Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၂၀။—အသစ်တော်အတွက် သက်သေခံချက်များ။

    အဆုံးကာလသည် နီးကပ်လာ၍၊ လောကအား နောက်ဆုံး သတိပေးစကားကို ကြားပြောရသော လုပ်ငန်းသည် ကျယ်ဝန်းလာသောအခါ၊ ခေတ်ကာလ သမ္မာတရားကို လက်ခံသော သူတို့သည် သက်သေခံချက်များ ၏ သဘောနှင့် သြဇာလွှမ်းမိုးခြင်း အကြောင်းကို ထင်ရှားစွာ သိနားလည်ဖို့ သာ၍ အရေးကြီးလာပေသည်။ ဤ သက်သေခံချက်များ ကို၊ ဘုရားသခင်သည် မိမိ စီမံထားသော အမှုတွင်၊ တတိယ ကောင်းကင်တမန်၏ သတင်းစကားကို ကြွေးကြောခြင်း လုပ်ငန်း နှင့် အစအဦး လုပ်ငန်း ပေါ်လာစကပင် ဆက်သွယ်ထားတော်မူပြီ။CCB1 287.1

    ရှေးကာလ၌ ဘုရားသခင်သည် ပရောဖက် နှင့် တမန်တော်တို့၏ နှုတ်အားဖြင့်လူတို့အား မိန့်တော်မူခဲ့၏။ ဤခေတ်ကာလ၌ကား၊ မိမိ ဝိညာဉ်တော်၏ သက်သေခံချက်များ အားဖြင့် လူတို့အား မိန့်တော်မူ၏။ ဘုရားသခင်သည် မိမိ၏ အလိုတော်နှင့် လည်းကောင်း၊ လူတို့အား လိုက်စေဖို့ အလိုရှိတော်မူသော လမ်းအကြောင်းနှင့် လည်းကောင်း စပ်ဆိုင်၍ မိမိ၏ လူတို့အား ယခု သွန်သင် မိန့်မြွက်တော်မူသည်ထက် သာ၍ စိတ်အားထက်သန်စွာ သွန်သင် မိန့်မြွက်တော်မူခဲ့သော အချိန်အခါ ဟူ၍ မရှိခဲ့ဖူးချေ။CCB1 287.2

    သတ္တမနေ့ ဥပုသ် အသင်းသားတို့၏ အသက်တာသည် အမည်နာမအားဖြင့်သာ ခရစ်ယာန်ဟု ခေါ်နေကြသော အသင်းသားတို့၏ အသက်တာထက် သာ၍ အပြစ်တင်သင့်သောကြောင့်၊ သူတို့အား သတိပေးစကား နှင့် ဆုံးမစကားများကို ဖော်ပြနေရသည် မဟုတ်ပါ။ သူတို့၌ ကြီးကျယ်သော အလင်းတရား ရှိ၍ ဘုရားသခင်၏ အထူး ရွေးကောက်ခြင်း ခံရသော လူမျိုးများ ဖြစ်ကြသည်ဟု ခေါ်ဝေါ်သမုတ်ခြင်း ခံရကြပြီးလျှင် သူတို့၏ နှလုံးထဲ၌ ဘုရားသခင်၏ ပညတ်တရားတော်ကို ရေးသားထားသောကြောင့် ဖြစ်ပေသည်။CCB1 287.3

    လူ အသီးအသီး အမျိုးမျိုးအတွက် ကျွန်ုပ်အား ပေးတော်မူသော သတင်းစကားများကို သူတို့က အရေးကြီးစွာ တောင်းပန်သဖြင့်၊ အများအားဖြင့် သူတို့အတွက် မကြာခဏ ရေးသားထားပေသည်။ ကျွန်ုပ်၏ လုပ်ငန်းသည် ကျယ်ဝန်းလာသဖြင့်၊ ဤအရာသည် ကျွန်ုပ် အလုပ်တွင် ရေးကြီး၍ ပင်ပန်းသော အလုပ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာ၏။CCB1 287.4

