Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၁၈။—လူ၏ ပုံသဏ္ဍာ ရှိသော ဘုရားသခင်၌ ယုံကြည်ခြင်း။

    နောက်ဆုံး ဆုံးဖြတ်ချက် ပြုရသော နေ့၌ ဘုရားသခင်သည် လူတိုင်းတို့ကို အမည်နာမဖြင့် သိကျွမ်းတော်မူကြောင်းကို တွေ့ရှိရလိမ့်မည်။ အသက်တာ၏ အပြုအမူတိုင်းတို့အတွက် လူမမြင်နိုင်သော သက်သေများ ရှိပေသည်။ “မီးခွက် ခုနစ်လုံး အလယ်၌ သွားလာသော သူ” က “သင် အကျင့်ကျင့်ခြင်း … ကို ငါသိ၏” ဟု မိန့်တော်မူ၏။ (ဗျာ၊ ၂: ၁။) မည်ကဲ့သို့သော အခွင့်အရေးများကို ဂရုမစိုက်ဘဲ နေခဲ့သည်ကို သိရှိရသည်။ ကောက်သော လမ်းများ၌ လှည့်လည်နေသော သူတို့ကို ရှာဖွေ၍ ဘေးကင်း ငြိမ်သက်သော လမ်းသို့ ပို့ဆောင်ရန် ကောင်းသော သိုးထိန်းကြီးသည် မည်မျှ မပင်မပန်း ကြိုးစားနေသည်ကို သိရှိရသည်။ လောကီ ပျော်မွေ့ခြင်းကို နှစ်သက်သော သူများကို ဘုရားသခင်သည် ထပ်ခါထပ်ခါ ခေါ်တော်မူပြီ။ သူတို့သည် ဘေးကို မြင်၍ ကင်းလွတ်မည် အကြောင်း၊ ဘုရားသခင်သည် သူတို့၏ လမ်းခရီးတွင် နှုတ်ကပတ်တော် အလင်းကို ထပ်ခါထပ်ခါ ထွန်းလင်းစေတော်မူပြီ။ သို့ရာတွင် သူတို့ကို စုံစမ်းခြင်း ကာလသည် ကုန်ဆုံးသည် တိုင်အောင်၊ သူတို့သည် ပြောင်လှောင် ကျီစယ်လျက် ကျယ်သော လမ်းခရီးတွင် ဆက်လက် သွားနေကြ၏။ ဘုရားသခင်၏ လမ်းများသည် ဖြောင့်မှန်၍ ညီမျှကြ၏။ ၎င်းပြင် လျော့နေသည်ကို တွေ့ရသော သူတို့အား စီရင်ချက် ချသောအခါ၊ ပါးစပ်တိုင်းသည် ပိတ်နေရလိမ့်မည်။15T 435; (2) 8T 263-273.CCB1 269.1

    သဘာဝ တစ်ခုလုံးကို ပြုပြင် စီမံနေ၍ အရာခပ်သိမ်းတို့ကို ထောက်မနေသော အလွန် ကြီးသော တန်ခိုးမှာ အချို့သော လောကဓါတ် ပညာရှိများ ဖော်ပြသည်အတိုင်း နေရာတကာ နှံ့ပြန့်နေသော အခြေခံ ဥပဒေ၊ လှုံ့ဆော်သော သတ္တိသာ မဟုတ်ပါ။ ဘုရားသခင်သည် နာမ်ဝိညာဉ် ဖြစ်တော်မူ၏။ သို့ရာတွင် လူကို မိမိ၏ ပုံသဏ္ဍာနှင့် ဖန်ဆင်းတော်မူသောကြောင့် ဘုရားသခင်သည် လူပုံသဏ္ဍာန် ရှိသော ပုဂ္ဂုလ် ဖြစ်တော်မူ၏။CCB1 269.2

