Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဥပုသ်စာဖြေကျောင်း။

    ဥပုသ်စာဖြေကျောင်း လုပ်ငန်း၏ ရည်ရွယ်ချက်မှာ ဝိညာဉ်များကို စုသိမ်းခြင်း ဖြစ်သည်။ လုပ်ငန်း အစီအစဉ်တို့သည် အပြစ်ကင်းလျက် လိုသမျှ သော အရာတို့ကို အလွယ်တကူ ရရှိနိုင်လိမ့်မည်။ သို့ရာတွင် ကလေးသူငယ်များ နှင့် ပျိုရွယ်သူတို့ကို သခင်ခရစ်တော်ထံ မခေါ်ဆောင်ခဲ့လျှင်၊ ဥပုသ်စာဖြေကျောင်းသည် အကျိုး မရှိ။ အကြောင်းမူကား ဝိညာဉ်များကို သခင်ခရစ်တော်ထံ မဆွဲဆောင်ခဲ့လျှင်၊ ဟန်မျှသာ ဖြစ်သော ဘာသာတရား၏ သြဇာအားဖြင့် သူတို့သည် မှန်သောတရား၌သာ စွဲလမ်း မှတ်သားခြင်း မရှိဘဲ ဖြစ်လာကြလိမ့်မည်။ သင်ကြားပြသ သူသည် အကူအညီ လိုသော သူတို့၏ စိတ်နှလုံးတံခါးကို ဖွင့်ပေးနေစဉ် အတူတကွ ပူးပေါင်း ဆောင်ရွက်ရမည်။ ဝိညာဉ်တော်က တောင်းပန်နေသည်ကို တပည့်များသည် လက်ခံကြလျက် သခင်ယေရှုသည် ဝင်ရောက်လာတော်မူမည် အကြောင်း စိတ်နှလုံးတံခါးကို ဖွင့်ပေးလျှင်၊ သူတို့သည် ဘုရားသခင်၏ အကြောင်းအရာများကို သိရှိနားလည်နိုင်မည် အကြောင်း ကိုယ်တော်သည် သူတို့၏ ဉာဏ်မျက်စိကို ဖွင့်ပေးတော်မူလိမ့်မည်။ သင်ကြားပြသ သူ၏ အလုပ်သည် လွယ်ကူ၏။ သို့ရာတွင် သခင်ယေရှု၌ ရှိသော စိတ်သဘောမျိုးနှင့် ဆောင်ရွက်လျှင် ဘုရားသခင်၏ ဝိညာဉ်တော် ပြုပြင်ခြင်းအားဖြင့် များစွာ အကျိုး ဖြစ်ထွန်းလိမ့်မည်။CCB1 100.3

    မိဘများတို့၊ နေ့စဉ် သင်၏ သားသမီးတို့ နှင့်အတူ ဥပုသ်စာဖြေကျောင်း သင်ခန်းစာကို လေ့ကျက် ဖတ်ရှုဖို့ရန် အချိန် အနည်းငယ်ကို ကန့်သတ်ထားပါ။ တတ်နိုင်လျှင် မိတ်ဆွေများထံ သွားရောက် လည်ပတ်ခြင်း အမှုကို ဖျက်ပယ်၍ သန့်ရှင်းသော ရာဇဝင်နှင့် ဆိုင်သော အဖိုးတန် သင်ခန်းစာများကို သင်ကြားပြသပေးဖို့ရန် အချိန်ကို ကုန်လွန်ပါစေ။ မိဘများ နှင့်တကွ သားသမီးတို့သည် ဤသို့ သင်ခန်းစာကို လေ့ကျက်ခြင်းဖြင့် အကျိုးခံစားရကြလိမ့်မည်။ သင်ခန်းစာနှင့် သက်ဆိုင်၍ အရေးကြီးသော ကျမ်းချက်များကို အလုပ်တာဝန်ကဲ့သို့ သဘောမထားဘဲ အခွင့်အရေးဟု မှတ်ယူလျက် အလွတ်ကျက်ရမည်။ မဋ္ဌမ၌ အလွတ်ကျက်ရာ၌ မေ့တတ်သော်လည်း၊ အမြဲ လေ့ကျင့်ပေးခြင်းဖြင့် မှတ်ဉာဏ် တိုးပွားလာသဖြင့် များမကြာမီ သမ္မာတရား၏ အဖိုးထိုက်သော စကားများကို စုဆောင်းမှတ်သားခြင်း အမှု၌ သင်သည် ပျော်မွေ့လာလိမ့်မည်။ ၎င်းပြင် ဤကဲ့သို့ လေ့ကျင့်ခြင်း အမှုသည် ဘာသာတရားရေး၌ တိုးတက်ကြီးပွားလာမှုတွင် အကျိုး အရှိဆုံးသော အကူအညီ တစ်ခု ဖြစ်လာလိမ့်မည်။CCB1 101.1