    လွန်ခဲ့သော အနှစ်နှစ်ဆယ် အထက် (၁၈၇၁ ခုနှစ်) က ကျွန်ုပ်အား ဖော်ပြထားသော ကျွန်ုပ်အား ဖော်ပြထားသောရှုခင်း တစ်ခုတွင်၊ စကားပြောဟော၍ ရေးသား ဖော်ပြရာတွင် အများနှင့် ဆိုင်သော စည်းကမ်း ဥပဒေကို ဖော်ပြပြီးလျှင်၊ တစ်ချိန်တည်း၌ပင် လူ အပေါင်းတို့သည် သတိပေးခြင်း၊ ဆုံးမခြင်း၊ အကြံဉာဏ် ပေးခြင်းကို ခံယူရရှိမည် အကြောင်း၊ လူအသီးအသီး၏ ဘေးဥပဒ်များ၊ အမှားများ နှင့် အပြစ်များကို သီးခြား ဖော်ပြစေရန် ကျွနု်ပ်အား ညွှန်ပြထား၏။ အခြားသော သူတို့အား ပြုပြင်ပေးရသော အမှားမျိုးကို သူတို့သည် မပြုလုပ်ခဲ့သည်ကို လည်းကောင်း၊ အခြားသူတို့အား ပေးသော သတိပေးစကားများသည် မိမိတို့နှင့် မသက်ဆိုင်သည်ကို လည်းကောင်း သိရှိရန် လူ အပေါင်းတို့သည် မိမိတို့၏ စိတ်နှလုံးကို စေ့စပ်စွာ ရှာဖွေ စစ်ဆေးကြည့်သင့်ကြသည်ကို ကျွန်ုပ် တွေ့မြင်ရ၏။ ထိုသို့ ဖြစ်ခဲ့သော်၊ အကြံပေးချက် နှင့် ဆုံးမစကားများသည် မိမိတို့အတွက် အထူး ဖော်ပြထားသည်ဟု သူတို့ ထင်မှတ်ရကြမည်။ ၎င်းပြင် ၎င်းတို့ကို မိမိတို့အတွက် အထူးသဖြင့် ဖော်ပြထားသကဲ့သို့ ၎င်းတို့ကို မိမိတို့ ကိုယ်တိုင်၌ လက်တွေ့ အသုံးချရကြမည်။CCB1 288.1

    သခင်ခရစ်တော်၏ တပည့်တော်များဟု ခေါ်နေကြသော သူ အပေါင်းတို့၏ ယုံကြည်ခြင်းကို စုံစမ်းစစ်ဆေးရမည်ဟု ဘုရားသခင်က စီမံ ကြံစည်ထားတော်မူ၏။ မိမိတို့၏ တာဝန်ကို စိတ်အားကြီးစွာ သိလိုသည်ဟု ဆိုနေကြသော သူအပေါင်းတို့၏ ဆုတောင်းခြင်း အမှုသည် အမှန်ပင် စိတ်ထက်သန်မှု ရှိကြောင်း သိရှိရန် ဘုရားသခင်သည် စုံစမ်း စစ်ဆေးတော်မူမည်။ ဘုရားသခင်သည် တာဝန်ကို ထင်ရှားစေတော်မူမည်။ ဘုရားသခင်သည် သူတို့၏ စိတ်နှလုံးထဲ၌ ရှိသော အရာတို့ကို တိုးတက် ကြီးပွားစေရန် အခွင့်အရေး များစွာကို ပေးတော်မူလိမ့်မည်။CCB1 288.2

    ဘုရားသခင်၏ ပညတ်တရားကို စောင့်ရှောက်ကြသည်ဟု ဝန်ခံကြသော လူမျိုးကို ထာဝရဘုရားသည် ဆုံးမ ပြုပြင်တော်မူ၏။ သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် စုံလင် သန့်ရှင်းကြမည် အကြောင်း သူတို့ထံမှ အ ပြစ် နှင့် ဆိုးညစ်ခြင်း ရှိသမျှကို ပယ်ရှားထားဖို့ အလိုရှိတော်မူသောကြောင့်၊ သူတို့၏ အပြစ်ဒုစရိုက်များကို ဘုရားသခင်သည် ညွှန်ပြလျက် သူတို့၏ လွန်ကျူးခြင်း အမှုများကို သူတို့ ရှေ့၌ ဖွင့်ပြထားတော်မူ၏။15T 654-662;CCB1 288.3