Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၉။—သခင်ခရစ်တော်နှင့် ပေါင်းစည်းခြင်း နှင့် ညီအစ်ကိုအချင်းချင်း ချစ်ခြင်း။

    ဘုရားသခင်၏ သားသမီးတို့သည် တစ်လုံးတစ်ဝတည်း ပေါင်းစည်းရကြမည် အကြောင်း ဘုရားသခင်သည် အကြံရှိတော်မူ၏။ တစ်ခုတည်းသော ကောင်းကင်၌ သူတို့သည် အတူတကွ နေကြရန် မျှော်လင့်ကြသည် မဟုတ်လော။ သခင်ခရစ်တော် ကိုယ်တော်တိုင်သည် ကွဲပြားခြင်း ရှိတော်မူသလော။ ဘုရားသခင်၏ လူတို့သည် မကောင်း ပြောဆိုခြင်း၊ စိတ်ဝမ်းကွဲခြင်း တည်းဟူသော အညစ်အကြေးတို့ကို မပယ်ရှားမီ၊ လုပ်ဆောင်သော သူတို့သည် တစ်ခုတည်းသော အကြံအစည်နှင့် ဘုရားသခင် ရှေ့တော်၌ အလွန် သန့်ရှင်းသော အမှုတော်ကို စိတ်နှလုံးပါလျက် ဉာဏ်ရှိသမျှ ခွန်အား ရှိသမျှနှင့် မလုပ်ဆောင်မီ၊ ကိုယ်တော်သည် သူတို့အား အောင်မြင်ခြင်းကို ပေးတော်မူမည်လော။ ပူးပေါင်းခြင်းသည် ခွန်အားကို ဖြစ်စေ၏။ ကွဲပြားခြင်းသည် အားနည်းခြင်းကို ဖြစ်စေ၏။ အချင်းချင်း ပူးပေါင်းလျက် လူတို့အား ကယ်တင်ခြင်းအတွက် ညီညွတ်စွာ အတူတကွ လုပ်ဆောင်ကြသောအခါ၊ ကျွန်ုပ်တို့သည် အမှန်ပင် ဘုရားသခင်နှင့် လုပ်ဖော်ဆောင်ဖက်များ ဖြစ်လာကြမည်။ ညီညွတ်စွာ အမှုမဆောင်ရွက်လိုသော သူသည် ဘုရားသခင်ကို ကြီးကျယ်စွာ ရှုတ်ချ၏။ ဝိညာဉ်၏ ရန်သူသည် သူတို့ အချင်းချင်း မညီညွတ်သော သဘောနှင့် လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို မြင်လိုသည်။ ထိုသို့သော သူတို့သည် ညီအစ်ကို အချင်းချင်း ချစ်ခြင်း၊ စိတ်နှလုံး နူးညံ့သိမ်မွေ့ခြင်း သဘောကို မွေးမြူအပ်သည်။ သူတို့သည် နောင်ကာလကို ကာကွယ်ထားသော ကန့်လန့်ကာကို ပယ်ရှား၍ သူတို့၏ ကွဲပြားခြင်း၏ အကျိုးအပြစ်ကို မြင်နိုင်ကြလျှင် သူတို့သည် အမှန်ပင် နောင်တရကြလိမ့်မည်။18T 240;CCB1 175.1