Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အပြစ် ဖော်ပြဆုံးမခြင်းကို မည်ကဲ့သို့ ခံယူရမည် အကြောင်း။

    ဘုရားသခင်၏ ဝိညာဉ်တော်က ဆုံးမခြင်းကို ခံရသော သူတို့သည် နှိမ့်ချသော တန်ဆာပလာ တစ်ဘက်၌ ထကြွပုန်ကန်ခြင်းကို မပြုအပ်။ သူတို့အား ပျက်စီးခြင်းမှ ကယ်ဆယ်ရန် ပြောဆိုသော သူသည် ဘုရားသခင် ဖြစ်တော်မူ၏။ မှားယွင်း၍ သေတတ်သော လူ မဟုတ်။ ဆုံးမခြင်းကို ခံယူရန် မနှစ်သက်ခြင်းမှာ လူ၏ သဘောပင် ဖြစ်သည်။ သို့မဟုတ် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် အလင်းကို မရသေးလျှင်၊ ဆုံးမခြင်းကို လိုလိမ့်မည်။ သို့မဟုတ် ၎င်းသည် ကောင်းကြီးမင်္ဂလာကို ရရှိစေဖို့ စီမံထားသည်ကို လူ၏ စိတ်နှလုံးသည် သေချာစွာ မသိနိုင်။ လူသည် သွေးဆောင်ခြင်းသို့ လိုက်ပါသွား၍ အပြစ်၌ နစ်မွန်းနေသော အခါ၊ သူ၏ စိတ်သဘောသည် မှောင်မိုက်လာ၏။ အကျင့်နှင့် ဆိုင်သော အာရုံများသည် ပြောင်းလဲသွား၏။ သြတ္တပ္ပစိတ်က သတိပေးသော အချက်တို့ကို ဂရုမစိုက်သဖြင့်၊ ၎င်း၏ စကားသံကို ထင်ရှားစွာ မကြားရတော့ချေ။ သူသည် ဘုရားသခင်၏ ရှေ့တော်၌ တည်ရှိနေသော အခြေအနေ အမှန်ကို မသိနိုင်သည်တိုင်အောင်၊ အမှား နှင့် အမှန်ကို ဝေဖန် ပိုင်းခြားနိုင်သော သတ္တိသည် သူ၌ တစ်ဖြည်းဖြည်း ယုတ်လျော့သွားလေ၏။ သူသည် ဘာသာတရားကို ဟန်အားဖြင့် လိုက်နာ စောင့်ရှောက်၍ ၎င်း၏ သြဝါဒများကို စိတ်အားကြီးစွာ ထိန်းသိမ်းပြုစုလိမ့်မည်၊ သို့ရာတွင် ၎င်းသဘောနှင့် ကင်းမဲ့နေလိမ့်မည်။ သူ၏ အခြေအနေ ကို မှန်သော သက်သေက အောက်ပါအတိုင်း ဖော်ပြထား၏။ “သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကို ဆည်းပူးပြီ။ တစ်စုံတစ်ခုမျှ မလိုဟု ပြောဆို၍၊ ကိုယ်တိုင် ပင်ပန်းခြင်း၊ သနားဖွယ် ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်း ရှိခြင်း ဖြစ်သည်ကို မသိပါတကား။” ဘုရားသခင်၏ ဝိညာဉ်တော်က ဆုံးမသော သတင်းစကားဖြင့် သူ၏ အခြေအနေသည် ဤကဲ့သို့ ဖြစ်သည်ဟု ဖော်ပြသောအခါ၊ သတင်းစကားသည် မှန်ကန်သည်ကို သူသည် မသိမမြင်နိုင်ချေ။ ထိုကြောင့် သူသည် သတိပေးစကားကို ငြင်းပယ်ရမည်လော။ မငြင်းပယ်ရ။CCB1 299.1

