Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အထက်ရှိ အသင်းတော်နှင့် ပေါင်းခြင်း။

    အောက်အရပ်ရှိ ဘုရားသခင်၏ အသင်းတော်သည် အထက်အရပ်ရှိ ဘုရားသခင်၏ အသင်းတော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်၏။ မြေကြီးပေါ်၌ ယုံကြည်သော သူများ နှင့် ကောင်းကင်၌ မည်သည့်အခါမျှ ဆုံးရှုံးခြင်း မရှိခဲ့သော သတ္တဝါတို့သည် တစ်ခုတည်းသော အသင်းတော်တွင် ပါဝင်ကြ၏။ မြေကြီးပေါ်၌ ဘုရားသခင်ကို ဝတ်ပြုရန် တွေ့ဆုံကြသော သန့်ရှင်းသူတို့၏ အစည်းအဝေးများတွင် ကောင်းကင်သတ္တဝါတိုင်းသည် စိတ်ပါဝင်စားခြင်း ရှိကြသည်။ သူတို့သည် ကောင်းကင် အတွင်းခန်းမှ နေ၍ မြေကြီးပေါ် အပြင်ခန်း၌ သခင်ခရစ်တော်အတွက် သက်သေခံသော သူတို့၏ သက်သေခံ စကားတို့ကို နားထောင်နေကြ၏။ ၎င်းပြင် အောက်အရပ်မှ ဝတ်ပြုနေသူတို့၏ သီချင်းသံ ချီးမွမ်းသံများကို ကောင်းကင် ချီးမွမ်းသံထဲသို့ ယူဆောင်သွားကြ၏။ ၎င်းပြင် သခင်ခရစ် တော်သည် အာဒံ၏ ကျဆုံးသော သားများအတွက် အချည်းနှီး အသေခံတော် မမူသောကြောင့်၊ သီချင်းဆိုသံ နှင့် ဝမ်းမြောက်သံတို့သည် ကောင်းကင်တစ်ဝှမ်းလုံးတွင် မြည်ဟိန်းသွားလေ၏။ ကောင်းကင်တမန်တို့သည် ဗဟို စမ်းရေတွင်းမှ ရေကို သောက်ကြစဉ်၊ မြေကြီးပေါ်ရှိ သန့်ရှင်းသူတို့သည် ပလ္လင်တော်မှ စီးလာသော မြစ်မှ သန့်ရှင်းသော ရေကို သောက်ရကြ၏။ ထိုမြစ်သည် ကျွန်ုပ်တို့ ဘုရားသခင်၏ မြို့တော်ကို ဝမ်းမြောက်စေ၏။CCB1 209.2

    ကောင်းကင်သည် မြေကြီးနှင့် နီးက်လာသည်ကို ကျွန်ုပ်တို့ သိရှိနိုင်ကြပါပြီတကား။ မြေကြီးပေါ်၌ မွေးဖွားသော သားသမီးတို့သည် ထိုအကြောင်းကို မသိကြသောအခါ၊ သူတို့၌ အဖော်များ အဖြစ် အလင်း၏ ကောင်းကင်တမန်များ ရှိကြ၏။ တိတ်ဆိတ်သော သက်သေခံသည် အသက်ရှင်သော ဝိညာဉ်တော်ကို တားဆီးကန့်ကွက်သည် တိုင်အောင်၊ မျှော်လင့်ခြင်း ရှိသမျှ ကာလပတ်လုံး၊ သူတို့အား ကောင်းကင်သတ္တဝါတို့က စောင့်ရှောက်လျက် ရှိကြသည်။ အောက်အရပ်ရှိ သန့်ရှင်းသူတို့၏ စည်းဝေးတိုင်းတွင် ဘုရားသခင်၏ ကောင်းကင်တမန်များ ရှိကြလျက် သက်သေခံချက်များ၊ သီချင်းများ နှင့် ဆုတောင်းသံများကို နားထောင်နေကြသည်ကို ကျွန်ုပ်တို့သည် အမြဲ မှတ်ထားကြစို့။ ကျွန်ုပ်တို့၏ ချီးမွမ်းသံများသည် အထက်အရပ်ရှိ ကောင်းကင်တမန်တို့၏ သံပြိုင် သီချင်းဆိုသံများနှင့် ပူးပေါင်းသွားကြသည်ကို သတိပြုကြစို့။CCB1 210.1

    ထိုနောက် သင်တို့သည် ဥပုသ်နေ့၊ တစ်နေ့ပြီး တစ်နေ့ စုရုံးတွေ့ဆုံကြသောအခါ၊ မှောင်မိုက်ထဲမှ အံ့သြဖွယ်ကောင်းသော အလင်းထဲသို့ သင်တို့ကို ခေါ်တော်မူသော ကိုယ်တော်အား ချီးမွမ်းလျက် သီချင်းဆိုကြလော့။ “ငါတို့ကို ချစ်၍ မိမိ အသွေးနှင့် ငါတို့ အပြစ်များကို ဆေးကြောတော်မူသော” ကိုယ်တော်အား စိတ်နှလုံးထဲမှ ကြည်ညိုရိုသေ လေးစားခြင်း ရှိကြလော့။ ဟောပြောသော သူတို့၏ စကားများတွင် သခင်ခရစ်တော်၏ မေတ္တာတော်သည် အကြောင်းရင်း ဖြစ်ပါစေ။ ချီးမွမ်းသီချင်းတိုင်းတွင် ၎င်းအကြောင်းကို လွယ်ကူသော စကားဖြင့် ဖော်ပြလော့။ သင်၏ ဆုတောင်းချက်များသည် ဘုရားသခင်၏ ဝိ ညာဉ်တော် နှိုးဆော်ခြင်းအတိုင်း ဖြစ်ပါစေ။ အသက်နှင့် ဆိုင်သော စကားကို ပြောနေစဉ်၊ သင်သည် ကောင်းကင်မှ သတင်းစကားကို ရရှိကြောင်း စိတ်နှလုံးပါလျက် သက်သေခံလော့။CCB1 210.2

    ကျွန်ုပ်တို့သည် စုံလင်သော မေတ္တာ၏ အကျင့်စာရိတ္တများကို ရရှိရန် ပြုပြင်ဖို့ ဘုရားသခင်၏ အိမ်တော်၌ စုဝေးရကြမည်ဟု ဘုရားသခင်က သွန်သင်တော်မူ၏။ ဤနည်းအားဖြင့် မြေကြီးပေါ်၌ နေသော သူတို့သည် ကိုယ်တော်ကို ချစ်သော သူအပေါင်းတို့အတွက် သခင်ယေရှု သွား၍ ပြင်ဆင်နေသော အခန်းများတွင် နေထိုင်ဖို့ သင့်တော်လာကြလိမ့်မည်။ ထိုနေရာ၌ သူတို့သည် ဥပုသ်နေ့၊ လဆန်းနေ့ အစဉ်အတိုင်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူ နှင့် သိုးသူငယ်အား ထာဝရကာလ ကျေးဇူးတော် ချီးမွမ်းရာတွင် အမြင့်မြတ်ဆုံးသော သီချင်းများကို အတူတကွ သီဆိုရန် စုရုံးကြလိမ့်မည်။46T 366-268;CCB1 211.1