Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၁၃။—အသင်းတော် တည်ထောင်ခြင်း။

    သခင်ခရစ်တော် ပေးအပ်တော်မူသော တာဝန်ကို တစ်စုံတစ်ယောက်သည် ပြီးမြောက်စေရမည်။ ကိုယ်တော်သည် မြေကြီးပေါ်၌ အစပြုတော်မူခဲ့သော အမှုတော်ကို ဆက်လက် ဆောင်ရွက်ရမည်။ ၎င်းပြင် အသင်းတော်အား ဤအခွင့်အရေးကို ပေးအပ်ခဲ့လေပြီ။ ဤရည်ရွယ်ချက်ဖြင့် အသင်းတော်ကို တည်ထောင်ထားလေပြီ။16T 295;CCB1 217.1

    သင်းအုပ်ဆရာများသည် စည်းကမ်းစနစ်ကို နှစ်သက်၍ မိမိတို့ ကိုယ်တိုင် စည်းစနစ် ရှိရန် သွန်သင် လေ့ကျင့်ခြင်း ပြုအပ်သည်။ ထိုနောက် သူတို့သည် ဘုရားသခင်၏ အသင်းတော်ကို အောင်မြင်စွာ သွန်သင် ဆုံးမနိုင်လျက် ကောင်းစွာ လေ့ကျင့်ထားသော စစ်သား တစ်စုကဲ့သို့ သူတို့အား ညီညွတ်မျှတစွာ အမှု ဆောင်ရွက်နိုင်စေရန် သင်ကြားပေးနိုင်လိမ့်မည်။ စစ်ပွဲထဲ၌ အောင်မြင်ခြင်း ရရှိစေဖို့ရန် လေ့ကျင့်နည်း နှင့် စည်းကမ်းကို လိုလျှင်၊ ကျွန်ုပ်တို့ တိုက်ခိုက်ရသော စစ်ပွဲတွင် ၎င်းတို့ကို သာ၍ပင် လိုပေသည်။ အကြောင်းမူကား ကျွန်ုပ်တို့ ရသင့်သော အရာသည် သဘောအားဖြင့် စစ်ပွဲ၌ ရန်သူတို့ အလိုရှိသော အရာများထက် သာ၍ ထိုက်တန် သာ၍ မြင့်မြတ်သည်။ ကျွန်ုပ်တို့ တိုက်ခိုက်ရသော စစိပွဲတွင် ထာဝရ အကျိုးအတွက် စွန့်စားရကြသည်။CCB1 217.2

    ကောင်းကင်တမန်တို့သည် ညီညွတ်စွာ လုပ်ဆောင်ကြသည်။ သူတို့၏ လှုပ်ရှားမှုတို့တွင် သေချာသော စည်းကမ်းစနစ်ကို ထင်ရှားစွာ တွေ့ရသည်။ ကောင်းကင်ဗိုလ်ခြေတို့၏ ညီညွတ်မှု နှင့် စည်းကမ်းစနစ်ကို ကျွန်ုပ်တို့သည် သာ၍ တူအောင် အတုခိုးကြလေလေ၊ ကျွန်ုပ်တို့အတွက် ဤ ကောင်းကင် ကိုယ်စားလှယ်တို့က ကြိုးစားဆောင်ရွက်မှုသည် သာ၍ အောင်မြင်လေလေ ဖြစ်၏။ အထက်အရပ်မှ ဝိညာဉ်တော်အားဖြင့် ဘိသိက်ပေးခြင်း ခံရသော သူတို့သည် မိမိတို့ ကြိုးစားအားထုတ်မှု ရှိသမျှတွင်စည်းကမ်းစနစ်၊ ဆုံးမသွန်သင်ခြင်း နှင့် အလုပ်၌ စည်းလုံးခြင်းတို့ကို အားပေးကြလိမ့်မည်။ ထိုအခါ ဘုရားသခင်၏ ကောင်းကင်တမန်များက သူတို့နှင့် ကူညီ ဆောင်ရွက်ပေးနိုင်လာကြလိမ့်မည်။ သို့ရာတွင် ထိုကောင်းကင်တမန်တို့ သည် မညီညာခြင်း၊ ဖရိုဖရဲ ဖြစ်ခြင်း၊ စည်းကမ်းစနစ် မရှိခြင်း အမှုတို့ကို မည်သည့်အခါမျှ ထောက်ခံကြလိမ့်မည် မဟုတ်။ ကျွန်ုပ်တို့၏ အင်အားကို နည်းသွားစေရန်၊ စိတ်ပျက်စေရန် နှင့် မအောင်မြင်စေရန် စာတန်က ကြိုးစားနေသောကြောင့် ဤကဲ့သို့ မကောင်းသော အမှုများ ဖြစ်ပေါ်လာရပေသည်။CCB1 217.3

