Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၁၂။—မြေကြီးပေါ်ရှိ အသင်းတော်။

    ဘုရားသခင်၌ မြေကြီးပေါ်တွင် အသင်းတော် တစ်ခု ရှိ၍ ၎င်းသည် ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်၍ ဘုရားသခင် ရွေးကောက်တော်မူခြင်း ခံရသော လူများ ဖြစ်ကြသည်။ ဘုရားသခင်သည် ထိုနေရာ တစ်ယောက်၊ ဤနေရာ တစ်ယောက်၊ ကွဲပြားနေသော သူများ မဟုတ်ဘဲ လူတစ်မျိုးကို လမ်းပြလျက် ရှိတော်မူ၏။ သမ္မာတရားသည် သန့်ရှင်းစေသော တန်ခိုး ဖြစ်၏။ သို့သော် အသင်းတော်၏ တိုက်လှန်ခြင်းသည် အသင်းတော်၏ အောင်မြင်ခြင်း မဟုတ်။ စပါးပင်တို့အထဲတွင် တောပင်များ ရှိ၏။ “အကျွန်ုပ်တို့သည် တောပင်တို့ကို ရွေးနှုတ်စေခြင်းငှါ အလိုရှိတော်မူသလော” ဟု ကျွန်ုပ်ကိုက မေးမြန်းကြလျှင်၊ သခင်က၊ “ထိုသို့ ငါအလိုမရှိ၊ တောပင်တို့ကို ရွေးနှုတ်လျှင်၊ စပါးပင်တို့ကို ရောနှော၍ နှုတ်မိမည် စိုးရိမ်စရာ အကြောင်း ရှိ၏” ဟု ပြန်ပြော၏။ မဿဲ၊ ၁၃: ၂၈၊ ၂၉။ ဧဝံဂေလိတရား တည်းဟူသော ပိုက်ကွန်သည် ကောင်းသော ငါးများ သာမက၊ မကောင်းသော ငါးများကိုလည်း ဖမ်းမိ၏။ သို့ရာတွင် မည်သူတို့သည် မိမိ ပိုင်ဆိုင်သော အရာ ဖြစ်သည်ကို သခင်ဘုရား သိရှိတော်မူ၏။CCB1 208.1

    ဘုရားသခင် နှင့်အတူ နှိမ့်ချစွာ လျှောက်သွားခြင်းသည် ကျွန်ုပ်တို့ အသီးအသီး၏ တာဝန် ဖြစ်သည်။ ကျွန်ုပ်တို့သည် ထူးခြားသော၊ အသစ်သော သတင်းစကား တစ်စုံတစ်ခုကိုမျှ မရှာရကြ။ အလင်း၌ လျှောက်လိုက်ဖို့ရန် ကြိုးစားနေကြလျက်၊ ဘုရားသခင် ရွေးကောက်ခြင်း ခံရသော သူတို့တွင် ဗာဗာလုန်မြို့သားများ ပါဝင်သည်ဟု ကျွန်ုပ်တို့သည် မထင်ရကြ။12TT 362;CCB1 208.2

    အသင်းတော်၌ မကောင်းသော အမှုအရာများ တည်ရှိနေ၍ ၎င်းတို့သည် ကပ်ကမ္ဘာကုန်သည် တိုင်အောင် တည်ရှိမည် ဖြစ်သော်လည်း၊ အသင်းတော်သည် ဤနောက်ဆုံး ကာလ၌၊ အပြစ်ကြောင့် ညစ်ညူး ဆိုးယုတ်နေသော လောက၏ အလင်း ဖြစ်ရမည်။ အားနည်း၊ ချွတ်ယွင်း၍ ဆုံးမခြင်း၊ သတိပေးခြင်း၊ အကြံဉာဏ်ပေးခြင်းကို အလိုရှိနေသော အသင်းတော်သာလျှင် မြေကြီးပေါ်၌ သခင်ခရစ်တော်သည် အထူး ဂရုစိုက်တော်မူသော အရာ ဖြစ်၏။ လော ကကား၊ လူ နှင့် ဘုရားသခင်၏ ကိုယ်စားတော်များ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်၊ သခင်ယေရှုသည် လူတို့၏ စိတ်နှလုံးများပေါ်၌ မိမိ၏ ကျေးဇူးတော်၊ ကရုဏာတော်အားဖြင့် စမ်းသပ်မှုကို ပြုလုပ်နေတော်မူသော အလုပ်ရုံ ဖြစ်သည်။22TT 355;CCB1 208.3

    ဘုရားသခင်၌ ထူးခြားသော လူတစ်မျိုး တည်းဟူသော အသင်းတော် တစ်ပါးသည် မြေကြီးပေါ်၌ ရှိ၏။ ၎င်းထက် သာသော အရာ မရှိ၊ သမ္မာတရားကို သွန်သင်၍ ဘုရားသခင်၏ ပညတ်တော်သည် ဟုတ်မှန်ကြောင်း သက်သေခံဖို့ရန် အခြားသော အရာအပေါင်းထက် သာလွန်သော အခွင့်အရေးကို ၎င်းသည် ရရှိလေပြီ။ ဘုရားသခင် ကိုယ်တော်တိုင် ခန့်ထားသော ကိုယ်စားတော်များ တည်းဟူသော လူများ ရှိကြသည်။ ဤလူများကို ဘုရားသခင်သည် လမ်းပြနေတော်မူ၏။ သူတို့သည် နေ့၏ အပူရှိန် နှင့် တာဝန်တို့ကို ခံယူနိုင်ကြ၍ ကောင်းကင် ကိုယ်စားတော်များနှင့် ပူးပေါင်းလျက် ကျွန်ုပ်တို့၏ လောကတွင် သခင်ခရစ်တော်၏ နိုင်ငံတော်ကို တိုးတက်ရေးအတွက် ဆောင်ရွက်နေကြသည်။ လူအပေါင်းသည် ဤရွေးချယ်ထားသော ကိုယ်စားတော်များနှင့် ပူးပေါင်းကြ၍ အဆုံး၌ ဘုရားသခင်၏ ပညတ်တော်တို့ကို လည်းကောင်း၊ သခင်ယေရှု၏ ယုံကြည်ခြင်းကို လည်းကောင်း စောင့်ရှောက်သော သန့်ရှင်းသူတို့၏ သည်းခံခြင်းမျိုး ရှိသော သူတို့ထဲတွင် တွေ့ရှိနိုင်ကြပါစေ။3 2TT 361, 362;CCB1 209.1