ရှိလျက် သစ္စာရှိသော ဘဏ္ဍာစိုး ဖြစ်လာကြလိမ့်မည်။ လောကအား နောက်ဆုံး သတိပေးစကားကို ကြားပြောခြင်း အလုပ်ကြီးကို တိုးတက် ဆောင်ရွက်ရာ၌ ငွေကြေး မလုံလောက်ခြင်း ရှိလိမ့်မည် မဟုတ်။ ဤစည်းကမ်းကို အသုံးပြုလျှင်၊ ဘဏ္ဍာတိုက်သည ပြည့်နေလိမ့်မည်။ ၎င်းပြင် ပေးလှူသော သူတို့သည်လည်း သာ၍ ဆင်းရဲသွားကြမည် မဟုတ်။ စုဆောင်းထားသမျှအားဖြင့်၊ ခေတ်ကာလ၏ သမ္မာတရားကို ကြွေးကြော်ခြင်း အမှုတွင် သူတို့သည် သာ၍ စည်းလုံးညီညွတ်ခြင်း ရှိလာကြလိမ့်မည်။ သူတို့သည် “မှန်သော အသက်ကို ဝင်စားလိုသောငှါ၊ နောင်ဘဝ၌ ကောင်းသော ဘဏ္ဍာကို မိမိတို့အဖို့ ဆည်းပူးခြင်းတို့ကို ပြုကြလိမ့်မည်။” ၁ တိ၊ ၆: ၁၉။CCB1 157.1

    မိမိတို့၏ ပေးကမ်းစွန့်ကြဲလိုသော သဘောသည် ဘုရားသခင် နှင့် လူ အချင်းချင်း အပေါ်၌ မေတ္တာကို ပွားများစေကြောင်းကို လည်းကောင်း၊ သူတို့ ကိုယ်တိုင် ကြိုး ပမ်းလုပ်ဆောင်မှုသည် အသုံးဝင်သော သဘောကို ထင်ရှားစေကြောင်းကို လည်းကောင်း၊ စည်းကမ်းနှင့် ကြိုးစားလုပ်ဆောင်သော အမှုဆောင်တို့သည် သိမြင်လာကြသောအခါ၊ သခင်ခရစ်တော် နှင့်အတူ လုပ်ဖော်ဆောင်ဖက် ဖြစ်ရခြင်းသည် ကြီးကျယ်သော ကောင်းကြီးမင်္ဂလာ တစ်ခု ဖြစ်ကြောင်းကို သူတို့ သိမြင်လာကြလိမ့်မည်။ လောကကို ဖုံးလွှမ်းနေသော မှောင်မိုက်သော အကျင့်ကို တိုက်ခိုက်ရေးတွင် ထောက်ပံ့ဖို့ရန် မိမိတို့ ဥစ္စာထဲမှ အလှူပေးရန် ဘုရားသခင်က တောင်းဆိုနေသည်ကို အများအားဖြင့် ခရစ်ယာန် အသင်းတော်သည် မလိုက်နာချေ။ သခင်ခရစ်တော်၏ တပည့်တော်များသည် စိတ်အားထက်သန်၍ ကြိုးစားအားထုတ်သော အမှုဆောင် ဖြစ်မလာကြလျှင် ဘုရားသခင်၏ အမှုတော်သည် တိုးတက်သင့်သလောက် မည်သည်အခါမျှ တိုးတက်ခြင်း မရှိနိုင်။ 103T 388, 389; CCB1 157.2