Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၄။—ဘုရားသခင်၏ သန့်ရှင်းသော ဥပုသ်နေ့က ောက်ခြင်း။

    ဥပုသ်နေ့ကို စောင့်ရှောက်ခြင်းဖြင့် များစွာသော ကောင်းကြီးမင်္ဂလာတို့ကို ခံစားရကြ၍၊ ဥပုသ်နေ့သည် ကျွန်ုပ်တို့အဖို့ ပျော်မွေ့ဖွယ်ရာနေ့ ဖြစ်စေခြင်းငှါ ဘုရားသခင်သည် အလိုရှိတော်မူ၏။ ဥပုသ်နေ့ကို တည်ထောင်ရာ၌ ဝမ်းမြောက်ခြင်း ရှိ၏။ ဘုရားသခင်သည် မိမိ လက်တော်နှင့် ပြုလုပ် ဖန်ဆင်းတော်မူသော အရာတို့ကို ကြည့်ရှုစစ်ဆေးရာ၌ စိတ်ကျေနပ်ခြင်း ရှိတော်မူ၏။ ဘုရားသခင်သည် မိမိ ဖန်ဆင်းထားသော အရာခပ်သိမ်းကို “အလွန် ကောင်းသည်” ဟု မိန့်တော်မူပြီ။ ကမ္ဘာဦး၊ ၁: ၃၁၊ ကောင်းကင် နှင့် မြေကြီးသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝလျက် ရှိ၏။ “နံနက်ကြယ်တို့သည် တစ်ညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်၏ သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြ၏။” ယောဘ၊ ၃၈: ၇။ အပြစ်ဒုစရိုက်သည် ဘုရားသခင်၏ စုံလင်သော လုပ်ငန်းကို ဖျက်စီးစေရန် လောကထဲသို့ ဝင်ရောက်လာသော်လည်း၊ အနန္တတန်ခိုးရှင်၊ အတိုင်းမသိ ကောင်းမြတ်ခြင်းနှင့် လည်းကောင်း၊ ကရုဏာတော်နှင့် လည်းကောင်း ပြည့်စုံတော်မူသော အရှင် တစ်ပါးသည် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူကြောင်း သက်သေ အဖြစ် နှင့် ဥပုသ်နေ့ကို ကျွန်ုပ်တို့အား ပေးတော်မူပါသေးသည်။ ဥပုသ်နေ့ကို စောင့်ခြင်းဖြင့် ဘုရားသခင် ကိုယ်တော်တိုင် အကြောင်း သိကျွမ်းခြင်း ပညာကို လူတို့တွင် အမြဲ တည်ရှိနေစေခြင်းငှါ ကျွန်ုပ်တို့၏ ကောင်းကင် ခမည်းတော်သည် အလိုရှိတော်မူ၏။ ဥပုသ်နေ့သည် ဘုရားသခင်အား ကျွန်ုပ်တို့၏ စိတ်ထဲ၌ မှန်ကန်၍ အသက်ရှင်နေသော ဘုရားသခင် အဖြစ် စွဲလမ်းမှတ်ယူထားစေရန် ညွှန်ကြား၍ ကိုယ်တော်ကို သိကျွမ်းခြင်းဖြင့် ကျွန်ုပ်တို့၌ ထာဝရအသက် နှင့် ငြိမ်သက်ခြင်းကို ရရှိစေမည် အကြောင်း ဘုရားသခင်သည် အလိုရှိတော်မူ၏။CCB1 89.1

    ထာဝရဘုရားသည် မိမိ၏ လူမျိုး ဖြစ်သော ဣသရေလ လူတို့ကို အဲဂုတ္တုပြည်မှ ထုတ်ဆောင်လာ၍ သူတို့အား မိမိ၏ ပညတ်တော်ကို အပ် ပေးတော်မူသောအခါ၊ သူတို့သည် ဥပုသ်နေ့ကို စောင့်ခြင်းဖြင့် ရုပ်ဆင်းတု ကိုးကွယ်သော သူတို့နှင့် ခြားနားရကြမည်ဟု သူတို့အား သွန်သင်တော်မူ၏။ ဤအမှုအားဖြင့် ဘုရားသခင်၏ မြင့်မြတ် ဘုန်းတန်ခိုးကြီးခြင်း အဖြစ်ကို ဝန်ခံသော သူတို့ နှင့် ဘုရားသခင်အား မိမိတို့၏ ဖန်ဆင်းတော်မူသော အရှင် နှင့် ဘုရင်မင်းမြတ် အဖြစ် လက်မခံကြသော သူတို့ကို ခွဲခြားထားလေ၏။ “ထိုသို့ စောင့်လျှင်၊ ငါနှင့် ဣသရေလ အမျိုးသား စပ်ကြား၌ ထာဝရ လက္ခဏာ သက်သေ ဖြစ်လိမ့်မည်” “သို့ဖြစ်၍ ဣသရေလ အမျိုးသား အစဉ်အဆက်တို့သည် ထာဝရ ပဋိညာဉ် ဖြစ်စေခြင်းငှါ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။” ဟု ထာဝရဘုရားက မိန့်တော်မူ၏။ ထွက်မြောက်ရာကျမ်း၊ ၃၁: ၁၇၊ ၁၆။CCB1 89.2