    စည်းကမ်းစနစ် ရှိ၍ ညီညွတ်သော အပြုအမူ ရှိမှသာ အောင်မြင်ခြင်း ရှိနိုင်ကြောင်းကို စာတန်သည် ကောင်းစွာ သိရှိ၏။ ကောင်းကင်နှင့် ဆက်သွယ်သော အရာ ရှိသမျှသည် လုံးလုံး စည်းကမ်း ရှိကြောင်း၊ ကောင်းကင်ဗိုလ်ခြေတို့၏ လှုပ်ရှားမှုတွင် သြဇာခံခြင်း၊ စည်းကမ်း သေဝပ်ခြင်း တွေ့ရကြောင်းကို စာတန်သည် ကောင်းစွာ သိ၏။ ခရစ်ယာန်ဟု ခေါ်နေသော သူတို့အား ကောင်းကင်က စီမံပေးသော အမှုနှင့် ဝေးနိုင်သမျှ ဝေးအောင် လမ်းပြ ခေါ်ဆောင်သွားရန် သူသည် သေချာစွာ လေ့လာကြိုးစားနေ၏။ ထိုကြောင့် သူသည် ဘုရားသခင်၏ လူများဟု ခေါ်နေသော လူများကိုပင် လှည့်ဖြား၍ စည်းကမ်း သေဝပ်ခြင်း၊ စည်းကမ်းအတိုင်း လေ့ကျင့်ခြင်းတို့သည် ဝိညာဉ်ရေး ကိစ္စအတွက် ရန်သူ ဖြစ်သည်၊ သူတို့အတွက် ဘေးကင်းသော နည်းမှာ ကိုယ့်လမ်းကို ကိုယ် လိုက်ခြင်း၊ ၎င်းပြင် စည်းလုံးခြင်း ရှိလျက် စည်းကမ်း သေဝပ်ခြင်း နှင့် အလုပ်တွင် ညီညွတ်ခြင်း ရှိဖို့ ကြိုးစားအားထုတ်နေသော ခရစ်ယာန် အစုအဝေးတို့နှင့် အထူးသဖြင့် ဝေးဝေး ခွါနေခြင်းသာလျှင် ဖြစ်သည်ဟု သူတို့အား ထင်မှတ်ယုံကြည်စေ၏။ စည်းကမ်းသေဝပ်ခြင်း ရှိဖို့ ကြိုးစားအားထုတ်ခြင်း အမှု အပေါင်းသည် ဘေးဖြစ်စေ၍ ဖြောင့်မှန်သော လွတ်လပ်ရေးကို ချုပ်ချယ်ခြင်း ဖြစ်လျက် ဗရင်ဂျီ ဘာသာ ကဲ့သို့ ကြောက်စရာ ကောင်းသည်ဟု သဘောထားကြ၏။ မိမိတို့ သဘောအတိုင်း ဆင်ခြင် တွေးတော၍ ပြုမူလုပ်ကိုင်ခြင်း အကြောင်းကို ကြွားဝါ ပြောဆိုရခြင်းသည် ပါရမီ တစ်ခု ဖြစ်သည်ဟု လှည့်ဖြားခြင်း ခံရသော ဤဝိညာဉ်များက ထင်မှတ်ကြသည်။ သူတစ်စုံတစ်ယောက်က ပေးသော အကြံအစည်ကို သူတို့သည် ခံယူလိမ့်မည် မဟုတ်။ သူတို့သည် မည်သူ၏ ပြောဆိုခြင်းကိုမျှ ဝန်မခံ။ မိမိတို့ ကိုယ်တိုင် ထွက်ခွာလာ၍ ညီအစ်ကိုတို့ကို အားမကိုးဘဲ မိမိတို့ နှစ်သက်ရာ လမ်းကို ရွေးချယ်ခြင်းသည် သူတို့အတွက် ဘု ရားသခင်၏ စီမံချက် ဖြစ်သည်ဟု လူတို့ကို ထင်မှတ်စေခြင်းသည် စာတန်၏ ထူးခြားသော အလုပ် ဖြစ်သည်ဟု ကျွန်ုပ်အား ဖော်ပြထား၏။2IT 649,650;CCB1 218.1

    ဘုရားသခင်သည် မိမိ၏ အသင်းတော်အား မြေကြီးပေါ်၌ အလင်းကို တစ်ဆင့် ချပေးသော လမ်းကြောင်း ဖြစ်စေတော်မူ၍၊ ၎င်းအားဖြင့် မိမိ၏ အကြံအစည် နှင့် အလိုတော်ကို ဖော်ပြတော်မူ၏။ အသင်းတော် ကိုယ်တိုင်၏ ဗဟုသုတနှင့် မသက်ဆိုင်၊ ဆန့်ကျင်ဘက် ဖြစ်သော ဗဟုသုတကို ဘုရားသခင်သည် မိမိ၏ ကျွန် တစ်ယောက်ယောက်အား ပေးတော်မမူပါ။ သခင်ခရစ်တော်၏ ကိုယ်ကာယ ဖြစ်သော အသင်းတော်အား မှောင်မိုက်၌ တည်ရှိနေစေလျက်၊ အသင်းတော် တစ်ခုလုံးအတွက် ဘုရားသခင်၏ အလိုတော်ကို သိကျွမ်းခြင်း ပညာကို ဘုရားသခင်သည် လူတစ်ယောက်အား ပေးတော် မမူပါ။ သူတို့သည် မိမိတို့ ကိုယ်၌ အနည်းငယ်သာ အားကိုးလျက် အမှုတော် တိုးတက်စေရန် ဘုရားသခင် လမ်းပြတော်မူသော အခြား သူတို့၌ သာ၍ များစွာ အားကိုးနိုင်မည် အကြောင်း၊ ဘုရားသခင်သည် မိမိ၏ ကျွန်များကို မိမိ၏ အသင်းတော်နှင့် ဆက်သွယ်စေရန် စီမံထားတော်မူ၏။3AA 163;CCB1 219.1