Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းခြင်း မပြုခင် တစ်လုံးတစ်ဝတည်း ရှိရမည်။

    တပည့်တော်တို့သည် အမြတ်ဆုံးသော နေရာကို ရရှိရန် ကြိုးစားခြင်း မပြုကြသောအခါ၊ လုံးလုံး တစ်စုတစ်ရုံးတည်း ဖြစ်လာကြပြီး၊ နောက်မှ သန့်ရှင်းသော ဝိညာဉ်တော်ကို သွန်းလောင်းတော်မူကြောင်းကို သတိပြုပါ။ သူတို့သည် စိတ်သဘော တညီတညွတ်တည်း ရှိကြ၏။ စိတ်သဘော ကွဲလွဲမှု ရှိသမျှကို ပယ်ရှားလိုက်ကြပြီ။ ၎င်းပြင် ဝိညာဉ်တော်ကို ချပေးတော်မူပြီးနောက်၊ သူတို့ သက်သေခံကြသော အရာများတို့သည်လည်း အတူတူပင် ဖြစ်ကြ၏။ “ယုံကြည်သော သူအပေါင်းတို့သည် စိတ်နှလုံး တညီတညီတည်း ရှိကြ၏။” က၊ ၄: ၃၂။ အပြစ်သားတို့သည် အသက်ရှင်မည် အကြောင်း အသေခံတော်မူသော ကိုယ်တော်၏ ဝိညာဉ်သည် ယုံကြည်သော သူ ပရိသတ် တစ်ခုလုံးကို အသက်နှင့် ပြည့်စုံစေတော်မူ၏။CCB1 320.1

    တပည့်တော်တို့သည် မိမိတို့ ကိုယ်တိုင်အတွက် ကောင်းကြီးမင်္ဂလာကို တောင်းလျှောက်ကြသည် မဟုတ်။ သူတို့သည် ဝိညာဉ်တို့၏ ဝန်ထုပ်နှင့် လေးလံလျက် ရှိကြသည်။ ဧဝံဂေလိတရားကို လောက၏ အစွန်ဆုံး နေရာတိုင်အောင် ယူဆောင်သွားရကြမည် ဖြစ်၍၊ သခင်ခရစ်တော် ဂတိထားတော်မူသော တန်ခိုးကို ချပေးတော်မူရန် သူတို့က တောင်းဆိုကြ၏။ ထိုအခါ သန့်ရှင်းသော ဝိ ညာဉ်တော်ကို သွန်းလောင်းချပေးတော်မူသဖြင့်၊ တစ်နေ့အတွင်း ထောင်ပေါင်းများစွာသော သူတို့သည် ပြောင်းလဲခြင်းသို့ ရောက်ကြ၏။CCB1 320.2

    ထိုအတူ ယခုကာလ၌လည်း ဖြစ်နိုင်ပေသည်။ ခရစ်ယာန် အပေါင်းတို့သည် ငြင်းခုံ ကွဲပြားခြင်း ရှိသမျှတို့ကို ပယ်ရှား၍ ပျောက်ဆုံးသော သူတို့ကို ကယ်တင်ခြင်း အလိုငှါ မိမိတို့ ကိုယ်ကို ဘုရားသခင်အား ပေးအပ်ကြပါစေ။ ယုံကြည်ခြင်းအားဖြင့် ဂတိထားတော်မူသော ကောင်းကြီးမင်္ဂလာကို သူတို့သည် တောင်းလျှောက်ကြပါစေ။ ထိုအခါ ၎င်းသည် သက်ရောက်လာလိမ့်မည်။ တမန်တော်တို့ လက်ထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို သွန်းလောင်းပေးခြင်း အမှုသည် “ပဋ္ဌမ မိုး” ဖြစ်၍ အကျိုးကျေးဇူးမှာလည်း အလွန် ကောင်းမြတ်၏။ သို့ရာတွင် နောက်မိုးသည် သာ၍ များပြားလိမ့်မည်။ ဤနောက်ဆုံးကာလ၌ အသက်ရှင်နေသော သူတို့အဖို့ ဂတိတော်ကား ဘယ်အရာ ဖြစ်သနည်း။ “အချုပ်ခံ၍ မျှော်လင့်သော သူတို့၊ ရဲတိုက်သို့ ပြန်လာကြလော့။ ငါသည် နှစ်ဆသော ကျေးဇူးကို ပြုဦးမည်ဟု ယနေ့ပင် ပြောထား၏။” “နောက် မိုးရွာရာ ကာလတွင် မိုးရွာစေမည် အကြောင်း၊ ထာဝရဘုရားထံတော်၌ ဆုတောင်းကြလော့။ ထာဝရဘုရားသည် လျှပ်စစ်ကို ပြင်ဆင်၍ များစွာသော မိုးရွာစေသဖြင့်၊ ခပ်သိမ်းသော လူတို့အဖို့ လယ်ပြင်၌ အပင်ပေါက်စေတော်မူမည်။ (ဇာခရိ၊ ၉: ၁၂။ ၁၀: ၁။) 28T 20, 21;CCB1 321.1