    သင်၏ အိမ်ထောင်တွင် ကျမ်းစာကို လေ့ကျက်ဖတ်ရှုရာတွင်၊ စည်းကမ်းစနစ်တို့ကို သေချာစွာ စစ်ဆေးကြည့်ရှုပါ၊ လောကီမှုရေးနှင့် ဆိုင်သော အရာတို့ကို ခေတ္တခဏ ဖယ်ထားပါ။ မလိုအပ်သော အဝတ်အထည် ချုပ်မှု၊ မလိုအပ် အရေးမကြီးလှသော စားစရာ ပြင်ဆင်မှုတို့ကိုလည်း ခဏလောက် ဖယ်ထားပြီး ဝိညာဉ်သည် အသက်မုန့်ကို ရရှိရေးအတွက် အသေအချာ စီမံပြုပြင်ပေးပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စိတ်ရွှင်လန်းစွာ နှင့် ရင်းနှီးစွာ ဆက်ဆံလျက် နေ့စဉ် တစ်နာရီလောက်၊ နာရီဝက်လောက် လေ့လာ ဖတ်ရှု ဆွေးနွေး တိုင်ပင်ကြခြင်းဖြင့် ခံစားရသော ကောင်းကျိုးကို ခန့်မှန်း ချင့်ချိန်ကြည့်ခြင်းငှါ မတတ်နိုင်ပါ။ သမ္မာကျမ်းစာကိုပင် အဓိပ္ပါယ် ရှင်းလင်းစေဖို့ အသုံးပြုလျက် ဖော်ပြထားသော အကြောင်းအရာနှင့် သက်ဆိုင်သော ရှင်းလင်းချက်တို့ကို မည်သည့် အချိန် မည်သည့် အခြေအနေမျိုး၌ မဆို ရရှိသောအခါတိုင်း ယူဆောင်စုဆောင်းထားကြပါ။ အိမ်၌ ကျင်းပနေသော ကျမ်းစာသင်တန်းကို ဧည့်သည်များအတွက် ဖြုတ်မပစ်ပါနှင့်။ ကျမ်းစာသင်နေစဉ် သူတို့ ရောက်လာလျှင်၊ သူတို့ကိုလည်း ပါဝင် သင်ကြားစေရန် ခေါ်ဖိတ်ပါ။ လောကီ အမြတ်အစွန်း လောကီ ပျော်မွေ့ခြင်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိကျွမ်းခြင်း ပညာကို ရရှိဖို့ သာ၍ အရေးကြီးသည်ဟု ထင်မှတ်ကြောင်းကို ထင်ရှားစွာ ပြပါ။CCB1 102.1