    သဘာဝတွင် တွေ့ရှိရသော ဘုရားသခင်၏ လက်ရာတော်များသည် သဘာဝတွင် ဖော်ပြထားသော ဘုရား ကိုယ်တော်တိုင် ဖြစ်သည် မဟုတ်။ သ ဘာဝတွင် တွေ့ရှိရသော အရာများတို့သည် ဘုရားသခင်၏ ဂုဏ်တော်၊ သဘောတော်ကို ဖော်ပြထင်ရှားစေခြင်း ဖြစ်ပေသည်။ ၎င်းတို့အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ မေတ္တာတော်၊ ဘုရားသခင်၏ တန်ခိုးတော် နှင့် ဘုရားသခင်၏ ဘုန်းတော်တို့ အကြောင်းကို သိရှိနားလည်နိုင်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် သဘာဝကို ဘုရားကဲ့သို့ သဘောမထားရ။ လူတို့ ထူးခြားသော အစွမ်းသတ္တိအားဖြင့် အလွန် လှပသော အရာဝတ္ထု၊ ကြည့်ရှု၍ နှစ်သက်ဖွယ်သော ဝတ္ထုတို့ကို ဖြစ်စေလေပြီ။ ဤအရာတို့သည် ၎င်းတို့ကို ပြုလုပ် စီမံသော သူ၏ သဘောကို ကျွန်ုပ်တို့အား ဖော်ပြကြ၏။ သို့သော် ထိုသို့ ပြုလုပ်ထားသော အရာတို့သည် လူ မဟုတ်။ ချီးမွမ်းခြင်း ခံရသည်မှာ အလုပ် မဟုတ်ဘဲ လုပ်ကိုင် ဆောင်ရွက်သော သူ ဖြစ်၏။ ထို့အတူ သဘာဝသည် ဘုရားသခင်၏ သဘောတော်ကို ထင်ရှားစေသော အရာ ဖြစ်သော်လည်း၊ ချီးမြှောက်အပ်သော အရာသည် သဘာဝ မဟုတ်ဘဲ၊ သဘာဝကို ပြုပြင်တော်မူသော ဘုရားသခင် ဖြစ်တော်မူ၏။CCB1 269.3

    လူကို ဖန်ဆင်းရာ၌ လူပုံသဏ္ဍာန် ရှိတော်မူသော ဘုရားသခင်၏ ကိုယ်စားတော်ကို ထင်ရှားစေ၏။ ဘုရားသခင်သည် လူကို မိမိ၏ ပုံသဏ္ဍာန်နှင့် အညီ ပြုလုပ်တော်မူစဉ် အခါက၊ လူပုံသဏ္ဍာန်သည် အရာခပ်သိမ်း ပြုပြင်ထားသမျှတွင် စုံလင်လျက် ရှိသော်လည်း ၎င်းတွင် အသက် မရှိသေး။ ထိုနောက် လူပုံသဏ္ဍာန် ရှိလျက် အလိုအလျောက် တည်ရှိနေတော်မူသော ဘုရားသခင်သည် ထိုပုံသဏ္ဍာန်ထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူသော အခါ လူသည် အသက် ရှိ၍ သိနားလည်တတ်သော သတ္တဝါ ဖြစ်လာ၏။ လူ၏ ကိုယ်ခန္ဓာ အင်္ဂါ အစိတ်အပိုင်း အားလုံးသည် လှုပ်ရှားလာကြ၏။ နှလုံး၊ သွေးလွှတ်ကြော၊ သွေးပြန်ကြော၊ လျှာ၊ လက်များ၊ ခြေများ၊ အာရုံ ငါးပါး၊ စိတ်၏ ထင်မြင်မှုမှ စ၍ အားလုံးတို့သည် မိမိတို့၏ လုပ်ငန်းများကို အစပြု လုပ်ဆောင်ကြ၍၊ ထိုအရာ အားလုံးသည် ဥပဒေ ပညတ် လက်အောက်၌ တည်ရှိလာ၏။ လူသည် အသက်ရှင်သော သတ္တဝါ ဖြစ်လာ၏။ သခင်ခရစ်တော်အားဖြင့် လူပုံသဏ္ဍာန် ရှိသော ဘုရားသခင်သည် လူကို ဖန်ဆင်းတော်မူပြီးလျှင်၊ လူအား သိနားလည်တတ်သော ဉာဏ် နှင့် အစွမ်းသတ္တိကို ပေးတော်မူ၏။CCB1 270.1

    ကျွန်ုပ်တို့ကို ဆိတ်ကွယ်ရာ အရပ်၌ ဖန်ဆင်းတော်မူသောအခါ၊ ကျွန်ုပ်တို့၏ ကိုယ်ကာယကို ကိုယ်တော်ထံမှ ဝှက်ထားသည် မဟုတ်ပါ။ ကိုယ်တော် သည် မစုံလင်သော ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကို မြင်တော်မူပြီး ၎င်းပြင် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများသည် မတည်မရှိသေးမီကပင်၊ ကိုယ်တော်၏ စာစောင်၌ ၎င်းတို့ကို ရေးမှတ်ထားတော်မူပြီ။CCB1 270.2

    အောက်ကျသော သတ္တဝါများတို့တွင် ဖန်ဆင်းခြင်း၏ အထွန်ဋ်အထိပ် ဖြစ်သော လူသည် ဘုရားသခင်၏ သဘောတော်ကို ဖော်ပြလျက် ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေရမည်ဟု ဘုရားသခင်က စီမံကြံစည်ထားတော်မူ၏။ သို့ရာတွင် လူသည် ဘုရားကဲ့သို့ မိမိ ကိုယ်ကို မချီးမြှောက်ရ။2CCB1 271.1