    သက်သေခံချက်များ ၏ သဘောနှင့် စပ်ဆိုင်၍ မိမိတို့ ကိုယ်တိုင် စိတ်ကျေနပ်ဖွယ် ဖြစ်လိုသော သူတို့သည် ထိုသို့ ပြုလုပ်နိုင်မည် အကြောင်း ဘုရားသခင်သည် လုံလောက်သော သက်သေများကို ပေးတော်မူပြီ။ ၎င်းပြင် ၎င်းတို့သည် ဘုရားသခင် ထံတော်မှ ဖြစ်သည်ဟု ဝန်ခံပြီးလျှင်၊ မိမိတို့၏ အပြုအမူတို့၌ အပြစ်ရှိကြောင်းကို မိမိတို့ ကိုယ်တိုင် မမြင်သော်လည်း၊ ဆုံးမခြင်းကို လက်ခံဖို့ရန် မိမိတို့၌ တာဝန် ရှိပေသည်။ သူတို့သည် မိမိတို့၏ အခြေအနေကို ပြည့်စုံစွာ သိရှိကြလျှင်၊ သူတို့သည် ဆုံးမခြင်းကို လိုလိမ့်ဦးမည်လော။ သူတို့သည် မသိသောကြောင့်၊ အလွန် အောက်မကျမီ သူတို့သည် နောင်တရ၍ ပြုပြင်နိုင်ကြမည် အကြောင်း၊ ဘုရားသခင်သည် ကရုဏာတော်အားဖြင့် သူတို့ ရှေ့၌ အပြစ်ကို ဖော်ပြထားတော်မူ၏။ သတိပေးစကားကို ရှုတ်ချသော သူတို့သည် ကိုယ်တိုင် လှည့်ဖြားခြင်း ခံစေခြင်းငှါ ကန်းနေသော အဖြစ်၌ စွန့်ပစ်ထားခြင်း ခံရလိမ့်မည်။ သို့ရာတွင် ၎င်းကို ဂရုစိုက်၍၊ လိုအပ်သော ကျေးဇူးတော်တို့ကို ရရှိမည် အကြောင်း၊ မိမိတို့ထံမှ အပြစ်ကို ပယ်ရှားခြင်း အမှုကို စိတ်အားကြီးစွာ လုပ်ဆောင်ကြသော သူတို့သည် ချစ်ခင်သော ကယ်တင်ရှင်အား မိမိတို့ နှင့်အတူ လာ၍ နေထိုင်စေခြင်းငှါ၊ မိမိတို့၏ စိတ်နှလုံးတံခါးကို ဖွင့်ပေးကြလိမ့်မည်။ ဘုရားသခင်နှင့် အလွန် ရင်းနှီးစွာ ဆက်ဆံကြသော သူတို့သည် ဘုရားသခင်က မိန့်မြွက်တော်မူသောအခါ၊ ဘုရားသခင်၏ စကားသံတော်ကို သိရှိသော သူများ ဖြစ်ကြလိမ့်မည်။ ဝိညာဉ်ပကတိနှင့် ဆိုင်သော သူတို့သည် ဝိညာဉ်နှင့် ဆိုင်သော အရာတို့ကို ဝေဖန်ပိုင်းခြား၍ သိကြလိမ့်မည်။ ထိုသို့သော သူတို့သည် ထာဝရဘုရားက မိမိတို့၏ အမှားကို ဖော်ပြသည်ကို ကျေးဇူးတင်ကြလိမ့်မည်။CCB1 300.1

    ဘုရားသခင်သည် မိမိနှင့် ပြုတော်မူသော အမှုများမှ ဒါဝိဒ်သည် ပညာကို သင်ကြားရရှိ၍ အမြင့်ဆုံးသော ဘုရားက ဆုံးမတော်မူသောအခါ၊ နှိမ့်ချခြင်းနှင့် ဦးညွှတ်လေ၏။ ပရောဖက် နာသန်က သူ၏ အခြေအနေ အမှန်ကို သစ္စာနှင့် ပုံပမာပြသောအခါ၊ ဒါဝိဒ်သည် မိမိ ကိုယ်တိုင်၏ အပြစ်များကို ကောင်းစွာ သိမြင်လာလျက် ၎င်းတို့ကို ပယ်ရှားရန် အကူအညီ ရရှိလာ၏။ သူသည် အကြံပေးချက်ကို သိမ့်မွေ့သော သဘောနှင့် လက်ခံလျက် ဘုရားသခင်၏ ရှေ့တော်၌ မိမိ ကိုယ်ကို နှိမ့်ချလေ၏။ “ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။” ဟု သူက ပြောဆို၏။ (ဆာ၊ ၁၉: ၇။)CCB1 301.1

    “သားအပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်သည် မခံဘဲ နေလျှင်၊ သားရင်း မဟုတ်။”ဟေ၊ ၁၂: ၈။ ကျွန်ုပ်တို့၏ သခင်ဘုရားက “ငါချစ်သမျှသော သူတို့၏ အပြစ်ကို ငါစစ်ဆေး၍ သူတို့ကို ဆုံးမတတ်၏” ဟု မိန့်တော်မူ၏။ (ဗျာဒိတ်၊ ၃: ၁၉။) “ဆုံးမခြင်းသည်ကား၊ ခံရစဉ်အခါ၊ ဝမ်းမြောက်စရာ မထင်၊ ဝမ်းနည်းစရာ ထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကို ခံရသော သူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်း အကျိုးကို ခံရကြ၏။” ဟေ၊ ၁၂: ၁၁။ ဆုံးမခြင်းသည် ပြင်းထန်သည်ဟု ထင်ရသော်လည်း၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို ခံယူရရှိမည် အကြောင်း၊ ဘုရားသခင်သည် ၎င်းကို စီမံထားတော်မူ၏။115T 682, 683.CCB1 301.2