    အချို့သော ဥပုသ်စာဖြေကျောင်းများတွင် စာအုပ်ထဲမှ သင်ခန်းစာများကို ဖတ်ပြနေသော အလေ့အကျင့် ဖြစ်နေသည်ကို တွေ့ရသည်မှာ ဝမ်းနည်းစရာ ဖြစ်ပေသည်။ ဤကဲ့သို့ မပြုရ။ အသုံးမကျသော အမှု၊ သို့မဟုတ် အပြစ်ဒုစရိုက်နှင့် ပြည့်ဝသော အမှုတို့၌ပင် မကြာခဏ အသုံးပြုရသော အချိန်ကို ကျမ်းစာ၌ လေ့ကျက်ဖတ်ရှုရန် အသုံးပြုခဲ့လျှင်၊ ဤကဲ့သို့ သင်ခန်းစာကို အတန်းထဲ၌ ဖတ်ပြဖို့ မလို။ ကျောင်းမှ သင်ခန်းစာများထက် ဥပုသ်စာဖြေကျောင်း သင်ခန်းစာတို့ကို သင်ကြားပြသူ နှင့် တပည့်များတို့သည် စုံလင်စွာ မလေ့ကျက်နိုင်စရာ အကြောင်း မရှိ၊ ၎င်းတို့သည် သာ၍ အရေးကြီးသော အကြောင်းအရာများနှင့် သက်ဆိုင်သောကြောင့် ဥပုသ်စာဖြေကျောင်း သင်ခန်းစာများကို သာ၍ လေ့ကျက် ဖတ်ရှုသင့်သည်။ ၎င်းသင်ခန်းစာတို့ကို ဂရုမစိုက်ဘဲ နေခြင်း အမှုကို ဘုရားသခင် နှစ်သက်တော်မမူ။CCB1 102.2

    ဥပုသ်စာဖြေကျောင်းတွင် သင်ကြားပြသပေးရသော သူသည် ဘုရားသခင်၏ သမ္မာတရားအားဖြင့် စိတ်အားထက်သန်ခြင်း၊ ဝိညာဉ်ခွန်အား တိုးပွားခြင်း ရှိရလျက် နှုတ်ကပတ် တရားကို ကြားနာရုံသာ မဟုတ်ဘဲ တရားအတိုင်း ကျင့်သော သူ ဖြစ်ရမည်။ စပျစ်ပင်မှ ၎င်း၏ အကိုင်းအခက်တို့သည် အာဟာရဓါတ်ကို ရသည်နည်းတူ သူတို့သည် သခင်ခရစ်တော်ထံ၌ ဝိညာဉ် အာဟာရကို ရရှိသင့်ကြသည်။ ဘုရားသခင်၏ ဥယျာဉ်တော်ထဲတွင် ရှိသော ပန်းများကဲ့သို့ မိမိတို့၏ အဖူးများကို ပွင့်စေပြီး ကျေးဇူးတင်သော သဘောတည်းဟူသော အမွှေးနံ့ ထွက်စေသော အဖိုးတန် အပင်များကဲ့သို့ သူတို့၏ စိတ်နှလုံးကို ဖြစ်စေမည် အကြောင်း၊ ကောင်းကင်ကျေးဇူးတော် တည်းဟူသော နှင်းပေါက်တို့သည် သူတို့အပေါ်သို့ ကျဆင်းလာရကြမည်။ သင်ကြားပြသပေးသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြိုးစားလေ့ကျက် ဖတ်ရှုသော သူ ဖြစ်၍၊ သူတို့သည် သခင်ခရစ်တော်၏ ကျောင်းတွင် နေ့စဉ် သင်ခန်းစာများကို ဖတ်ရှုလေ့ကျက်လျက်၊ ဤလောက၏ အလင်း ဖြစ်သော ဆရာသမားကြီးထံမှ မိမိတို့ ရရှိသော အလင်းကို အခြားသူတို့အား တစ်ဆင့် ဝေမျှပေးနိုင်သော သူများ ဖြစ်ကြကြောင်းကို အမြဲ ထင်ရှားစေရကြမည်။CCB1 103.1

    ဥပုသ်စာဖြေကျောင်း အမှုဆောင်များကို တစ်ခါတစ်ခါ ရွေးချယ်သော အခါ၌ မျက်နှာလိုက်၍ ခန့်ထားခြင်းကို မပြုအပ်ပါ။ ဘုရားသခင်ကို ချစ်၍ ကြောက်ရွံ့ ရိုသေလျက် ဘုရားသခင်ကို မိမိတို့၏ တိုင်ပင်ဖက်ကဲ့သို့ သဘောထားသော သူတို့ကိုသာ ထိုသို့သော တာဝန်ကို လွှဲအပ်ပေးရသည်။ 102TT 557-566.CCB1 103.2