    ဣသရေလ လူတို့သည် လောကီ ခါနာန်ပြည်သို့ ဝင်ခြင်းငှါ အဲဂုတ္တုပြည်မှ ထွက်လာကြသော အခါ၊ ဥပုသ်နေ့သည် ဣသရေလ လူတို့ကို ခြားနားစေခြင်းငှါ လက္ခဏာ သက်သေ ဖြစ်သည် နည်းတူ၊ ယခု ဘုရားသခင်၏ လူမျိုးတို့သည် ကောင်းကင် ငြိမ်သက်ခြင်း ချမ်းသာကို ဝင်စားရန် လောကထဲမှ ထွက်လာနေကြစဉ်အခါ၊ ၎င်းသည် ဘုရားသခင်၏ လူတို့အား ခြားနားစေလိမ့်မည်။ ဥပုသ်နေ့သည် ဘုရားသခင် နှင့် မိမိ၏ လူမျိုးတို့ စပ်ကြားတွင် ဆက်သွယ်မှု ရှိကြောင်း ဖော်ပြသော လက္ခဏာ သက်သေ၊ သူတို့သည် ဘုရားသခင်၏ ပညတ်တော်ကို ရိုသေ လေးစားကြောင်း ပြသော လက္ခဏာ သက်သေ ဖြစ်၏။ ၎င်းသည် ဘုရားသခင်ဘက်၌ သစ္စာရှိသော နိုင်ငံသားများ နှင့် ပညတ်တော်ကို လွန်ကျူးသော သူတို့ကို ခွဲခြားထား၏။CCB1 90.1

    မိုးတိမ်တိုင်ထဲမှ နေ၍ သခင်ခရစ်တော်က ဥပုသ်နေ့ အကြောင်းနှင့် စပ်ဆိုင်၍၊ “ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့ သိစေခြင်းငှါ၊ ငါနှင့် သင်တို့၏ သားစဉ် မြေးဆက် စပ်ကြား၌ လက္ခဏာ သက်သေ ဖြစ်ဖို့ရာ၊ ငါ၏ ဥပုသ်နေ့ကို စင်စစ် စောင့်ရကြမည်” ဟု မိန့်တော်မူ၏။ ထွက်မြောက်ရာကျမ်း၊ ၃၁: ၁၃။ ဘုရားသခင်သည် ဖန်ဆင်းတော်မူသော အရှင် ဖြစ်ကြောင်း လက္ခဏာ သက်သေ အဖြစ် လောကအား ပေးတော်မူသော ဥပုသ်နေ့သည် ဘုရားသခင်အား သန့်ရှင်စေတော်မူသော အရှင် အဖြစ် ဖော်ပြသော လက္ခဏာ သက်သေလည်း ဖြစ်၏။ ခပ်သိမ်း သော အရာတို့ကို ဖန်ဆင်းတော်မူသော တန်ခိုးသည် ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့် အညီ ဖြစ်စေရန် ဝိညာဉ်ကို ပြန်၍ ဖန်ဆင်းပေးသော တန်ခိုးလည်း ဖြစ်၏။ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ စောင့်ရှောက်သော သူတို့အတွက် ဥပုသ်နေ့သည် သန့်ရှင်းခြင်း လက္ခဏာ သက်သေ ဖြစ်၏။ မှန်သော သန့်ရှင်းခြင်းသည် ဘုရားသခင်၏ အလိုတော်နှင့် ညီညွတ်၏။ အကျင့်စာရိတ္တတွင် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်၏။ ဂုဏ်တော် သဘောတော်တို့ကို ပြန်၍ အက္ခရာတင်ထားသော ထိုအခြေခံ တရားတို့ကို နားထောင် လိုက်နာခြင်းအားဖြင့် ထိုသန့်ရှင်းခြင်း အဖြစ်ကို ရရှိ၏။ စတုတ္ထ ပညတ်ကို စိတ်နှလုံး အကြွင်းမဲ့ နားထောင်သော သူသည် ပညတ်တရားတော် တစ်ခုလုံးကို လိုက်နာ ပြုကျင့်လိမ့်မည်။ သူသည် နားထောင်ခြင်းအားဖြင့် သန့်ရှင်းခြင်း အဖြစ်သို့ ရောက်၏။CCB1 90.2

    ဣသရေလ လူတို့ကဲ့သို့ ကျွန်ုပ်တို့အား ဥပုသ်နေ့ကို ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှါ ပေးတော်မူ၏။ ဘုရားသခင်၏ သန့်ရှင်းသော နေ့ကို ရိုသေလေးစားသော သူတို့အဖို့ ဥပုသ်နေ့သည် ဘုရားသခင်က သူတို့အား မိမိ ရွေးကောက်တော်မူသော လူမျိုး အဖြစ် အသိအမှတ် ပြုတော်မူကြောင်း ဖော်ပြသော လက္ခဏာ သက်သေ ဖြစ်၏။ ၎င်းကား ဘုရားသခင်သည် မိမိ၏ ပဋိညာဉ်ကို ပြည့်စုံစေတော်မူမည်ဟူသော ဂတိဝန်ခံချက် ဖြစ်သည်။ ဘုရားသခင် အုပ်စိုးတော်မူခြင်း အာဏာစက်ကို လက်ခံသော ဝိညာဉ်တိုင်းသည် ဘုရားသခင်၏ ထာဝရပဋိညာဉ် လက်အောက်သို့ မိမိ ကိုယ်ကို ရောက်ရှိသွားစေ၏။ သူသည် မိမိ ကိုယ်ကို နားထောင်ခြင်းတည်းဟူသော ရွှေကြိုးနှင့် ဆက်စပ်ထား၏။ ထိုကြိုး၏ ကွင်းဆက်တိုင်းသည် ဂတိတော် တစ်ခုစီ ဖြစ်ကြ၏။ 16T 349, 350;CCB1 91.1